ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၂/၁၅ စာ. ၉
  • ကာကွယ်မှုဖြစ်စေတဲ့ ပညာရှိစကား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကာကွယ်မှုဖြစ်စေတဲ့ ပညာရှိစကား
  • နိုးလော့!—၂၀၁၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ဉာဏ်ပညာကို ရှာ၍ရသောသူသည် မင်္ဂလာရှိ၏”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • စစ်မှန်တဲ့ ဉာဏ်ပညာ ဟစ်အော်နေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • စည်းစိမ်ချမ်းသာက သင့်ကိုပျော်ရွှင်စေနိုင်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • နိဒါန်း
    နိုးလော့!—၂၀၁၇
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၅
န ၂/၁၅ စာ. ၉
ချမ်းသာကြွယ်ဝတဲ့ အမျိုးသမီးဖြတ်သွားတာကို အမျိုးသားနှစ်ယောက် မှောင်ရိပ်ခိုပြီး ချောင်းနေကြ

ကာကွယ်မှုဖြစ်စေတဲ့ ပညာရှိစကား

‘စည်းစိမ်တွေက လူ့အသက်ကိုရွေးယူဖို့ပဲ။ ဆင်းရဲသားကတော့ ခြိမ်းခြောက်မှုကိုတောင် ခံရမှာမဟုတ်ဘူး။’ —သုတ္တံ ၁၃:၈၊ ကဘ။

စည်းစိမ်ဥစ္စာကြွယ်ဝတာက ကောင်းကျိုးပေးနိုင်တာမှန်ပေမဲ့ အန္တရာယ်များတဲ့ အချိန်မှာတော့ ဆိုးကျိုးတွေကိုလည်း ဖြစ်ပေါ်စေနိုင်တယ်။ (၂ တိမောသေ ၃:၁-၅) နိုင်ငံတချို့မှာ ချမ်းသာကြွယ်ဝသူတွေနဲ့ ချမ်းသာကြွယ်ဝပုံပေါက်တဲ့ ခရီးသွားဧည့်သည်တွေဟာ လုယက်သူတွေ၊ ပြန်ပေးဆွဲသူတွေရဲ့ ပစ်မှတ်ဖြစ်နေကြတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံနဲ့ပတ်သက်ပြီး သတင်းတစ်ပုဒ်မှာ “ဓားပြတွေ၊ လူလိမ်တွေ၊ ပြန်ပေးဆွဲသမားတွေက ဆင်းရဲချမ်းသာ ရွေးမနေတော့ဘူး” လို့ ဖော်ပြထားတယ်။ စားသောက်ဆိုင်တွေမှာ အစောင့်ချထားကြတယ်။ သူဌေးတွေရဲ့အိမ်ခြံစည်းရိုးတွေမှာ သံဆူးကြိုးတွေ၊ ကင်မရာတွေတပ်ထားကြသလို မီးကို ထိန်ထိန်လင်းအောင် ထွန်းထားပြီး အစောင့်တွေလည်း ချထားကြသေးတယ်။ နိုင်ငံအတော်များများမှာ အဲဒီလို အခြေအနေမျိုး ရှိနေတယ်။

‘ဆင်းရဲသားကတော့ ခြိမ်းခြောက်မှုကိုတောင် ခံရမှာမဟုတ်ဘူး’ လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ ဒီပညာရှိစကားကနေ ဘယ်လို အကျိုးရနိုင်သလဲ။ ရာဇဝတ်မှုတွေ၊ အကြမ်းဖက်မှုတွေများတဲ့ ဒေသမှာနေတယ်ဆိုရင် ဒါမှမဟုတ် အဲဒီလိုနေရာမျိုးကို ခရီးသွားတယ်ဆိုရင် ချမ်းသာပုံပေါက်အောင် မနေပါနဲ့။ အထူးသဖြင့် ထင်သာမြင်သာရှိတဲ့ ပစ္စည်းတွေကို သယ်သွားရမယ်ဆိုရင် ကိုယ့်ရဲ့ ဝတ်စားဆင်ယင်ပုံကို သတိပြုဖို့ လိုတယ်။ ‘အမြော်အမြင်ရှိသူက အန္တရာယ်ကိုကြိုမြင်ပြီး ပုန်းနေတတ်တယ်။ အတွေ့အကြုံမရှိသူကတော့ ဆက်သွားပြီး ဆိုးကျိုးတွေခံစားရတတ်တယ်’ ဆိုပြီး သုတ္တံ ၂၂:၃ [ကဘ] မှာ ဖော်ပြထားပါတယ်။

ဖန်ဆင်းရှင်က ကျွန်တော်တို့ကို ဂရုစိုက်တယ်၊ အန္တရာယ်ကင်းစေလိုတယ်ဆိုတာကို ကျမ်းစာမှာပါတဲ့ ပညာရှိစကားတွေကနေ သိရတယ်။ “ပညာသည် ကွယ်ကာတတ်၏။ . . . ပညာအတတ်ကိုရသောသူသည် အသက်ကိုလည်းရတတ်၏” ဆိုပြီး ဒေသနာ ၇:၁၂ မှာ ဖော်ပြထားပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ