-
မျက်မှောက်ခေတ်အသက်ရှင်နေထိုင်မှုအတွက် လက်တွေ့ကျသောစာအုပ်လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ်
-
-
သို့သော် မိဘအခွင့်အာဏာ—“ဆုံးမသောကြိမ်လုံး”—ကို မတော်မတန် အသုံးမပြုသင့်ပေ။b (သု. ၂၂:၁၅; ၂၉:၁၅) ကျမ်းစာက မိဘတို့အား “သင်၏သားသမီးတို့ကို တရားလွန်ပဲ့ပြင်မှုမပြုလေနှင့်၊ သို့ပြုလျှင် သင်သည် သူတို့ကို လုံးလုံးစိတ်ဓာတ်ကျစေရာ ရောက်လိမ့်မည်” ဟုသတိပေးထားသည်။ (ကောလောသဲ ၃:၂၁၊ ဖိလစ်) ရိုက်နှက်ဆုံးမခြင်းသည် အများအားဖြင့် အထိရောက်ဆုံးသွန်သင်နည်းမဟုတ်ကြောင်းကိုလည်း ယင်းက အသိအမှတ်ပြုသည်။ နယပုံပြင် ၁၇:၁၀ က “မိုက်သောသူသည် ဒဏ်ချက်တစ်ရာကိုအမှုထားသည်ထက်၊ ပညာရှိသောသူသည် ဆုံးမသောစကားကိုသာ၍အမှုထားတတ်၏” ဟုဆိုသည်။ ထို့အပြင် ကျမ်းစာက မဖြစ်မီကြိုတင်ကာကွယ်သော ဆုံးမပဲ့ပြင်မှုမျိုးကို ထောက်ခံပါသည်။ တရားဟောရာ ၁၁:၁၉ တွင် မိဘတို့သည် ရံဖန်ရံခါ အခွင့်အရေးယူကာ ကိုယ်ကျင့်သိက္ခာဆိုင်ရာစံများကို မိမိတို့သားသမီးတို့အတွင်းတွင် သွတ်သွင်းပေးဖို့ တိုက်တွန်းထားသည်။—တရားဟောရာ ၆:၆၊ ၇ လည်းရှု။
-