ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၇ ၆/၁ စာ. ၃၁
  • စာရှုသူများထံမှမေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှမေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • “သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့”
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၆
  • မိဘတို့—သင်တို့၏သားသမီးကိုမေတ္တာဖြင့် လေ့ကျင့်ပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • သင့်ကလေးကို နို့စို့အရွယ်မှစ၍ လေ့ကျင့်ပါ
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • ဝိညာဉ်ရေးခိုင်ခံ့သောမိသားစု တည်ဆောက်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
က၀၇ ၆/၁ စာ. ၃၁

စာရှုသူများထံမှမေးခွန်းလွှာ

ခရစ်ယာန်ကလေးများသည် ကောင်းစွာလေ့ကျင့်ခံရမည်ဆိုပါက သူတို့သည် ယေဟောဝါ၏နည်းလမ်းတော်မှ သွေဖည်သွားလိမ့်မည်မဟုတ်ကြောင်း နယပုံပြင် ၂၂:၆ ကအာမခံနေခြင်းလော။

ထိုကျမ်းချက်တွင် ဤသို့ဖတ်ရသည်– “သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည်အိုသောအခါ ထိုလမ်းမှမလွှဲ လိုက်သွားလိမ့်မည်။” သစ်ပင်တစ်ပင်ရှိ ကောက်နေသော သစ်ကိုင်းငယ်တစ်ခုသည် ယင်းအတိုင်းကြီးထွားသွားသကဲ့သို့ ကောင်းစွာလေ့ကျင့်ခံထားသည့်ကလေးများသည် သူတို့ ကြီးပြင်းလာသောအခါ ယေဟောဝါ၏အမှုတော်ဆက်ထမ်းဆောင်ရန် ပို၍စိတ်ပါခဲ့ကြသည်။ မိဘတိုင်းသိထားသည့်အတိုင်း ထိုသို့သောလေ့ကျင့်ခြင်းတွင် အချိန်နှင့် ကြိုးစားအားထုတ်မှု အတော်အတန်လိုအပ်သည်။ မိမိတို့၏ကလေးများအား ခရစ်ယာန်တပည့်များဖြစ်စေရန်မှာ မိဘများသည် ပုံသက်သေကောင်းပြရမည့်အပြင် ဂရုတစိုက်ညွှန်ကြား၊ တိုက်တွန်း၊ အားပေး၊ ဆုံးမရမည်ဖြစ်သည်။ ယင်းကို နှစ်ပေါင်းများစွာ အဆက်မပြတ်၊ မေတ္တာပါပါလုပ်ရမည်။

သို့သော် ကလေးတစ်ဦးသည် ယေဟောဝါအမှုတော်ထမ်းဆောင်ခြင်းမှ သွေဖည်သွားပါက မိဘတို့၏လေ့ကျင့်မှုမှားနေသည်ဟု ယူဆရမည်လော။ မိဘများသည် မိမိတို့၏ကလေးများကို ယေဟောဝါ၏ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်သဘောတော်ဆိုင်ရာ စည်းမျဉ်းဥပဒေနှင့်အညီ ကြိုးစားလေ့ကျင့်ကြရာ၌ အချို့ကိစ္စများတွင် လိုအပ်ချက်များရှိပေမည်။ (ဧဖက် ၆:၄၊ ကဘ) သို့သော် ကောင်းသောလေ့ကျင့်မှုက ဘုရားသခင့်အပေါ်တည်ကြည်သောကလေးများ ဖြစ်စေမည်ဟု နယပုံပြင်ကျမ်းက အာမခံနေခြင်းမဟုတ်ပါ။ မိဘများသည် မိမိတို့၏စိတ်ကြိုက်အတိုင်း ကလေးများကို ပုံသွင်း၍မရနိုင်ပါ။ လူကြီးများကဲ့သို့ပင် ကလေးများလည်း လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိပြီး နောက်ဆုံးတွင် မိမိတို့ဘဝလမ်းစဉ်ကို ကိုယ်တိုင်ရွေးချယ်ကြရမည်ဖြစ်သည်။ (တရားဟောရာ ၃၀:၁၅၊ ၁၆၊ ၁၉) မိဘများသည် အတတ်နိုင်ဆုံး စိတ်အားထက်သန်စွာလေ့ကျင့်သော်ငြားလည်း အချို့ကလေးများမှာ ကျွန်ုပ်တို့သုံးသပ်နေသည့်ကျမ်းချက်ကိုရေးသားခဲ့သူ ရှောလမုန်ကဲ့သို့ပင် ဘုရားသခင်အပေါ် မတည်ကြည်သူများဖြစ်လာခဲ့ကြသည်။ ယေဟောဝါကိုယ်တော်တိုင်တွင်ပင် မတည်ကြည်သောသားများရှိကြသည်။

ထို့ကြောင့် ဤကျမ်းချက်သည် ကလေးတစ်ဦး ကိစ္စရပ်တိုင်းတွင် “ထိုလမ်းမှမလွှဲ” ဟူ၍ အဓိပ္ပာယ်မသက်ရောက်ပါ၊ သို့သော် ယေဘုယျအားဖြင့် ဖော်ပြရသော် ထိုအတိုင်းဖြစ်မည်။ မိဘများအတွက် အားရှိစရာပါတကား! မိဘများသည် မိမိတို့၏ကလေးများအား ယေဟောဝါ၏နည်းလမ်းတော်အတိုင်း လေ့ကျင့်ပေးရာတွင် မိမိတို့၏အတတ်နိုင်ဆုံး ကြိုးစားအားထုတ်မှုက ရလဒ်ကောင်းများပေါ်ထွက်စေမည်ကိုသိထားခြင်းမှ အားယူသင့်သည်။ မိမိတို့၏ကဏ္ဍသည် အရေးကြီးပြီး မိမိတို့၏သြဇာသည် ကြီးစွာသက်ရောက်မှုရှိသောကြောင့် မိဘများသည် မိမိတို့၏အခန်းကဏ္ဍကို လေးလေးနက်နက်လုပ်ဆောင်ကြရန် အားပေးခံရကြသည်။—⁠တရားဟောရာ ၆:၆၊ ၇။

ကလေးများသည် ယေဟောဝါ၏အမှုတော်ထမ်းခြင်းမှ သွေဖည်သွားကြသည့်တိုင် မိမိတို့၏ကလေးများအား လေ့ကျင့်ပေးရာ၌ တာဝန်ကျေပွန်သောမိဘများသည် မိမိတို့၏ကလေးများ အသိတရားပြန်ဝင်လာကြလိမ့်မည်ကို မျှော်လင့်ထားနိုင်သည်။ သမ္မာကျမ်းစာအမှန်တရားသည် တန်ခိုးကြီး၏၊ မိဘများ၏လေ့ကျင့်ပေးမှုကို အလွယ်တကူမေ့ပျောက်၍မရချေ။—⁠ဆာလံ ၁၉:⁠၇။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ