ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၂၁ အမှတ် ၃ စာ. ၁၄-၁၅
  • ဖန်ဆင်းရှင် ရှိတယ်ဆိုတာ သိဖို့ အရေးကြီး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဖန်ဆင်းရှင် ရှိတယ်ဆိုတာ သိဖို့ အရေးကြီး
  • နိုးလော့!—၂၀၂၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘဝကို ပိုပျော်မွေ့လာမယ်
  • နေ့စဉ် အသက်တာအတွက် စိတ်ချရတဲ့ လမ်းညွှန် ရရှိမယ်
  • သင် သိချင်တာတွေ သိလာရမယ်
  • အနာဂတ် မျှော်လင့်ချက် ရှိလာမယ်
  • ဘုရားသခင် ရှိသလား။ ဘုရားသခင် ရှိတယ်လို့ သိထားတာက ဘယ်လို အကျိုးရှိစေသလဲ
    နိုးလော့!—၂၀၁၅
  • ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားက ဘာလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ကျမ်းစာထဲက မျှော်လင့်ချက်ရောင်ခြည်
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ကျမ်းစာထဲက မျှော်လင့်ချက်ရောင်ခြည်
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာသင်ခန်းစာ မိတ်ဆက်
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၂၁
န၂၁ အမှတ် ၃ စာ. ၁၄-၁၅
သူငယ်ချင်းတစ်သိုက် သစ်ပင်ပေါ်က တိရစ္ဆာန်တွေကို ကြည့်နေကြစဉ်။

ဖန်ဆင်းရှင် ရှိတယ်ဆိုတာ သိဖို့ အရေးကြီး

ဖန်ဆင်းရှင်တစ်ပါး ရှိမှန်း သိဖို့ ဘာကြောင့် အရေးကြီးသလဲ။ အနန္တတန်ခိုးရှင် ဘုရားသခင် ရှိကြောင်း အထောက်အထားကို ယုံကြည်ရင် သမ္မာကျမ်းစာဟာ အဲဒီဘုရားသခင်ဆီက လာတယ်ဆိုတဲ့ အထောက်အထားတွေကိုလည်း သင် လေ့လာဆန်းစစ်ချင်မှာပဲ။ သမ္မာကျမ်းစာ ပြောတာကို ယုံကြည်တဲ့အခါ အောက်ပါကဏ္ဍတွေမှာ သင် အကျိုးခံစားရပါလိမ့်မယ်။

ဘဝကို ပိုပျော်မွေ့လာမယ်

ကျမ်းစာအဆို– “ဘုရားသခင်က ခင်ဗျားတို့ကို အစားအစာ အလျှံပယ် ပေးဖို့၊ ရွှင်လန်းဝမ်းမြောက်စေဖို့ မိုးကောင်းကင်ကနေ မိုးရွာစေတယ်၊ အသီးအနှံတွေ ဖြစ်ထွန်းစေတဲ့ ရာသီဥတုကို ပေးတယ်။”—တမန်တော် ၁၄:၁၇။

ဆိုလိုတာက– သဘာဝလောကမှာ ရှိသမျှဟာ ဖန်ဆင်းရှင်ဆီက လက်ဆောင် ဖြစ်တယ်။ လက်ဆောင်ပေးတဲ့ အရှင်က သင့်ကို ဘယ်လောက် ဂရုစိုက်တယ်ဆိုတာ သိလာတဲ့အခါ အဲဒီလက်ဆောင်တွေအတွက် ကျေးဇူးတင် လေးမြတ်လာပါလိမ့်မယ်။

နေ့စဉ် အသက်တာအတွက် စိတ်ချရတဲ့ လမ်းညွှန် ရရှိမယ်

ကျမ်းစာအဆို– “ဖြောင့်မတ်ခြင်း၊ မှန်ကန်ခြင်း၊ တရားမျှတခြင်းစတဲ့ မွန်မြတ်တဲ့ လမ်းစဉ် မှန်သမျှကို မင်း နားလည်လာလိမ့်မယ်။”—ပညာအလိမ္မာ ၂:၉။

ဆိုလိုတာက– သင့်ကို ဖန်ဆင်းတဲ့အရှင် ဘုရားသခင်က သင် ပျော်ရွှင်ဖို့ ဘာလိုအပ်တယ်ဆိုတာ သိတယ်။ သမ္မာကျမ်းစာကို လေ့လာမယ်ဆိုရင် လက်ရှိအချိန်မှာ အကျိုးခံစားရမယ့် အကြံဉာဏ်တွေ ရပါလိမ့်မယ်။

သင် သိချင်တာတွေ သိလာရမယ်

ကျမ်းစာအဆို– “ဘုရားနဲ့ပတ်သက်တဲ့ အသိပညာကို ရလာမယ်။”—ပညာအလိမ္မာ ၂:၅။

ဆိုလိုတာက– ဖန်ဆင်းရှင် တည်ရှိတယ်ဆိုတာ သိရင် အရေးကြီးတဲ့ အောက်ပါမေးခွန်းတွေရဲ့ အဖြေကို သိရပါလိမ့်မယ်– ဘဝရည်ရွယ်ချက်က ဘာလဲ။ ဆင်းရဲဒုက္ခတွေ ဘာကြောင့် ဒီလောက် များသလဲ။ လူသေရင် ဘာဖြစ်သွားသလဲ။ ကျေနပ်ဖွယ် အဖြေတွေကို သမ္မာကျမ်းစာမှာ တွေ့ရပါမယ်။

အနာဂတ် မျှော်လင့်ချက် ရှိလာမယ်

ကျမ်းစာအဆို– “ယေဟောဝါ ပြောတာက– ‘မင်းတို့နဲ့ပတ်သက်ပြီး ငါ ဘာတွေ တွေးနေမှန်း ငါ သိတာပေါ့။ မင်းတို့ကို ငြိမ်သက်အေးချမ်းစေချင်တယ်။ ဘေးဆိုး မကြုံစေချင်ဘူး။ မင်းတို့ မျှော်လင့်တဲ့ အနာဂတ်မျိုး ပေးချင်တယ်။”—ယေရမိ ၂၉:၁၁။

jw.org/my မှာ တင်ထားတဲ့ သမ္မာကျမ်းစာ မှန်ကန်ကြောင်း ဘယ်လို သေချာစေနိုင်မလဲ နဲ့ သမ္မာကျမ်းစာရဲ့ အာဘော်ရှင်က ဘယ်သူလဲ ဗီဒီယိုတွေကို ကြည့်ပါ။ ရှာဖွေပါ အကွက်မှာ “သမ္မာကျမ်းစာ မှန်ကန်ကြောင်း၊” “သမ္မာကျမ်းစာရဲ့ အာဘော်ရှင်” ဆိုတာကို ရိုက်ထည့်ပြီး ရှာနိုင်ပါတယ်။

ဆိုလိုတာက– အနာဂတ်မှာ ဆိုးသွမ်းမှုတွေ၊ ဆင်းရဲဒုက္ခတွေနဲ့ သေခြင်းကိုတောင် ဖယ်ရှားပေးမယ်လို့ ဘုရားသခင် ကတိပေးထားတယ်။ ဘုရားသခင်ရဲ့ ကတိတွေကို ယုံကြည်မယ်၊ ဘုရားပေး အနာဂတ်ကို မျှော်လင့်နေမယ်ဆိုရင် လက်ရှိ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို သတ္တိရှိရှိ ရင်ဆိုင်နိုင်ပါလိမ့်မယ်။

ဖန်ဆင်းရှင်ကို ယုံကြည်လို့ တချို့သူတွေ အကျိုးခံစားရပုံ

စင်ဒီ။

“ဘဝကဏ္ဍတိုင်းမှာ ဘုရားသခင် ဘယ်လို ကူညီပေးနေတယ် ဆိုတာ ကျွန်မ သိလာရတဲ့အခါ အံ့ဩလို့ မဆုံးဘူး။ ဘဝမှာ အရေးကြီးဆုံး အရာတွေကို သိစေတယ်၊ တခြားသူတွေနဲ့ သင့်သင့်မြတ်မြတ် ရှိစေတယ်၊ ဘုရားသခင်နဲ့ မိတ်ဖွဲ့ခွင့် ရစေတယ်။”—စင်ဒီ၊ အမေရိကန်။

အလိဇ်။

“ဖန်ဆင်းရှင်ကို သိလာလို့ ကျွန်မရဲ့ ဘဝဟာ ပျော်ရွှင်ကျေနပ်စရာ၊ စိတ်ဝင်စားစရာ ကောင်းလာတယ်။ ဘုရားသခင်ကို ယုံကြည်တဲ့အချိန်ကစပြီး ဘဝဟာ ငြီးငွေ့စရာ မဖြစ်တော့ဘူး။ ဘုရားသခင်အကြောင်း၊ ဖန်ဆင်းရာတွေအကြောင်း၊ သမ္မာကျမ်းစာအကြောင်း လေ့လာဆည်းပူးလို့ မကုန်နိုင်ဘူး။”—အလိဇ်၊ ပြင်သစ်။

ပီတာ။

“သမ္မာကျမ်းစာကတစ်ဆင့် ဖန်ဆင်းရှင် သင်ပေးတာတွေကို လိုက်နာကျင့်သုံးလို့ ကျွန်တော် ပိုပျော်ရွှင်တဲ့သူ ဖြစ်လာတယ်။ အပြစ် မမြင်တတ်တော့ဘူး၊ တခြားသူကို ဂရုစိုက်တတ်လာတယ်၊ ပိုပျော်ရွှင် ကျေနပ်လာတယ်။ ပိုကောင်းတဲ့ ဖခင် ဖြစ်လာဖို့လည်း အကူအညီ ရတယ်။”—ပီတာ၊ နယ်သာလန်။

လဇ်။

“အရင်က ကျွန်မဟာ စားတာ၊ အိပ်တာ၊ အလုပ်ကို အချိန်မီ ရောက်ဖို့ ကြိုးစားတာနဲ့ပဲ လုံးပန်းခဲ့တယ်။ အသက်ရှင်နေတယ် ဆိုရုံပဲ။ အခုတော့ အသက်ရှင်ရတာ တကယ့် ဆုကျေးဇူးလို့ မြင်လာတယ်။ အသက်ကို တန်ဖိုးထား လေးမြတ်စိတ်နဲ့ ပျော်မွေ့နေပြီ။”—လဇ်၊ အက်စတိုးနီးယား။

အာဒရီယန်။

“ကျွန်တော်က သိပ်စိုးရိမ်တတ်တယ်။ ဆိုးသွမ်းမှုတွေ၊ မတရားမှုတွေ၊ ဆင်းရဲဒုက္ခတွေ အဆုံးတိုင်တော့မယ်ဆိုတာ သိလာလို့ ရင်ဆိုင်ဖြေရှင်းနိုင်ပြီ။”—အာဒရီယန်၊ ပြင်သစ်။

ဘဝနဲ့ပတ်သက်တဲ့ အရေးကြီးမေးခွန်းတွေကို ကျမ်းစာအဖြေပေးပုံကို ကြည့်ပါ။ ကျမ်းစာကို ဘာကြောင့် လေ့လာသင့်သလဲ—ဗီဒီယိုအရှည် ကို ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ