-
ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ကိုယ်ပိုင်လေ့လာမှုပြုခြင်း၌ ပျော်မွေ့လော့ကင်းမျှော်စင်—၂၀၀၂ | ဒီဇင်ဘာ ၁
-
-
၉ သူကဤသို့ဆက်ဖော်ပြသည်– “ငွေကိုရှာတတ်သကဲ့သို့ ပညာ [သိမြင်နားလည်မှု] ကိုရှာ၍ ဝှက်ထားသောဘဏ္ဍာကို စူးစမ်းတတ်သကဲ့သို့ ဉာဏ်ကိုစူးစမ်းလျှင် . . .” (သု. ၂:၄) ယင်းက ရာစုနှစ်များတစ်လျှောက် အလွန်တန်ဖိုးရှိသည်ဟုဆိုကြသော ရွှေနှင့်ငွေကို ရှာဖွေတူးဖော်ခဲ့ကြသူတို့ကို သတိရစေသည်။ လူတို့သည် ရွှေရဖို့ အခြားသူများကိုပင် သတ်ခဲ့ကြသည်။ အခြားသူတို့မှာမူ သူတို့၏ဘဝတစ်လျှောက်လုံး ရွှေကို ကြိုးစားရှာဖွေခဲ့ကြသည်။ သို့သော် ရွှေသည် အမှန်တကယ်တန်ဖိုးရှိပါသလော။ သင်သည် သဲကန္တာရတွင် လမ်းပျောက်နေ၍ ရေအလွန်ငတ်ပြီး သေလုမတတ်ဖြစ်နေချိန်တွင် အဘယ်အရာကို အလိုရှိမည်နည်း– ရွှေချောင်းတစ်ချောင်းလော၊ ရေတစ်ခွက်လော။ သို့တိုင် တန်ဖိုးသည်ဟန်မျှဖြစ်ပြီး အပြောင်းအလဲရှိသော ရွှေကို လူတို့သည် ဇွဲနပဲဖြင့်ရှာဖွေကြသည်တကား!a ဘုရားသခင့်ဉာဏ်ပညာတော်၊ ကိုယ်တော်၏အလိုတော်ကို ပိုင်းခြားသိမြင်၍ နားလည်သဘောပေါက်ရန် ထိုထက်မကဇွဲလုံ့လထုတ်ပြီး ရှာဖွေဆည်းပူးသင့်သည်တကား! ဤသို့ရှာဖွေဆည်းပူးခြင်း၏ အကျိုးကျေးဇူးများကား အဘယ်နည်း။—ဆာလံ ၁၉:၇-၁၀; သု. ၃:၁၃-၁၈။
-
-
ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ကိုယ်ပိုင်လေ့လာမှုပြုခြင်း၌ ပျော်မွေ့လော့ကင်းမျှော်စင်—၂၀၀၂ | ဒီဇင်ဘာ ၁
-
-
a ၁၉၇၉ ခုနှစ်ကတည်း ရွှေဈေးကစားခဲ့သည်မှာ ၁၉၈၀ ပြည့်နှစ်တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၈၅၀.၀၀ အထိတက်ပြီး ၁၉၉၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၅၂.၈၀ အထိကျခဲ့သည်။
-