ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ‘ဖြောင့်မတ်သူအတွက် ကောင်းချီးများ’
    ကင်းမျှော်စင်—၂၀၀၁ | ဇူလိုင် ၁၅
    • ဖြောင့်မတ်သူသည် မတရားသောသူရှာမတွေ့သော လုံခြုံမှုမျိုးရှိသည်။ “ဖြောင့်မတ်ခြင်းလမ်းသို့လိုက်သောသူသည် အနင်းမှန်လိမ့်မည်။ ကောက်သောလမ်းသို့လိုက်သောသူမူကား သဘောထင်ရှားလိမ့်မည်။ မျက်စိမှိတ်သောသူသည် စိတ်ကိုပူစေတတ်၏။ စကားများသောလူမိုက်မူကား ဆုံးရှုံးတတ်၏။”—သု. ၁၀:၉၊ ၁၀။

  • ‘ဖြောင့်မတ်သူအတွက် ကောင်းချီးများ’
    ကင်းမျှော်စင်—၂၀၀၁ | ဇူလိုင် ၁၅
    • ကိုယ်ကျိုးရှာသော မရိုးသားသူ၏အခြေအနေမှာမူ ၎င်းနှင့်မတူပေ။ လှည့်ဖြားသူသည် ကောက်လိမ်သောစကား သို့မဟုတ် ကိုယ်အမူအရာဖြင့် မိမိ၏လိမ်ညာမှုကိုဖုံးကွယ်ရန် ကြိုးစားပေမည်။ (သု. ၆:၁၂-၁၄) မလိုတမာစိတ် သို့မဟုတ် လှည့်ဖြားလိုစိတ်ဖြင့် မျက်စိမှိတ်ပြခြင်းသည် လှည့်စားခံရသူအဖို့ အကြီးအကျယ်စိတ်ဆင်းရဲမှုဖြစ်စေနိုင်သည်။ သို့သော် ဤသူ၏ကောက်လိမ်သောသဘောသည် အနှေးနှင့်အမြန် ပေါ်သွား၏။ “အချို့သောသူတို့၏ဒုစရိုက်သည် ရှေ့မဆွကထင်ရှား၍ အပြစ်စီရင်ခြင်းသို့အရင်အဦးသွားတတ်၏။ အချို့သောသူတို့၏ဒုစရိုက်သည် နောက်သို့လိုက်တတ်၏။ ထိုနည်းတူ အချို့သောသူတို့၏သုစရိုက် [ကောင်းသောအကျင့်]သည် ထင်ရှားနှင့်တတ်၏။ မထင်ရှားသေးသောသုစရိုက် [ကောင်းသောအကျင့်]ကိုလည်း ဝှက်၍မထားနိုင်” ဟူ၍ တမန်တော်ပေါလုရေးသားခဲ့သည်။ (၁ တိမောသေ ၅:၂၄၊ ၂၅) မိဘဖြစ်စေ၊ မိတ်ဆွေဖြစ်စေ၊ အိမ်ထောင်ဘက်ဖြစ်စေ သို့မဟုတ် အသိဖြစ်စေ မည်သူမဆို မရိုးသားပါက နောက်ဆုံး၌ ဘူးပေါ်သလိုပေါ်လာသည်။ မရိုးသားဟုနာမည်ရထားသူကို မည်သူယုံကြည်စိတ်ချနိုင်မည်နည်း။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ