ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lff သင်ခန်းစာ ၃၅
  • ဆုံးဖြတ်ချက်ကောင်း ချနိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆုံးဖြတ်ချက်ကောင်း ချနိုင်ပုံ
  • ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှာဖွေလေ တွေ့ရှိလေ
  • အနှစ်ချုပ်
  • လေ့လာစရာ ထပ်ဖွေရှာ
  • ဘုရားသခင်ကိုဂုဏ်တင်တဲ့ ဆုံးဖြတ်ချက်တွေချပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • သက်ဝင်ယုံကြည်ပါ၊ ပညာရှိစွာ ဆုံးဖြတ်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ဆုံးဖြတ်ချက် ကောင်းများချနိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • နိဒါန်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၄
နောက်ထပ် ကြည့်ပါ
ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
lff သင်ခန်းစာ ၃၅
သင်ခန်းစာ ၃၅။ ခင်ပွန်းက ဝက်ဘ်ဆိုက်မှာ ကားကြော်ငြာတွေ ရှာဖွေလေ့လာနေချိန် ဇနီးနဲ့ ကလေးတွေလည်း ကြည့်နေ။

သင်ခန်းစာ ၃၅

ဆုံးဖြတ်ချက်ကောင်း ချနိုင်ပုံ

ပုံနှိပ်စာပေ
ပုံနှိပ်စာပေ
ပုံနှိပ်စာပေ

ကျွန်တော်တို့အားလုံး ဆုံးဖြတ်ချက်တွေ ချကြရတယ်။ ဆုံးဖြတ်ချက်အတော်များများက ဘဝမှာ၊ ယေဟောဝါနဲ့ ဆက်ဆံရေးမှာ ကောင်းကျိုး ဒါမှမဟုတ် ဆိုးကျိုး ဖြစ်စေနိုင်တယ်။ ဥပမာ၊ ဘယ်မှာ နေမလဲ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ထောက်ပံ့မလဲ၊ အိမ်ထောင်ပြုမလားဆိုတာ ဆုံးဖြတ်ဖို့ လိုနိုင်တယ်။ ဆုံးဖြတ်ချက်ကောင်း ချတဲ့အခါ ပျော်စရာဘဝကို ပိုင်ဆိုင်ပြီး ယေဟောဝါရဲ့ နှစ်သက်မှုလည်း ရနိုင်တယ်။

၁။ ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ ကျမ်းစာက ဘယ်လို ကူညီနိုင်သလဲ။

ဆုံးဖြတ်ချက် မချခင် ယေဟောဝါရဲ့ အကူအညီအတွက် ဆုတောင်းပါ။ ဘုရားရဲ့အမြင်ကို သိနိုင်ဖို့ ကျမ်းစာကို လေ့လာပါ။ (ပညာအလိမ္မာ ၂:​၃-၆ ကို ဖတ်ပါ။) ယေဟောဝါက တချို့ကိစ္စတွေမှာ ရှင်းလင်းတဲ့ မိန့်မှာချက် ပေးထားတယ်။ ဒါကိုလိုက်နာတာ အကောင်းဆုံးပဲ။

ရှင်းလင်းတဲ့ မိန့်မှာချက် မရှိရင်ကော။ “လျှောက်သင့်တဲ့ လမ်းအတိုင်း” ယေဟောဝါ လမ်းညွှန်ပေးနေဆဲ ဖြစ်တယ်။ (ဟေရှာယ ၄၈:၁၇) ဘယ်လို လမ်းညွှန်နေသလဲ။ ကျမ်းစာမူတွေကို ပေးထားတယ်။ ကျမ်းစာမူတွေဟာ ဘုရားရဲ့ အတွေးအခေါ်၊ ခံစားချက်တွေကို ဖော်ပြပေးတဲ့ အခြေခံအမှန်တရားတွေပါ။ ကျမ်းစာမှတ်တမ်းတစ်ခု ဖတ်တဲ့အခါ ကိစ္စတစ်ခုကို ဘုရား ဘယ်လို သဘောထားသလဲ သိနိုင်တယ်။ ဘုရားရဲ့သဘောထားကို သိထားရင် ဘုရားနှစ်သက်တဲ့ ဆုံးဖြတ်ချက် ချနိုင်မယ်။

၂။ ဆုံးဖြတ်ချက် မချခင် ဘာတွေ ထည့်စဉ်းစားသင့်သလဲ။

“အမြော်အမြင်ရှိသူကတော့ ခြေလှမ်းတိုင်းကို စဉ်းစားဆင်ခြင်တတ်တယ်” လို့ ကျမ်းစာက ဆိုတယ်။ (ပညာအလိမ္မာ ၁၄:၁၅) မဆုံးဖြတ်ခင် အချိန်ယူ စဉ်းစားသင့်တယ်ဆိုတဲ့ သဘောပဲ။ ဆုံးဖြတ်ချက် မချခင် ‘ဘယ်ကျမ်းစာမူတွေကို လိုက်နာမလဲ။ ဘယ်လိုဆုံးဖြတ်ရင် အကောင်းဆုံး ဖြစ်မလဲ။ ငါ့ဆုံးဖြတ်ချက်ကြောင့် တခြားသူတွေ ထိခိုက်မလား၊ ယေဟောဝါကော ပျော်ပါ့မလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။​—တရားဟောရာ ၃၂:၂၉။

ဘာကောင်းတယ်၊ မကောင်းဘူးဆိုတာ ယေဟောဝါ ပြောပိုင်ခွင့် ရှိတယ်။ ဘုရားပညတ်တွေ၊ မူတွေကို ကောင်းကောင်း သိထားပြီး လိုက်နာတာက အမှားအမှန်သိစိတ်ကို လေ့ကျင့်ပေးရာရောက်တယ်။ အမှားအမှန်သိစိတ်က ကိုယ့်လုပ်ရပ် မှားသလား၊ မှန်သလားဆိုတာ အသိပေးတယ်။ (ရောမ ၂:​၁၄၊ ၁၅) လေ့ကျင့်ထားတဲ့ သိစိတ်က ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ ကူညီပေးမယ်။

ရှာဖွေလေ တွေ့ရှိလေ

ဆုံးဖြတ်ချက် ချတဲ့အခါ ကျမ်းစာမူတွေနဲ့ အမှားအမှန်သိစိတ်က ကူညီပေးပုံကို သုံးသပ်ပါ။

၃။ ကျမ်းစာလမ်းညွှန်မှုကို လက်ခံပါ

ဆုံးဖြတ်ချက် ချတဲ့အခါ ကျမ်းစာမူတွေ ဘယ်လို ကူညီပေးနိုင်သလဲ။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို သုံးသပ်ပါ။

ဗီဒီယို။ ကျမ်းစာမူတွေကို လိုက်နာပါ (၅:၅၄)

  • လွတ်လပ်စွာ ရွေးချယ်ခွင့်ဆိုတာ ဘာလဲ။

  • လွတ်လပ်စွာ ရွေးချယ်ခွင့်ကို ယေဟောဝါ ဘာကြောင့် ပေးထားသလဲ။

  • ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ ဘုရား ဘာပေးထားသလဲ။

ကျမ်းစာမူတစ်ခုအတွက် ဧဖက် ၅:၁၅၊ ၁၆ ကို ဖတ်ပါ။ ပြီးတဲ့နောက် အောက်ပါကဏ္ဍတွေမှာ ‘အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်ပုံ’ ကိုသုံးသပ်ပါ။

  • ကျမ်းစာကို ပုံမှန် ဖတ်ခြင်း။

  • အိမ်ထောင်ဖက်ကောင်း၊ မိဘကောင်း၊ သားသမီးကောင်း ဖြစ်ခြင်း။

  • အစည်းအဝေးတွေ တက်ခြင်း။

၄။ ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ အမှားအမှန်သိစိတ်ကို လေ့ကျင့်ပေးပါ

ရှင်းလင်းတဲ့ ကျမ်းစာမိန့်မှာချက် ရှိတဲ့အခါမျိုးမှာ ဆုံးဖြတ်ဖို့ လွယ်နိုင်တယ်။ ကျမ်းစာမိန့်မှာချက် မရှိရင်ကော။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းကို သုံးသပ်ပါ။

ဗီဒီယို။ “ကြည်လင်တဲ့ အမှားအမှန်သိစိတ်ကို ထိန်းသိမ်းထားပါ” (၅:၁၃)

  • ဒီဗီဒီယိုမှာ ညီအစ်မက အမှားအမှန်သိစိတ်ကို လေ့ကျင့်ဖို့၊ ယေဟောဝါနှစ်သက်တဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ ဘာလုပ်ခဲ့သလဲ။

တခြားသူကို ဆုံးဖြတ်ခိုင်းတာမျိုး ဘာကြောင့် မလုပ်သင့်သလဲ။ ဟီဘရူး ၅:၁၄ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • တခြားသူကို ဆုံးဖြတ်ခိုင်းတာ လွယ်ပုံပေါက်ပေမဲ့ ကိုယ်တိုင် ဘာကို ခွဲခြားသိရမလဲ။

  • အမှားအမှန်သိစိတ်ကို လေ့ကျင့်ပေးဖို့၊ ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ ဘာအကူအညီ ရှိသလဲ။

လူတစ်ဦး လမ်းမှာ ကားမောင်းနေ။ လမ်းမှန်အတိုင်း မောင်းနိုင်ဖို့ ဒက်ရှ်ဘုတ်ပေါ် GPS ပြထား။

လမ်းပြမြေပုံလိုပဲ အမှားအမှန်သိစိတ်က ဘဝမှာ လမ်းညွှန်ပေး

၅။ တခြားသူတွေရဲ့ အမှားအမှန်သိစိတ်ကို လေးစားပါ

တစ်ယောက်နဲ့တစ်ယောက် ဆုံးဖြတ်ချက်တူကြမှာ မဟုတ်ဘူး။ တခြားသူတွေရဲ့ အမှားအမှန်သိစိတ်ကို လေးစားကြောင်း ဘယ်လို ပြနိုင်သလဲ။ အခြေအနေနှစ်ခုကို သုံးသပ်ပါ။

အခြေအနေ ၁။ စုဆုံပွဲတွေ၊ ဝတ်ပြုရေးနဲ့မဆိုင်တဲ့ လုပ်ဆောင်မှုတွေမှာ ဘောင်းဘီရှည် ဝတ်လေ့ရှိတဲ့ ညီအစ်မတစ်ယောက်က ဘောင်းဘီရှည် ဝတ်တာကို မကြိုက်တဲ့ ညီအစ်မတွေရှိရာ အသင်းတော်ဆီ ပြောင်းလာတယ်။

ရောမ ၁၅:၁ နဲ့ ၁ ကောရိန္သု ၁၀:၂၃၊ ၂၄ တို့ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ဒီကျမ်းပိုဒ်တွေအရ အဲဒီညီအစ်မ ဘယ်လို ဆုံးဖြတ်နိုင်သလဲ။ တခြားတစ်ယောက်က ကိုယ်နဲ့ အမှားအမှန်သိစိတ် မတူတဲ့အခါမျိုးမှာ သင် ဘာလုပ်မလဲ။

အခြေအနေ ၂။ ညီအစ်ကိုတစ်ယောက်က အရက် တော်သင့်ရုံသောက်တာကို ကျမ်းစာ မတားမြစ်မှန်း သိပေမဲ့ အရက်လုံးဝမသောက်ဘူး။ စုဆုံပွဲတစ်ခု သွားတဲ့အခါ ညီအစ်ကိုတွေ အရက်သောက်နေတာကို မြင်သွားတယ်။

ဒေသနာ ၇:၁၆ နဲ့ ရောမ ၁၄:၁၊ ၁၀ တို့ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ဒီကျမ်းပိုဒ်တွေအရ အဲဒီညီအစ်ကို ဘယ်လို ဆုံးဖြတ်နိုင်သလဲ။ ကိုယ့်သိစိတ် ခွင့်မပြုတာကို တခြားသူလုပ်နေတာ မြင်ရင် သင် ဘာလုပ်မလဲ။

ဆုံးဖြတ်ချက်ကောင်း ချစေနိုင်တဲ့အချက်များ

အမျိုးသမီးတစ်ဦး ဆုတောင်းနေ။

၁။ ဆုံးဖြတ်ချက် ချနိုင်ဖို့ ယေဟောဝါကို ဆုတောင်းပါ။​—ယာကုပ် ၁:၅။

အမျိုးသမီးတစ်ဦး ကျမ်းစာ၊ ကျမ်းစာစာပေနဲ့ ကွန်ပျူတာ သုံးပြီး ရှာဖွေလေ့လာနေ။

၂။ သက်ဆိုင်တဲ့မူတွေကို သိဖို့ ကျမ်းစာ၊ ကျမ်းစာစာပေတွေကို ရှာဖွေလေ့လာပါ။ ဝါရင့်ခရစ်ယာန်တွေနဲ့လည်း တိုင်ပင်ပါ။

အမျိုးသမီးတစ်ဦး စဉ်းစားနေ။

၃။ ကိုယ်တိုင်နဲ့ တခြားသူရဲ့ အမှားအမှန်သိစိတ်ကို ဘယ်လို အကျိုးသက်ရောက်မလဲ စဉ်းစားပါ။

လူတချို့ အဆို။ “ကိုယ်လုပ်ချင်တာ လုပ်ပိုင်ခွင့် ရှိတယ်။ တခြားသူ ဘယ်လိုထင်ထင် အရေးမကြီးဘူး။”

  • ဘုရားရဲ့အမြင်၊ တခြားသူရဲ့အမြင်ကို ဘာကြောင့် ထည့်စဉ်းစားသင့်သလဲ။

အနှစ်ချုပ်

ဆုံးဖြတ်ချက် မချခင် ယေဟောဝါရဲ့ ရှုမြင်ပုံကို ဆန်းစစ်ပါ။ ကိုယ့်လုပ်ရပ်က တခြားသူတွေအပေါ် ကောင်းကျိုး၊ ဆိုးကျိုး သက်ရောက်မလားဆိုတာ ထည့်စဉ်းစားပါ။

ပြန်လည်သုံးသပ်ခြင်း

  • ယေဟောဝါနှစ်သက်တဲ့ ဆုံးဖြတ်ချက် ဘယ်လို ချနိုင်မလဲ။

  • ကိုယ့်ရဲ့ အမှားအမှန်သိစိတ်ကို ဘယ်လို လေ့ကျင့်ပေးနိုင်သလဲ။

  • တခြားသူတွေရဲ့ အမှားအမှန်သိစိတ်ကို လေးစားကြောင်း ဘယ်လို ပြနိုင်သလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

ဘုရားနဲ့ ပိုရင်းနှီးစေမယ့် ဆုံးဖြတ်ချက်မျိုး ဘယ်လို ချနိုင်သလဲ။

‘ဘုရားကို ဂုဏ်တင်တဲ့ ဆုံးဖြတ်ချက်တွေ ချပါ’ (ကင်းမျှော်စင် ဧပြီ ၁၅၊ ၂၀၁၁)

ယေဟောဝါ အကြံဉာဏ်ပေးပုံကို ထပ်လေ့လာပါ။

ယေဟောဝါ မိမိလူမျိုးကို လမ်းညွှန် (၉:၅၀)

လူတစ်ဦး ခက်ခဲတဲ့ဆုံးဖြတ်ချက် ချနိုင်ခဲ့ပုံကို လေ့လာပါ။

ထူးမြတ်တဲ့ကောင်းချီးကို ယေဟောဝါ အာမခံ (၅:၄၆)

ရှင်းလင်းတိကျတဲ့ လမ်းညွှန်ချက် မရှိတဲ့အခါ ယေဟောဝါရဲ့ နှစ်သက်မှု ဘယ်လိုရနိုင်မလဲ လေ့လာပါ။

“ကျမ်းစာပညတ်တစ်ခု အမြဲ လိုသလော” (ကင်းမျှော်စင် ဒီဇင်ဘာ ၁၊ ၂၀၀၃)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ