ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၆ ၈/၁ စာ. ၃၁
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ဉာဏ်ပညာကို ရှာ၍ရသောသူသည် မင်္ဂလာရှိ၏”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ‘ဉာဏ်ပညာနဲ့ဆိုင်တဲ့ ဘဏ္ဍာရှိသမျှ’
    “ကျွန်တော့်နောက်လိုက် လုပ်ပါ”
  • ‘ဘုရားသခင်၏ဉာဏ်တော် အလွန်နက်နဲစွတကား!’
    ယေဟောဝါထံ ချဉ်းကပ်လော့
  • စစ်မှန်တဲ့ ဉာဏ်ပညာ ဟစ်အော်နေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
က၀၆ ၈/၁ စာ. ၃၁

စာရှုသူများထံမှ မေးခွန်းလွှာ

နယပုံပြင် ၈:၂၂-၃၁ ပါ ဉာဏ်ပညာ၏ပြယုဂ်သည် ယေရှုခရစ်၏ လူသားမတိုင်မီအသက်တာနှင့်သက်ဆိုင်ကြောင်း ကျွန်ုပ်တို့ မည်သို့သိရသနည်း။

နယပုံပြင်ကျမ်းတွင်တွေ့ရသော ဉာဏ်ပညာ၏ မှုတ်သွင်းခံပြယုဂ်နှင့်ပတ်သက်၍ ဤသို့ဖတ်ရသည်– ‘ထာဝရဘုရားသခင်သည် ရှေးအမှုတော်ကိုမပြုမီ ထွက်ကြွတော်မူစကပင် ငါ့ကိုပိုင်တော်မူ၏။ . . . တောင်ကြီးမတည်၊ တောင်ငယ်မဖြစ်မီ၊ . . . ငါ့ကိုဖြစ်ပွားစေတော်မူ၏။ မိုးကောင်းကင်ကိုပြင်တော်မူသောအခါ ငါရှိ၏။ . . . ငါသည်ကျွေးမွေးတော်မူသောသား [“ကျွမ်းကျင်လုပ်သား၊” ကဘ] ကဲ့သို့ အထံတော်ပါးတွင်နေ၍ အစဉ်မပြတ်မွေ့လျော်တော်မူရာဖြစ်၏။ ရှေ့တော်၌အစဉ်မပြတ်ကစားလျက် . . . လူသားတို့နှင့်ပေါင်းဖော်၍ ပျော်ပါးလျက်နေ၏။’

ထိုကျမ်းချက်သည် မြင့်မြတ်သောဉာဏ်ပညာ သို့မဟုတ် စိတ်ကူးဉာဏ်သက်သက်ကိုသာ ဆိုလိုနေခြင်းမဖြစ်နိုင်ချေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ထိုတွင်ဖော်ပြထားသော ဉာဏ်ပညာကို ရှေးအမှုတော်တို့ကိုမပြုမီကပင် ယေဟောဝါ “ပိုင်တော်မူ” သို့မဟုတ် ဖန်ဆင်းတော်မူခဲ့၍ဖြစ်သည်။ ယေဟောဝါဘုရားသခင်သည် အစဉ်အမြဲတည်ရှိပြီး ဉာဏ်ပညာအမြဲရှိတော်မူ၏။ (ဆာလံ ၉၀:၁၊ ၂) ကိုယ်တော်၏ဉာဏ်ပညာသည် အစမရှိ၊ ဖန်ဆင်းခံရခြင်းမဟုတ်။ တစ်စုံတစ်ဦးက “ဖြစ်ပွားစေတော်မူ” ခဲ့ခြင်းလည်းမဟုတ်ပေ။ ထို့ပြင် ယင်းဉာဏ်ပညာကို ပြောဆိုပြုမူတတ်သည့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် ပုံဖော်ထားသည်။—သု. ၈:၁။

နယပုံပြင်ကျမ်းက ဉာဏ်ပညာသည် ဖန်ဆင်းရှင်ယေဟောဝါ၏ နံဘေးတွင် “ကျွမ်းကျင်လုပ်သား” တစ်ဦးအဖြစ် ကြာမြင့်စွာကပင် တည်ရှိခဲ့ကြောင်း ဖော်ပြသည်။ ယင်းသည် ယေရှုနှင့်အမှန်သက်ဆိုင်သည်။ မြေကြီးပေါ်မလာမီ ကြာမြင့်စွာကပင် ယေရှုသည် ယေဟောဝါနှင့်နီးကပ်စွာ အလုပ်လုပ်ခဲ့ရာ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “သားတော်သည်လည်း ခပ်သိမ်းသောအရာမဖြစ်မီဖြစ်တော်မူ၍ ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်အားဖြင့်သာတည်ကြ၏။”—ကောလောသဲ ၁:၁၇; ဗျာ. ၃:၁၄။

ဘုရားသခင့်သားတော်သည် ယေဟောဝါ၏ဉာဏ်ပညာရှိသည့် ရည်ရွယ်တော်မူချက်များနှင့် အမိန့်တော်များကို ဖော်ပြတော်မူသောသူဖြစ်သောကြောင့် ကိုယ်တော့်ကို ဉာဏ်ပညာအဖြစ် သရုပ်ဖော်ထားခြင်းမှာ သင့်လျော်သည်။ လူသားမဖြစ်မီက ယေရှုသည် ဘုရားသခင့်နှုတ်မြွက်တော် သို့မဟုတ် ပြောရေးဆိုခွင့်ရှိသူဖြစ်ခဲ့သည်။ (ယောဟန် ၁:၁) “ဘုရားသခင်၏တန်ခိုးတော်နှင့် ဘုရားသခင်၏ပညာတော်” အဖြစ် ဖော်ပြခြင်းခံရသည်။ (၁ ကောရိန္သု ၁:၂၄၊ ၃၀) ယင်းသည် လူသားတို့ကို ချစ်ခင်စုံမက်သောကြောင့် မိမိအသက်ကို သူတို့အတွက် ရွေးဖိုးအဖြစ်ပေးခဲ့သော ဘုရားသခင်၏သားတော်နှင့်ပတ်သက်သည့် အလွန်ထိမိသောဖော်ပြချက်ပင်။—ယောဟန် ၃:၁၆။

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

‘တောင်ကြီးမတည်မီ ငါ့ကိုဖြစ်ပွားစေတော်မူ၏’

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ