ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ဆုံးမပဲ့ပြင်မှု၏ရည်ရွယ်ချက်ကို သဘောပေါက်ခြင်း
    ကင်းမျှော်စင်—၂၀၀၃ | အောက်တိုဘာ ၁
    • သို့ရာတွင် သမ္မာကျမ်းစာက ဆုံးမပဲ့ပြင်မှုကို ခြားနားစွာဖော်ပြထားသည်။ ပညာရှိရှင်ဘုရင် ရှောလမုန်က “ငါ့သား ထာဝရဘုရား[သခင်] ဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့်” ဟုရေးသားခဲ့သည်။ (သု. ၃:၁၁) အဆိုပါစကားများက ယေဘုယျဆုံးမပဲ့ပြင်မှုမဟုတ်ဘဲ ဘုရားသခင်၏မြင့်မြတ်သောမူများအပေါ် အခြေခံထားသော ဆုံးမပဲ့ပြင်မှုဖြစ်သည့် ‘ထာဝရဘုရားသခင် ဆုံးမတော်မူခြင်း’ ကိုရည်ညွှန်းနေခြင်းဖြစ်သည်။ ဤသို့သောဆုံးမပဲ့ပြင်မှုသာလျှင် ဝိညာဉ်ရေးအရ အကျိုးဖြစ်ထွန်းပြီး နှစ်လိုဖွယ်ပင်ကောင်း၏။ ယင်းနှင့်ခြားနားစွာ ယေဟောဝါ၏မြင့်မြတ်သောမူများနှင့် ဆန့်ကျင်သည့် လူ့အတွေးအခေါ်အပေါ် အခြေခံထားသော ဆုံးမပဲ့ပြင်မှုသည် ကြမ်းတမ်းကာ စိတ်နာကျင်စေတတ်၏။ ၎င်းကြောင့် လူအများသည် ဆုံးမပဲ့ပြင်မှုကို အပျက်သဘောဖြင့် ရှုမြင်ခြင်းဖြစ်သည်။

      ယေဟောဝါ၏ဆုံးမပဲ့ပြင်မှုကို လက်ခံပါဟု ကျွန်ုပ်တို့ကို အဘယ်ကြောင့်တိုက်တွန်းထားသနည်း။ ဘုရားသခင့်ရေးရာ ဆုံးမပဲ့ပြင်မှုသည် လူသတ္တဝါများကို ကိုယ်တော်မေတ္တာရှိကြောင်း တင်ပြခြင်းဖြစ်သည်ဟု သမ္မာကျမ်းစာက ဖော်ပြ၏။ သို့ဖြစ်၍ ရှောလမုန်က ဤသို့ဆက်ဆိုသည်– “ထာဝရဘုရား[သခင်]သည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ နှစ်သက်တော်မူသောသားကို ဒဏ်ခတ်တော်မူတတ်၏။”—သု. ၃:၁၂။

      ဆုံးမပဲ့ပြင်ခြင်းလော၊ အပြစ်ပေးခြင်းလော —အဘယ်အရာနည်း

      သမ္မာကျမ်းစာတွင် ဖော်ပြထားသော ဆုံးမပဲ့ပြင်မှုသည် အသွင်အမျိုးမျိုးရှိ၏၊ ၎င်းတို့မှာ လမ်းညွှန်ခြင်း၊ သွန်သင်ခြင်း၊ လေ့ကျင့်ခြင်း၊ အပြစ်တင်ခြင်း၊ တည့်မတ်ပေးခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းပင်ပါဝင်သည်။ သို့သော် ယေဟောဝါသည် ဆုံးမပဲ့ပြင်ပေးတိုင်း မေတ္တာနှင့်ဆုံးမပြီး ၎င်း၏ရည်ရွယ်ချက်မှာ လက်ခံနားထောင်သူကို အကျိုးရှိစေရန်ဖြစ်သည်။ ယေဟောဝါ၏ပဲ့ပြင်တည့်မတ်ပေးမှုသည် အပြစ်ဒဏ်ပေးဖို့သာမဟုတ်ချေ။

  • ဆုံးမပဲ့ပြင်မှု၏ရည်ရွယ်ချက်ကို သဘောပေါက်ခြင်း
    ကင်းမျှော်စင်—၂၀၀၃ | အောက်တိုဘာ ၁
    • အဆိုပါအပြစ်ဒဏ်များသည် မည်သည့်သဘောမျိုးဖြင့် “နောင်၌ မတရားသောအကျင့်ကို ကျင့်အံ့သောသူတို့အား ပုံသက်သေကို ထားတော်မူ” သနည်း။ သက်သာလောနိတ်မြို့သားများထံ ပေးပို့သော ပေါလု၏စာတွင် ဘုရားသခင်က မိမိ၏သားတော် ယေရှုခရစ်အားဖြင့် “ဘုရားသခင်ကို မသိသောသူ၊ . . . ဧဝံဂေလိတရားကို နားမထောင်သောသူတို့ကို . . . ဒဏ်ပေးတော်မူ” မည့်အချိန်သည် ကျွန်ုပ်တို့၏ခေတ်ကာလဖြစ်သည်ဟု ဖော်ပြ၏။ ပေါလုက “ထိုသူတို့သည် . . . ထာဝရပျက်စီးခြင်းတည်းဟူသော အပြစ်ဒဏ်ကို ခံရကြလတ္တံ့” ဟုထပ်လောင်းဖော်ပြခဲ့သည်။ (၂ သက်သာလောနိတ် ၁:၈-၁၀) ဤသို့သောအပြစ်ဒဏ်ပေးခြင်းသည် အပြစ်ဒဏ်ခံယူသူများကို သွန်သင်ပေးရန် သို့မဟုတ် တိုးတက်ကောင်းမွန်လာစေရန် မရည်ရွယ်ပေ။ သို့သော် ယေဟောဝါသည် မိမိအားဝတ်ပြုသူများ မိမိ၏ဆုံးမပဲ့ပြင်မှုကို ခံယူရန် ဖိတ်ခေါ်သောအခါ နောင်တမယူသော အပြစ်သားများအား အပြစ်ဒဏ်ပေးခြင်းကို ရည်ညွှန်းနေခြင်းမဟုတ်ချေ။

      သမ္မာကျမ်းစာက ယေဟောဝါအား အပြစ်ဒဏ်ပေးသူအဖြစ် အဓိကမဖော်ပြထားသည်မှာ ထူးခြားပါသည်။ ၎င်းအစား၊ ကိုယ်တော်ကို မေတ္တာရှိသွန်သင်ရှင်နှင့် စိတ်ရှည်သောလေ့ကျင့်ပေးရှင်အဖြစ် အများဆုံးဖော်ပြလေ့ရှိသည်။ (ယောဘ ၃၆:၂၂; ဆာလံ ၇၁:၁၇; ဟေရှာယ ၅၄:၁၃) မှန်ပါသည်၊ ပဲ့ပြင်တည့်မတ်ပေးရန် ရည်ရွယ်ချက်ဖြင့် ဘုရားသခင့်ရေးရာဆုံးမပဲ့ပြင်မှုသည် မေတ္တာ၊ စိတ်ရှည်မှုတို့နှင့် အစဉ်ဒွန်တွဲနေ၏။ ဆုံးမပဲ့ပြင်မှု၏ရည်ရွယ်ချက်ကို သဘောပေါက်ခြင်းအားဖြင့် ခရစ်ယာန်များသည် စိတ်ထားမှန်နှင့် ဆုံးမပဲ့ပြင်ခြင်းကို ခံယူကျင့်သုံးရန် အသင့်ရှိစေ၏။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ