ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကျမ်းစာ ဆက်လေ့လာနိုင်အောင် ဘာက ကူညီပေးမလဲ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
    • သင်ခန်းစာ ၁၂။ ကလေးနှစ်ယောက် မိခင်ဟာ ယေဟောဝါသက်သေတစ်ဦးနဲ့ ကျမ်းစာလေ့လာနေ။

      သင်ခန်းစာ ၁၂

      ကျမ်းစာ ဆက်လေ့လာနိုင်အောင် ဘာက ကူညီပေးမလဲ

      ကျမ်းစာလေ့လာတာဟာ အမြဲတော့ မလွယ်ပေမဲ့ အကျိုးရှိတယ်။ ဒါပေမဲ့ ဆက်လေ့လာနိုင်ပါ့မလားလို့ တွေးမိတာမျိုး ရှိနိုင်တယ်။ ဘာကြောင့် ဆက်လေ့လာရကျိုးနပ်သလဲ။ အခက်အခဲတွေကြား ဆက်လေ့လာဖို့ ဘာက ကူညီပေးမလဲ။

      ၁။ ကျမ်းစာလေ့လာတာက ဘာကြောင့် အဖိုးတန်သလဲ။

      “ဘုရားသခင်ရဲ့ နှုတ်ထွက်စကားဟာ ရှင်သန်နေတယ်၊ အစွမ်းထက်တယ်။” (ဟီဘရူး ၄:၁၂) ကျမ်းစာဟာ ဘုရားရဲ့ အတွေးအခေါ်၊ သင့်အပေါ်ထားတဲ့ ဘုရားမေတ္တာကို ဖော်ပြပေးလို့ အဖိုးတန်တယ်။ အသိပညာ ရှိစေရုံမက စစ်မှန်တဲ့ ဉာဏ်ပညာနဲ့ မျှော်လင့်ချက်ကိုပါ ပေးနိုင်တယ်။ အရေးကြီးဆုံးကတော့ သင့်ကို ယေဟောဝါရဲ့ မိတ်ဆွေ ဖြစ်လာအောင် ကူညီပေးနိုင်တယ်။ ကျမ်းစာလေ့လာတဲ့အခါ ဘဝ ပိုပျော်ရွှင်လာနိုင်တယ်။

      ၂။ ကျမ်းစာအမှန်တရားရဲ့ တန်ဖိုးကို သိဖို့ ဘာကြောင့် အရေးကြီးသလဲ။

      ကျမ်းစာအမှန်တရားဟာ အဖိုးတန်ဘဏ္ဍာနဲ့ တူတယ်။ ဒါကြောင့် “အမှန်တရားကို ဝယ်ပါ။ ဘယ်တော့မှ မရောင်းနဲ့” ဆိုပြီး ကျမ်းစာ အားပေးတယ်။ (ပညာအလိမ္မာ ၂၃:၂၃) ကျမ်းစာအမှန်တရားရဲ့ တန်ဖိုးကို သိထားတဲ့အခါ အခက်အခဲ ကြုံရင်တောင် လက်မလျှော့ဘဲ ဆက်လေ့လာဖို့ ကြိုးစားအားထုတ်ကြတယ်။​—ပညာအလိမ္မာ ၂:​၄၊ ၅ ကို ဖတ်ပါ။

      ၃။ ဆက်လေ့လာနိုင်ဖို့ ယေဟောဝါ ဘယ်လို ကူညီပေးမလဲ။

      ကျွန်တော်တို့ကို ဖန်ဆင်းတဲ့ အနန္တတန်ခိုးရှင် ယေဟောဝါက မိမိအကြောင်း ဆက်သင်ယူစေချင်တယ်။ “လုပ်ဆောင်ချင်စိတ်သာမက လုပ်ဆောင်နိုင်စွမ်းကိုပါ” ပေးနိုင်တယ်။ (ဖိလိပ္ပိ ၂:၁၃ ကို ဖတ်ပါ။) လေ့လာချင်စိတ်၊ လက်တွေ့ လိုက်နာချင်စိတ် ရှိလာအောင် ကူညီပေးနိုင်တယ်။ အခက်အခဲတွေ၊ ဆန့်ကျင်မှုတွေကို ရင်ဆိုင်နိုင်ဖို့ ခွန်အားလည်း ပေးနိုင်တယ်။ ဒါကြောင့် ကျမ်းစာ ဆက်လေ့လာနိုင်အောင် ကူညီပေးဖို့ ယေဟောဝါဆီ မှန်မှန် ဆုတောင်းပါ။​—၁ သက်သာလောနိတ် ၅:၁၇။

      ရှာဖွေလေ တွေ့ရှိလေ

      အလုပ်များတဲ့ကြား၊ ဆန့်ကျင်မှုတွေကြား ကျမ်းစာ ဆက်လေ့လာနိုင်ပုံ၊ လက်မလျှော့ဖို့ ယေဟောဝါ ကူညီပေးပုံတို့ကို သုံးသပ်ပါ။

      ၄။ ကျမ်းစာလေ့လာမှုကို ဦးစားပေးပါ

      အလုပ်များလွန်းလို့ ကျမ်းစာလေ့လာဖို့ အချိန်မရှိဘူးဆိုပြီး ခံစားရရင် ဘာလုပ်နိုင်သလဲ။ ဖိလိပ္ပိ ၁:၁၀ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

      • ဘဝမှာ ဘာတွေက “ပိုအရေးကြီးတဲ့အရာတွေ” လို့ ထင်ပါသလဲ။

      • ကျမ်းစာလေ့လာမှုကို ဘယ်လို ဦးစားပေးနိုင်သလဲ။

      ပုံ။ ပုံးထဲမှာ ကျောက်ခဲနဲ့ သဲတွေ ဖြည့်နေပုံ။ ၁။ သဲတစ်ပုံနဲ့ ကျောက်ခဲတစ်ပုံ။ ၂။ ပုံးထဲမှာ သဲတွေ ပြည့်ခါနီးနေ။ ၃။ သဲတွေပေါ် မှာ ကျောက်ခဲတွေ ရှိနေ၊ ကြမ်းပြင်ပေါ် ကျောက်ခဲတချို့ ကျနေ။ ခ။ ပုံ။ ၁။ သဲတစ်ပုံနဲ့ ကျောက်ခဲတစ်ပုံ။ ၂။ ပုံးထဲမှာ ကျောက်ခဲတွေ ပြည့်နေ။ ၃။ ကျောက်ခဲတွေကြားထဲ သဲတွေ ပုံးဝအထိ ဝင်ဆံ့နေ။ သဲအနည်းငယ် ကြမ်းပြင်ပေါ် ကျနေ။
      1. က။ ပုံးထဲမှာ သဲတွေ အရင်ထည့်ပြီးမှ ကျောက်ခဲတွေ ထည့်မယ်ဆိုရင် ဆံ့မှာ မဟုတ်ဘူး

      2. ခ။ ကျောက်ခဲတွေ အရင်ထည့်မယ်ဆိုရင် သဲအားလုံးနီးပါး ဆံ့ပါလိမ့်မယ်။ အလားတူပဲ၊ ဘဝမှာ “ပိုအရေးကြီးတဲ့အရာတွေကို” ဦးစားထားမယ်ဆိုရင် ပြီးမြောက်နိုင်မယ့်အပြင် တခြားအရာတွေအတွက်ပါ အချိန်ရှိလာမယ်

      ကျမ်းစာလေ့လာတာက ဘုရားကို မှီခိုဖို့ လိုအပ်ချက်၊ တစ်နည်းအားဖြင့် ဘုရားကို သိပြီး ဝတ်ပြုချင်တဲ့ဆန္ဒကို ဖြည့်ဆည်းပေးတယ်။ မဿဲ ၅:၃ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

      • ကျမ်းစာလေ့လာတာကို ဦးစားပေးရင် ဘယ်လို အကျိုးခံစားရမလဲ။

      ၅။ ဆန့်ကျင်မှုကြုံရချိန်မှာ လက်မလျှော့ပါနဲ့

      ကျမ်းစာ ဆက်မလေ့လာဖို့ တချို့ တားကြလိမ့်မယ်။ ဖရန်စ္စကိုအကြောင်း သုံးသပ်ကြည့်ပါ။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါ မေးခွန်းတွေကို ဆွေးနွေးပါ။

      ဗီဒီယို။ လက်မလျှော့လို့ အကျိုးခံစားရ (၅:၂၂)

      ‘လက်မလျှော့လို့ အကျိုးခံစားရ’ ဗီဒီယိုထဲက ပြကွက်။ မိတ်ဆွေဟောင်းတွေကို မပေါင်းတော့ဘူး ပြောပြီးနောက် ဖရန်စ္စကို ထွက်သွားပုံ။
      • ဒီဗီဒီယိုအရ လေ့လာထားတာတွေကို ဖရန်စ္စကို ပြန်ပြောပြတဲ့အခါ အမေနဲ့ သူငယ်ချင်းတွေ ဘယ်လို တုံ့ပြန်ကြသလဲ။

      • လက်မလျှော့တဲ့အတွက် သူ ဘာအကျိုးကျေးဇူး ခံစားရသလဲ။

      ၂ တိမောသေ ၂:၂၄၊ ၂၅ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

      • သင် ကျမ်းစာလေ့လာနေတာကို မိသားစုနဲ့ မိတ်ဆွေတွေ ဘယ်လို သဘောထားကြသလဲ။

      • ဒီကျမ်းပိုဒ်တွေအရ ကိုယ်ကျမ်းစာလေ့လာတာကို တစ်ယောက်ယောက် မကြိုက်ရင် ဘယ်လို လုပ်မလဲ။ ဘာကြောင့်လဲ။

      ၆။ ယေဟောဝါကို အားကိုးပါ

      ယေဟောဝါနဲ့ ပိုရင်းနှီးလာတဲ့အခါ ဘုရားရဲ့ နှစ်သက်မှု ရချင်စိတ် ပိုတိုးလာမယ်။ ဒါပေမဲ့ ဘဝမှာ ဘုရားရဲ့ စံနှုန်းတွေနဲ့အညီ နေထိုင်ဖို့ ပြုပြင်ပြောင်းလဲရ ခက်နိုင်တယ်။ အဲဒီအခါ လက်မလျှော့ပါနဲ့။ ယေဟောဝါ ကူညီပေးပါလိမ့်မယ်။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါ မေးခွန်းတွေကို သုံးသပ်ပါ။

      ဗီဒီယို။ ပြောင်းလဲနိုင်ဖို့ ယေဟောဝါ ကူညီ (၃:၅၆)

      • ဒီဗီဒီယိုမှာ ယေဟောဝါရဲ့ နှစ်သက်မှုရဖို့ ဂျင် ဘာတွေ ပြုပြင်ပြောင်းလဲခဲ့သလဲ။

      • သူ့အတွေ့အကြုံကနေ ဘယ်အချက်ကို သဘောကျပါသလဲ။

      ဟီဘရူး ၁၁:၆ ကို ဖတ်ပါ။ ပြီးတဲ့နောက် အောက်ပါ မေးခွန်းတွေကို သုံးသပ်ပါ။

      • ယေဟောဝါက “မိမိကို ထက်ထက်သန်သန် ရှာဖွေသူ၊” မိမိကို သိကျွမ်းပြီး နှစ်သက်မှု ရဖို့ ကြိုးစားသူတွေအတွက် ဘာလုပ်ဆောင်ပေးမလဲ။

      • ကျမ်းစာလေ့လာဖို့ သင်ကြိုးစားနေတာကို ယေဟောဝါ မြင်တဲ့အခါ ဘယ်လို ခံစားရမယ် ထင်သလဲ။

      လူတချို့ အမေး။ “ယေဟောဝါသက်သေတွေနဲ့ ဘာလို့ ကျမ်းစာ လေ့လာနေတာလဲ။”

      • သင် ဘယ်လို ဖြေမလဲ။

      အနှစ်ချုပ်

      ကျမ်းစာလေ့လာရတာ အမြဲတော့ မလွယ်ပေမဲ့ ပျော်စရာဘဝ ထာဝရ စံစားဖို့ ကူညီပေးနိုင်တယ်။ ယေဟောဝါကို ဆက်အားကိုးမယ်ဆိုရင် သင့်ကို ဆုချပါလိမ့်မယ်။

      ပြန်လည်သုံးသပ်ခြင်း

      • ကျမ်းစာအမှန်တရားက သင့်အတွက် ဘာကြောင့် တန်ဖိုးရှိသလဲ။

      • “ပိုအရေးကြီးတဲ့အရာတွေကို” သိပြီဆိုရင် ဘာလုပ်သင့်သလဲ။

      • ကျမ်းစာ ဆက်လေ့လာနိုင်အောင် ကူညီပေးဖို့ ယေဟောဝါဆီ ဘာကြောင့် ဆုတောင်းသင့်သလဲ။

      ရည်မှန်းပန်းတိုင်

      လေ့လာစရာ ထပ်ဖွေရှာ

      အချိန်ကို အကျိုးရှိရှိ အသုံးချနည်း လေးခုကို သုံးသပ်ကြည့်ပါ။

      “အချိန်ကို အကျိုးရှိရှိ ဘယ်လို အသုံးချမလဲ” (နိုးလော့! ဖေဖော်ဝါရီ ၂၀၁၄)

      ခင်ပွန်းရဲ့ဆန့်ကျင်မှုကြား အမျိုးသမီးတစ်ဦး ကျမ်းစာ ဆက်လေ့လာနိုင်ဖို့ ယေဟောဝါ ကူညီပေးပုံကို ကြည့်လိုက်ပါ။

      ကိုယ့်ဝန် ကိုယ်ထမ်းနိုင်ဖို့ ယေဟောဝါ ခွန်အားပေး (၅:၀၅)

      လက်မလျှော့တဲ့ ဇနီးကြောင့် ခင်ပွန်း အကျိုးခံစားခဲ့ရပုံကို ကြည့်လိုက်ပါ။

      အမှန်တရားကို ကျွန်တော် စစ်ဆေးခဲ့ (၆:၃၀)

      ယေဟောဝါသက်သေတွေဟာ မိသားစု ဖြိုခွဲသူလို့ စွပ်စွဲခံရတယ်။ မှန်ပါသလား။

      “ယေဟောဝါသက်သေတွေဟာ မိသားစုကို ဖြိုခွဲသူတွေလား၊ တည်ဆောက်ပေးသူတွေလား” (ဝက်ဘ်ဆိုက် ဆောင်းပါး)

  • ဆုံးဖြတ်ချက်ကောင်း ချနိုင်ပုံ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
    • သင်ခန်းစာ ၃၅။ ခင်ပွန်းက ဝက်ဘ်ဆိုက်မှာ ကားကြော်ငြာတွေ ရှာဖွေလေ့လာနေချိန် ဇနီးနဲ့ ကလေးတွေလည်း ကြည့်နေ။

      သင်ခန်းစာ ၃၅

      ဆုံးဖြတ်ချက်ကောင်း ချနိုင်ပုံ

      ကျွန်တော်တို့အားလုံး ဆုံးဖြတ်ချက်တွေ ချကြရတယ်။ ဆုံးဖြတ်ချက်အတော်များများက ဘဝမှာ၊ ယေဟောဝါနဲ့ ဆက်ဆံရေးမှာ ကောင်းကျိုး ဒါမှမဟုတ် ဆိုးကျိုး ဖြစ်စေနိုင်တယ်။ ဥပမာ၊ ဘယ်မှာ နေမလဲ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ထောက်ပံ့မလဲ၊ အိမ်ထောင်ပြုမလားဆိုတာ ဆုံးဖြတ်ဖို့ လိုနိုင်တယ်။ ဆုံးဖြတ်ချက်ကောင်း ချတဲ့အခါ ပျော်စရာဘဝကို ပိုင်ဆိုင်ပြီး ယေဟောဝါရဲ့ နှစ်သက်မှုလည်း ရနိုင်တယ်။

      ၁။ ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ ကျမ်းစာက ဘယ်လို ကူညီနိုင်သလဲ။

      ဆုံးဖြတ်ချက် မချခင် ယေဟောဝါရဲ့ အကူအညီအတွက် ဆုတောင်းပါ။ ဘုရားရဲ့အမြင်ကို သိနိုင်ဖို့ ကျမ်းစာကို လေ့လာပါ။ (ပညာအလိမ္မာ ၂:​၃-၆ ကို ဖတ်ပါ။) ယေဟောဝါက တချို့ကိစ္စတွေမှာ ရှင်းလင်းတဲ့ မိန့်မှာချက် ပေးထားတယ်။ ဒါကိုလိုက်နာတာ အကောင်းဆုံးပဲ။

      ရှင်းလင်းတဲ့ မိန့်မှာချက် မရှိရင်ကော။ “လျှောက်သင့်တဲ့ လမ်းအတိုင်း” ယေဟောဝါ လမ်းညွှန်ပေးနေဆဲ ဖြစ်တယ်။ (ဟေရှာယ ၄၈:၁၇) ဘယ်လို လမ်းညွှန်နေသလဲ။ ကျမ်းစာမူတွေကို ပေးထားတယ်။ ကျမ်းစာမူတွေဟာ ဘုရားရဲ့ အတွေးအခေါ်၊ ခံစားချက်တွေကို ဖော်ပြပေးတဲ့ အခြေခံအမှန်တရားတွေပါ။ ကျမ်းစာမှတ်တမ်းတစ်ခု ဖတ်တဲ့အခါ ကိစ္စတစ်ခုကို ဘုရား ဘယ်လို သဘောထားသလဲ သိနိုင်တယ်။ ဘုရားရဲ့သဘောထားကို သိထားရင် ဘုရားနှစ်သက်တဲ့ ဆုံးဖြတ်ချက် ချနိုင်မယ်။

      ၂။ ဆုံးဖြတ်ချက် မချခင် ဘာတွေ ထည့်စဉ်းစားသင့်သလဲ။

      “အမြော်အမြင်ရှိသူကတော့ ခြေလှမ်းတိုင်းကို စဉ်းစားဆင်ခြင်တတ်တယ်” လို့ ကျမ်းစာက ဆိုတယ်။ (ပညာအလိမ္မာ ၁၄:၁၅) မဆုံးဖြတ်ခင် အချိန်ယူ စဉ်းစားသင့်တယ်ဆိုတဲ့ သဘောပဲ။ ဆုံးဖြတ်ချက် မချခင် ‘ဘယ်ကျမ်းစာမူတွေကို လိုက်နာမလဲ။ ဘယ်လိုဆုံးဖြတ်ရင် အကောင်းဆုံး ဖြစ်မလဲ။ ငါ့ဆုံးဖြတ်ချက်ကြောင့် တခြားသူတွေ ထိခိုက်မလား၊ ယေဟောဝါကော ပျော်ပါ့မလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။​—တရားဟောရာ ၃၂:၂၉။

      ဘာကောင်းတယ်၊ မကောင်းဘူးဆိုတာ ယေဟောဝါ ပြောပိုင်ခွင့် ရှိတယ်။ ဘုရားပညတ်တွေ၊ မူတွေကို ကောင်းကောင်း သိထားပြီး လိုက်နာတာက အမှားအမှန်သိစိတ်ကို လေ့ကျင့်ပေးရာရောက်တယ်။ အမှားအမှန်သိစိတ်က ကိုယ့်လုပ်ရပ် မှားသလား၊ မှန်သလားဆိုတာ အသိပေးတယ်။ (ရောမ ၂:​၁၄၊ ၁၅) လေ့ကျင့်ထားတဲ့ သိစိတ်က ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ ကူညီပေးမယ်။

      ရှာဖွေလေ တွေ့ရှိလေ

      ဆုံးဖြတ်ချက် ချတဲ့အခါ ကျမ်းစာမူတွေနဲ့ အမှားအမှန်သိစိတ်က ကူညီပေးပုံကို သုံးသပ်ပါ။

      ၃။ ကျမ်းစာလမ်းညွှန်မှုကို လက်ခံပါ

      ဆုံးဖြတ်ချက် ချတဲ့အခါ ကျမ်းစာမူတွေ ဘယ်လို ကူညီပေးနိုင်သလဲ။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို သုံးသပ်ပါ။

      ဗီဒီယို။ ကျမ်းစာမူတွေကို လိုက်နာပါ (၅:၅၄)

      • လွတ်လပ်စွာ ရွေးချယ်ခွင့်ဆိုတာ ဘာလဲ။

      • လွတ်လပ်စွာ ရွေးချယ်ခွင့်ကို ယေဟောဝါ ဘာကြောင့် ပေးထားသလဲ။

      • ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ ဘုရား ဘာပေးထားသလဲ။

      ကျမ်းစာမူတစ်ခုအတွက် ဧဖက် ၅:၁၅၊ ၁၆ ကို ဖတ်ပါ။ ပြီးတဲ့နောက် အောက်ပါကဏ္ဍတွေမှာ ‘အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်ပုံ’ ကိုသုံးသပ်ပါ။

      • ကျမ်းစာကို ပုံမှန် ဖတ်ခြင်း။

      • အိမ်ထောင်ဖက်ကောင်း၊ မိဘကောင်း၊ သားသမီးကောင်း ဖြစ်ခြင်း။

      • အစည်းအဝေးတွေ တက်ခြင်း။

      ၄။ ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ အမှားအမှန်သိစိတ်ကို လေ့ကျင့်ပေးပါ

      ရှင်းလင်းတဲ့ ကျမ်းစာမိန့်မှာချက် ရှိတဲ့အခါမျိုးမှာ ဆုံးဖြတ်ဖို့ လွယ်နိုင်တယ်။ ကျမ်းစာမိန့်မှာချက် မရှိရင်ကော။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းကို သုံးသပ်ပါ။

      ဗီဒီယို။ “ကြည်လင်တဲ့ အမှားအမှန်သိစိတ်ကို ထိန်းသိမ်းထားပါ” (၅:၁၃)

      • ဒီဗီဒီယိုမှာ ညီအစ်မက အမှားအမှန်သိစိတ်ကို လေ့ကျင့်ဖို့၊ ယေဟောဝါနှစ်သက်တဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ ဘာလုပ်ခဲ့သလဲ။

      တခြားသူကို ဆုံးဖြတ်ခိုင်းတာမျိုး ဘာကြောင့် မလုပ်သင့်သလဲ။ ဟီဘရူး ၅:၁၄ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

      • တခြားသူကို ဆုံးဖြတ်ခိုင်းတာ လွယ်ပုံပေါက်ပေမဲ့ ကိုယ်တိုင် ဘာကို ခွဲခြားသိရမလဲ။

      • အမှားအမှန်သိစိတ်ကို လေ့ကျင့်ပေးဖို့၊ ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ ဘာအကူအညီ ရှိသလဲ။

      လူတစ်ဦး လမ်းမှာ ကားမောင်းနေ။ လမ်းမှန်အတိုင်း မောင်းနိုင်ဖို့ ဒက်ရှ်ဘုတ်ပေါ် GPS ပြထား။

      လမ်းပြမြေပုံလိုပဲ အမှားအမှန်သိစိတ်က ဘဝမှာ လမ်းညွှန်ပေး

      ၅။ တခြားသူတွေရဲ့ အမှားအမှန်သိစိတ်ကို လေးစားပါ

      တစ်ယောက်နဲ့တစ်ယောက် ဆုံးဖြတ်ချက်တူကြမှာ မဟုတ်ဘူး။ တခြားသူတွေရဲ့ အမှားအမှန်သိစိတ်ကို လေးစားကြောင်း ဘယ်လို ပြနိုင်သလဲ။ အခြေအနေနှစ်ခုကို သုံးသပ်ပါ။

      အခြေအနေ ၁။ စုဆုံပွဲတွေ၊ ဝတ်ပြုရေးနဲ့မဆိုင်တဲ့ လုပ်ဆောင်မှုတွေမှာ ဘောင်းဘီရှည် ဝတ်လေ့ရှိတဲ့ ညီအစ်မတစ်ယောက်က ဘောင်းဘီရှည် ဝတ်တာကို မကြိုက်တဲ့ ညီအစ်မတွေရှိရာ အသင်းတော်ဆီ ပြောင်းလာတယ်။

      ရောမ ၁၅:၁ နဲ့ ၁ ကောရိန္သု ၁၀:၂၃၊ ၂၄ တို့ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

      • ဒီကျမ်းပိုဒ်တွေအရ အဲဒီညီအစ်မ ဘယ်လို ဆုံးဖြတ်နိုင်သလဲ။ တခြားတစ်ယောက်က ကိုယ်နဲ့ အမှားအမှန်သိစိတ် မတူတဲ့အခါမျိုးမှာ သင် ဘာလုပ်မလဲ။

      အခြေအနေ ၂။ ညီအစ်ကိုတစ်ယောက်က အရက် တော်သင့်ရုံသောက်တာကို ကျမ်းစာ မတားမြစ်မှန်း သိပေမဲ့ အရက်လုံးဝမသောက်ဘူး။ စုဆုံပွဲတစ်ခု သွားတဲ့အခါ ညီအစ်ကိုတွေ အရက်သောက်နေတာကို မြင်သွားတယ်။

      ဒေသနာ ၇:၁၆ နဲ့ ရောမ ၁၄:၁၊ ၁၀ တို့ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

      • ဒီကျမ်းပိုဒ်တွေအရ အဲဒီညီအစ်ကို ဘယ်လို ဆုံးဖြတ်နိုင်သလဲ။ ကိုယ့်သိစိတ် ခွင့်မပြုတာကို တခြားသူလုပ်နေတာ မြင်ရင် သင် ဘာလုပ်မလဲ။

      ဆုံးဖြတ်ချက်ကောင်း ချစေနိုင်တဲ့အချက်များ

      အမျိုးသမီးတစ်ဦး ဆုတောင်းနေ။

      ၁။ ဆုံးဖြတ်ချက် ချနိုင်ဖို့ ယေဟောဝါကို ဆုတောင်းပါ။​—ယာကုပ် ၁:၅။

      အမျိုးသမီးတစ်ဦး ကျမ်းစာ၊ ကျမ်းစာစာပေနဲ့ ကွန်ပျူတာ သုံးပြီး ရှာဖွေလေ့လာနေ။

      ၂။ သက်ဆိုင်တဲ့မူတွေကို သိဖို့ ကျမ်းစာ၊ ကျမ်းစာစာပေတွေကို ရှာဖွေလေ့လာပါ။ ဝါရင့်ခရစ်ယာန်တွေနဲ့လည်း တိုင်ပင်ပါ။

      အမျိုးသမီးတစ်ဦး စဉ်းစားနေ။

      ၃။ ကိုယ်တိုင်နဲ့ တခြားသူရဲ့ အမှားအမှန်သိစိတ်ကို ဘယ်လို အကျိုးသက်ရောက်မလဲ စဉ်းစားပါ။

      လူတချို့ အဆို။ “ကိုယ်လုပ်ချင်တာ လုပ်ပိုင်ခွင့် ရှိတယ်။ တခြားသူ ဘယ်လိုထင်ထင် အရေးမကြီးဘူး။”

      • ဘုရားရဲ့အမြင်၊ တခြားသူရဲ့အမြင်ကို ဘာကြောင့် ထည့်စဉ်းစားသင့်သလဲ။

      အနှစ်ချုပ်

      ဆုံးဖြတ်ချက် မချခင် ယေဟောဝါရဲ့ ရှုမြင်ပုံကို ဆန်းစစ်ပါ။ ကိုယ့်လုပ်ရပ်က တခြားသူတွေအပေါ် ကောင်းကျိုး၊ ဆိုးကျိုး သက်ရောက်မလားဆိုတာ ထည့်စဉ်းစားပါ။

      ပြန်လည်သုံးသပ်ခြင်း

      • ယေဟောဝါနှစ်သက်တဲ့ ဆုံးဖြတ်ချက် ဘယ်လို ချနိုင်မလဲ။

      • ကိုယ့်ရဲ့ အမှားအမှန်သိစိတ်ကို ဘယ်လို လေ့ကျင့်ပေးနိုင်သလဲ။

      • တခြားသူတွေရဲ့ အမှားအမှန်သိစိတ်ကို လေးစားကြောင်း ဘယ်လို ပြနိုင်သလဲ။

      ရည်မှန်းပန်းတိုင်

      လေ့လာစရာ ထပ်ဖွေရှာ

      ဘုရားနဲ့ ပိုရင်းနှီးစေမယ့် ဆုံးဖြတ်ချက်မျိုး ဘယ်လို ချနိုင်သလဲ။

      ‘ဘုရားကို ဂုဏ်တင်တဲ့ ဆုံးဖြတ်ချက်တွေ ချပါ’ (ကင်းမျှော်စင် ဧပြီ ၁၅၊ ၂၀၁၁)

      ယေဟောဝါ အကြံဉာဏ်ပေးပုံကို ထပ်လေ့လာပါ။

      ယေဟောဝါ မိမိလူမျိုးကို လမ်းညွှန် (၉:၅၀)

      လူတစ်ဦး ခက်ခဲတဲ့ဆုံးဖြတ်ချက် ချနိုင်ခဲ့ပုံကို လေ့လာပါ။

      ထူးမြတ်တဲ့ကောင်းချီးကို ယေဟောဝါ အာမခံ (၅:၄၆)

      ရှင်းလင်းတိကျတဲ့ လမ်းညွှန်ချက် မရှိတဲ့အခါ ယေဟောဝါရဲ့ နှစ်သက်မှု ဘယ်လိုရနိုင်မလဲ လေ့လာပါ။

      “ကျမ်းစာပညတ်တစ်ခု အမြဲ လိုသလော” (ကင်းမျှော်စင် ဒီဇင်ဘာ ၁၊ ၂၀၀၃)

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ