ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbv ဆောင်းပါး ၄၇
  • ပညာအလိမ္မာ ၂၂:၆—“သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပညာအလိမ္မာ ၂၂:၆—“သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့”
  • ကျမ်းပိုဒ် ရှင်းပြချက်များ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပညာအလိမ္မာ ၂၂:၆ ရဲ့ အဓိပ္ပာယ်
  • ပညာအလိမ္မာ ၂၂:၆ ရဲ့ အထက်အောက်စကား
  • ကလေးကို လေ့ကျင့်သင်ကြားပေးနိုင်ပုံ
    ပျော်ရွှင်တဲ့မိသားစုဘဝကို ဘယ်လိုပိုင်ဆိုင်နိုင်မလဲ
  • ပညာအလိမ္မာ ၁၆:၃—“ကိုယ်ပြုသောအမှုတို့ကို ထာဝရဘုရား၌အပ်လော့”
    ကျမ်းပိုဒ် ရှင်းပြချက်များ
  • သင့်ကလေးကို နို့စို့အရွယ်မှစ၍ လေ့ကျင့်ပါ
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • ပညာအလိမ္မာ ၃:၅၊ ၆—“ကိုယ့်ရဲ့ သိနားလည်နိုင်စွမ်းကို အားမကိုးနဲ့”
    ကျမ်းပိုဒ် ရှင်းပြချက်များ
နောက်ထပ် ကြည့်ပါ
ကျမ်းပိုဒ် ရှင်းပြချက်များ
ijwbv ဆောင်းပါး ၄၇

ကျမ်းပိုဒ် ရှင်းပြချက်များ

ပညာအလိမ္မာ ၂၂:၆—“သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့”

“ကလေးကို သူသွားသင့်တဲ့လမ်းအတိုင်း လေ့ကျင့်ပေးပါ။ အသက်ကြီးလာရင်တောင် အဲဒီလမ်းကို သူစွန့်ခွာမှာ မဟုတ်ဘူး။”—ပညာအလိမ္မာ ၂၂:၆၊ ကမ္ဘာသစ်ဘာသာပြန်ကျမ်း။

“သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည် အိုသောအခါ ထိုလမ်းမှမလွှဲ လိုက်သွားလိမ့်မည်။”—ပညာအလိမ္မာ ၂၂:၆၊ ယုဒသန်ကျမ်း။

ပညာအလိမ္မာ ၂၂:၆ ရဲ့ အဓိပ္ပာယ်

သားသမီးတွေ ဘုရားကို ချစ်အောင်၊ ပညတ်တွေ လိုက်နာတတ်အောင် မိဘတွေ သွန်သင်ဆုံးမပေးတာတွေဟာ သူတို့ဘဝတစ်လျှောက်လုံး စွဲကျန်သွားတတ်တယ်။

“ကလေးကို သူသွားသင့်တဲ့လမ်းအတိုင်း လေ့ကျင့်ပေးပါ။” ဒီဝါကျကို “ကလေးကို လမ်းမှန်ပေါ် ရောက်အောင် ပို့ပေးပါ” လို့လည်း ပြန်ဆိုနိုင်တယ်။ အမှားအမှန် ခွဲခြားတတ်အောင် ကလေးတွေကို ငယ်ငယ်ကတည်းက သင်ပေးပါဆိုပြီး ပညာအလိမ္မာကျမ်းမှာ မိဘတွေကို အထပ်ထပ် တိုက်တွန်းထားတယ်။ (ပညာအလိမ္မာ ၁၉:၁၈။ ၂၂:၁၅။ ၂၉:၁၅) တစ်ဖက်မှာလည်း အရွယ်ရောက်သူတွေလို သားသမီးတွေမှာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိတယ်ဆိုတာ မေတ္တာရှိတဲ့မိဘတွေ အသိအမှတ်ပြုကြတယ်။ ဒါကိုလုပ်ဆိုပြီး ပြောရုံပြောမယ့်အစား ဘာကြောင့် လုပ်ခိုင်းတယ်ဆိုတာ ကလေး နားလည်လာအောင် ရှင်းပြပေးကြတယ်။ ဒီလိုလုပ်ပေးတာက သူတို့လေးတွေကို ဆုံးဖြတ်ချက်ကောင်းတွေ ကိုယ်တိုင်ချတတ်တဲ့၊ တာဝန်သိတတ်တဲ့ ရင့်ကျက်သူတွေ ဖြစ်လာအောင် ကူညီပေးနေတာပါပဲ။—တရားဟောရာ ၆:၆၊ ၇။ ကောလောသဲ ၃:၂၁။

ကျမ်းပညာရှင်တချို့က ဒီကျမ်းချက်ကို “ကလေးကို သူ့သဘောသဘာဝ အတိုင်း၊” နောက်တစ်မျိုး ပြောရရင် ကလေး ဖြစ်ချင်တဲ့အတိုင်း လေ့ကျင့်ပေးပါဆိုတဲ့ အဓိပ္ပာယ်ပေါက်တယ်လို့ ထင်ကြေးပေးကြတယ်။ ဒါဟာ မှန်သယောင်ယောင် ရှိပေမဲ့ “သူသွားသင့်တဲ့လမ်း” ဆိုတဲ့ ဟီဘရူးစကားလုံးဟာ မှန်ကန်ဖြောင့်မတ်တဲ့ လမ်းစဉ်ကို ဆိုလိုဖို့ များတယ်။ ပညာအလိမ္မာကျမ်းအရ လူတစ်ယောက်မှာ ရွေးချယ်စရာ နှစ်လမ်း ရှိတယ်။ တစ်လမ်းက “သူတော်ကောင်းတွေရဲ့ လမ်းစဉ်၊” “ဉာဏ်ပညာလမ်း၊” “လမ်းမှန်။” (ပညာအလိမ္မာ ၂:၂၀။ ၄:၁၁။ ၂၃:၁၉) နောက်တစ်လမ်းကတော့ “လူယုတ်မာတွေရဲ့လမ်း၊” ‘လူမိုက်ရဲ့ လမ်းစဉ်၊’ “လမ်းမှား။” (ပညာအလိမ္မာ ၄:၁၄။ ၁၂:၁၅။ ၁၆:၂၉) ဒါကြောင့် ကလေးတစ်ယောက် “သွားသင့်” တဲ့ လမ်းဟာ “လမ်းမှန်” ကိုပဲ ရည်ညွှန်းရမယ်။ ဘုရားရဲ့ တရားစကား၊ သမ္မာကျမ်းစာ သင်ပေးတဲ့ ဘဝလမ်းစဉ်ပါပဲ။—ဆာလံ ၁၁၉:၁၀၅။

“အသက်ကြီးလာရင်တောင် အဲဒီလမ်းကို သူစွန့်ခွာမှာ မဟုတ်ဘူး။” မိဘတွေက ဘုရားရဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေ သင်ပေးမယ်ဆိုရင် လမ်းမှန်ပေါ် သားသမီးတွေ တစ်သက်လုံး လျှောက်လှမ်းသွားတတ်တယ်။ ဒီလိုပြောတဲ့အတွက် ကောင်းကောင်း လေ့ကျင့်ခံရတဲ့ သားသမီးတိုင်းဟာ ဘုရားလမ်းစဉ်ကို ဘယ်တော့မှ “စွန့်ခွာ” မှာ မဟုတ်ဘူးလို့ ပြောလို့ မရပြန်ဘူး။ ဥပမာ၊ မကောင်းတာတွေကို အားပေးအားမြှောက်လုပ်တဲ့သူတွေနဲ့ ကြာကြာပေါင်းမယ်ဆိုရင် “ဖြောင့်မှန်တဲ့လမ်း” ကို စွန့်ခွာပြီး မကောင်းတာတွေ လုပ်လာနိုင်တယ်။ (ပညာအလိမ္မာ ၂:၁၂-၁၆။ ၁ ကောရိန္သု ၁၅:၃၃) ဘာပဲဖြစ်ဖြစ် မိဘတွေအနေနဲ့ သားသမီးတွေကို ဘုရားရဲ့ စံနှုန်းတွေ လိုက်နာတတ်ဖို့ လေ့ကျင့်ပေးနေတာဟာ သူတို့လေးတွေရဲ့ ဘဝအောင်မြင်ပျော်ရွှင်ဖို့ အကောင်းဆုံးအခွင့်အရေး ဖန်တီးပေးနေတာပါပဲ။—ပညာအလိမ္မာ ၂:၁၊ ၁၁။

ပညာအလိမ္မာ ၂၂:၆ ရဲ့ အထက်အောက်စကား

ပညာအလိမ္မာ အခန်းကြီး ၂၂ မှာ ဘဝကဏ္ဍအသီးအသီးအတွက် ဘုရားရဲ့ ဆုံးမစကားတွေကို စုစည်းထားတယ်၊ ယေဟောဝါaရှေ့မှာ နာမည်ကောင်းရှိခြင်းရဲ့ တန်ဖိုးကို အလေးပေးထားတယ်။ စိတ်နှိမ့်ချမယ်၊ ရက်ရောမယ်၊ အလုပ်ကြိုးစားမယ်ဆိုရင် ဘုရားရှေ့ နာမည်ကောင်း ရမယ်။ (ပညာအလိမ္မာ ၂၂:၁၊ ၄၊ ၉၊ ၂၉) ဘုရားရဲ့ စံနှုန်းတွေကို လျစ်လျူရှုမယ်၊ မရှိဆင်းရဲသားတွေကို ဖိနှိပ်မယ်ဆိုရင်တော့ ဆိုးကျိုးတွေ ရမယ်။—ပညာအလိမ္မာ ၂၂:၈၊ ၁၆၊ ၂၂-၂၇။

ပညာအလိမ္မာ အခန်းကြီး ၂၂ ရဲ့ ကျမ်းချက်အများစုက သားသမီးပြုစုပျိုးထောင်ရေးနဲ့ တိုက်ရိုက် မပတ်သက်ပေမဲ့ ဘယ်လို ဘဝလမ်းစဉ်က ဘုရားရဲ့ နှစ်သက်မှု ရစေတယ်၊ စစ်မှန်တဲ့ ပျော်ရွှင်မှု ပေးတယ်ဆိုတာ ဖော်ပြထားတယ်။ (ပညာအလိမ္မာ ၂၂:၁၇-၁၉) ကလေးတွေကို အဲဒီလမ်းစဉ်အတိုင်း လေ့ကျင့်ပျိုးထောင်ပေးတာဟာ သူတို့လေးတွေကို အကောင်းဆုံးအရာ ပေးလိုက်တာပါပဲ။—ဧဖက် ၆:၁-၃။

ကမ္ဘာသစ်ဘာသာပြန်ကျမ်း ထဲက ပညာအလိမ္မာ အခန်းကြီး ၂၂ ကို ဖတ်ပါ။ ဖတ်ရလွယ်ကူတဲ့ ဒီကျမ်းမှာ အသံဖိုင်တွေ၊ ရုပ်ပုံတွေ၊ မြေပုံတွေ၊ ဗီဒီယိုတွေ၊ နောက်ဆက်တွဲတွေ၊ အောက်ခြေမှတ်ချက်နဲ့ ကျမ်းအညွှန်းတွေ ပါတယ်။

ပညာအလိမ္မာကျမ်း ခြုံငုံသုံးသပ်ချက်ကို သိနိုင်ဖို့ ဒီဗီဒီယိုတိုကို ကြည့်ပါ။

a ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့ နာမည် ဖြစ်တယ်။ (ဆာလံ ၈၃:၁၈) “ယေဟောဝါဆိုတာ ဘယ်သူလဲ” ဆောင်းပါးကို ဖတ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ