ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • “ဉာဏ်ပညာကို ရှာ၍ရသောသူသည် မင်္ဂလာရှိ၏”
    ကင်းမျှော်စင်—၂၀၀၁ | မတ် ၁၅
    • ‘ကြွေးကြော်လျက်ရှိ၏’

      နယပုံပြင်အခန်းကြီး ၈ [သမ္မာ] သည်အဖြေမလိုသော ဤမေးခွန်းဖြင့်စတင်ခဲ့သည်– “ပညာ [“ဉာဏ်ပညာ၊” ကဘ] သည်ခေါ်၍ ဉာဏ် [“ပိုင်းခြားသိမြင်မှု၊” ကဘ] သည်မိမိအသံကို လွှင့်သည်မဟုတ်လော။”a မှန်သည်၊ ဉာဏ်ပညာနှင့်ပိုင်းခြားသိမြင်မှုသည် ဟစ်ခေါ်နေ၏၊ သို့သော် မှောင်သောနေရာများတွင် ချောင်းမြောင်းစောင့်နေပြီး တစ်ကိုယ်ရည်မနူးမနပ်လူငယ်တစ်ဦးကို သွေးဆောင်စကားများတီးတိုးပြောဆိုသည့် အကျင့်ပျက်အမျိုးသမီးနှင့်လုံးဝမတူချေ။ (သု. ၇:၁၂) “လမ်းနား၊ မြင့်ရာအရပ်များ၌လည်းကောင်း၊ လမ်းဆုံ၌လည်းကောင်းရပ်နေ၏။ မြို့ဝင်ရာတံခါး၊ တံခါးဝများ၌ ကြွေးကြော်” လျက်ရှိ၏။ (သု. ၈:၁-၃၊ သမ္မာ) အသံအောင်ပြီး,ပြတ်သားသော ဉာဏ်ပညာ၏အသံကို လူအများရှိရာ ဂိတ်များ၊ လမ်းဆုံများ၊ မြို့အဝင်ဝများတို့တွင် ကျယ်လောင်စွာပီပီပြင်ပြင်ကြားရသည်။ လူတို့သည် ထိုအသံကို အလွယ်တကူကြားပြီး တုံ့ပြန်နိုင်ကြသည်။

      မှုတ်သွင်းခံဘုရားသခင့်နှုတ်မြွက်စကားတော် သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသော ဘုရားရေးရာဉာဏ်ပညာကိုရရှိလိုသူ ကမ္ဘာပေါ်မှလူတိုင်းနီးပါး ရနိုင်သည်ကို မည်သူငြင်းနိုင်မည်နည်း။ “သမ္မာကျမ်းစာသည် သမိုင်းတွင် အကျယ်ပြန့်ဆုံးဖတ်ရှုသည့် စာအုပ်တစ်အုပ်ဖြစ်သည်” ဟုကမ္ဘာ့စာအုပ်စွယ်စုံကျမ်းကဆိုသည်။ ယင်းကဤသို့ထပ်လောင်းဆိုသည်– “အခြားမည်သည့်စာအုပ်ထက်မဆို သမ္မာကျမ်းစာ၏မိတ္တူများစွာကို ဖြန့်ချိခဲ့ပြီ။ သမ္မာကျမ်းစာကို အခြားမည်သည့်စာအုပ်ထက်မဆို အကြိမ်ရေပို၍၊ ဘာသာစကားပို၍လည်း ဘာသာပြန်ဆိုခဲ့ပြီ။” သမ္မာကျမ်းစာတစ်အုပ်လုံး သို့မဟုတ် ၎င်း၏အစိတ်အပိုင်းများကို ဘာသာစကားနှင့်လူမျိုးစုငယ်ဘာသာစကား ၂,၁၀၀ ကျော်ဖြင့်ရရှိနိုင်သောကြောင့် လူ့မိသားစု ၉၀ ရာခိုင်နှုန်းကျော်သည် ဘုရားသခင့်နှုတ်မြွက်စကားတော် အနည်းဆုံးတစ်စိတ်တစ်ပိုင်းကို သူတို့၏ကိုယ်ပိုင်ဘာသာစကားဖြင့် ရရှိနိုင်ကြပြီဖြစ်သည်။

      ယေဟောဝါသက်သေများသည် ကျမ်းစာသတင်းတရားကို နေရာတိုင်းတွင် လူသိရှင်ကြားကြေညာလျက်ရှိကြသည်။ နိုင်ငံပေါင်း ၂၃၅ နိုင်ငံတွင် သူတို့သည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို တက်ကြွစွာဟောပြောကာ ဘုရားသခင့်နှုတ်မြွက်စကားတော်တွင် တွေ့ရှိရသည့် အမှန်တရားကို လူတို့အား သွန်သင်ပေးလျက်ရှိသည်။ သူတို့၏ကျမ်းစာအခြေပြုဂျာနယ်များဖြစ်သော ဘာသာစကားပေါင်း ၁၄၀ ဖြင့်ထုတ်ဝေသည့် ကင်းမျှော်စင် နှင့်ဘာသာစကားပေါင်း ၈၃ ဘာသာဖြင့်ပုံနှိပ်သည့် နိုးလော့! အသီးသီးတို့ကို သန်းပေါင်း ၂၀ ကျော် ဖြန့်ချိလျက်ရှိကြသည်။ ဉာဏ်ပညာသည် လူအများရှိရာနေရာများတွင် အမှန်ပင်ကျယ်လောင်စွာကြွေးကြော်နေပါသည်တကား!

  • “ဉာဏ်ပညာကို ရှာ၍ရသောသူသည် မင်္ဂလာရှိ၏”
    ကင်းမျှော်စင်—၂၀၀၁ | မတ် ၁၅
    • a “ဉာဏ်ပညာ” အတွက်ဟေဗြဲစကားလုံးမှာ ဣတ္ထိလိင်ဖြစ်သည်။ ထို့ကြောင့် ဘာသာပြန်ကျမ်းအချို့က ဉာဏ်ပညာကိုညွှန်းသောအခါ ဣတ္ထိလိင်နာမ်စားကို အသုံးပြုကြသည်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ