ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၈၃
  • မိတ်ဆွေဖွဲ့ခြင်းအကြောင်း ကျမ်းစာ ဘာပြောသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိတ်ဆွေဖွဲ့ခြင်းအကြောင်း ကျမ်းစာ ဘာပြောသလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအဖြေ
  • မိတ်ဆွေကောင်း ဘယ်လို ဖြစ်နိုင်မလဲ
  • မိတ်ဆွေကောင်း ပီသခဲ့ကြတဲ့ ဘယ်သူတွေအကြောင်း ကျမ်းစာမှာ ပါသလဲ
  • လူတွေဟာ ဘုရားရဲ့ မိတ်ဆွေ ဖြစ်နိုင်သလား
  • မေတ္တာကင်းမဲ့သောလောကတွင် မိတ်ဆွေများအဖြစ် ခင်မင်ရင်းနှီးမှုကို ဆက်ထိန်းသိမ်းခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ပညာအလိမ္မာ ၁၇:၁၇—“မိတ်ဆွေသည် အခါခပ်သိမ်းချစ်တတ်၏”
    ကျမ်းပိုဒ် ရှင်းပြချက်များ
  • တည်တံ့သောခင်မင်ရင်းနှီးမှုများကို သင်ခံစားနိုင်သည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ဘုရားသခင်ကို ချစ်တဲ့သူတွေကို မိတ်ဆွေဖွဲ့ပါ
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၈၃
အသက်အရွယ် မတူတဲ့ မိတ်ဆွေတွေ မီးပုံနား ဝိုင်းထိုင်နေကြ၊ တစ်ယောက်က ဂစ်တာတီးနေ။

မိတ်ဆွေဖွဲ့ခြင်းအကြောင်း ကျမ်းစာ ဘာပြောသလဲ

ကျမ်းစာအဖြေ

မိတ်ဆွေသူငယ်ချင်းတွေ ရှိတာက ပျော်ရွှင်အောင်မြင်တဲ့ ဘဝမျိုး ရစေတယ်။ မိတ်ဆွေကောင်းတွေက အချင်းချင်းအပေါ် ကောင်းတဲ့ ဩဇာ လွှမ်းတဲ့အပြင် ပိုကောင်းတဲ့သူတွေ ဖြစ်စေတယ်။—ပညာအလိမ္မာ ၂၇:၁၇။

ကျမ်းစာမှာတော့ မိတ်ဆွေတွေကို ဂရုတစိုက် ရွေးချယ်ဖို့ အားပေးတယ်။ မကောင်းတဲ့သူနဲ့ မိတ်ဆွေ ဖွဲ့မိရင် ရလာမယ့် အကျိုးဆက်တွေကိုလည်း သတိပေးထားတယ်။ (ပညာအလိမ္မာ ၁၃:၂၀။ ၁ ကောရိန္သု ၁၅:၃၃) မကောင်းတဲ့ အပေါင်းအသင်းကြောင့် ဆုံးဖြတ်ချက်တွေ မှားနိုင်တယ်၊ ကိုယ့်ရဲ့ အရည်အသွေးကောင်းတွေ ပျက်စီးနိုင်တယ်။

ဒီဆောင်းပါးမှာ

  • မိတ်ဆွေကောင်း ဘယ်လို ဖြစ်နိုင်မလဲ

  • မိတ်ဆွေကောင်း ပီသခဲ့ကြတဲ့ ဘယ်သူတွေအကြောင်း ကျမ်းစာမှာ ပါသလဲ

  • လူတွေဟာ ဘုရားရဲ့ မိတ်ဆွေ ဖြစ်နိုင်သလား

  • မိတ်ဆွေ ဖွဲ့ခြင်းအကြောင်း ဖော်ပြတဲ့ ကျမ်းပိုဒ်များ

မိတ်ဆွေကောင်း ဘယ်လို ဖြစ်နိုင်မလဲ

မိတ်ဆွေကောင်းဆိုတာ စိတ်ဝင်စားရာ၊ ဝါသနာပါရာတွေ တူရုံထက်မက ပိုလေးနက်တယ်လို့ ကျမ်းစာမှာ ဖော်ပြတယ်။ ဥပမာ၊ ဆာလံ ၁၁၉:၆၃ မှာ “ကျွန်တော်ဟာ ကိုယ်တော့်ကိုa ကြောက်ရွံ့ရိုသေသူတွေ၊ အမိန့်တော် စောင့်ထိန်းသူတွေရဲ့ မိတ်ဆွေပါပဲ” လို့ ဆိုထားတယ်။ ကျမ်းရေးသူက ဘုရားကို ကြောက်ရွံ့ရိုသေပြီး ဘုရားစံနှုန်းအတိုင်း နေထိုင်တဲ့သူတွေကို မိတ်ဆွေအဖြစ် ရွေးပေါင်းတဲ့အကြောင်း ဖော်ပြတယ်။

မိတ်ဆွေကောင်း ပီသသူမှာ ရှိတတ်တဲ့ အရည်အသွေးတွေကိုလည်း ကျမ်းစာမှာ အခုလို ဖော်ပြထားတယ်။

  • “မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာပြတတ်တယ်။ သူဟာ ဒုက္ခရောက်ချိန်မှာ အားကိုးရတဲ့ ညီအစ်ကိုပဲ။”—ပညာအလိမ္မာ ၁၇:၁၇။

  • “အချင်းချင်းကို နင်းခြေဖို့ အသင့်ဖြစ်နေတဲ့ အပေါင်းအသင်းတွေ ရှိတယ်။ ညီအစ်ကိုထက် တွယ်တာတဲ့ မိတ်ဆွေလည်း ရှိတယ်။”—ပညာအလိမ္မာ ၁၈:၂၄။

ဒီကျမ်းပိုဒ်တွေအရ မိတ်ဆွေစစ်၊ မိတ်ဆွေကောင်းဆိုတာ သစ္စာရှိတယ်၊ ချစ်ခင်ကြင်နာပြီး ရက်ရောတယ်။ ဘဝအတက်အကျ ကြုံရတဲ့အခါ ကိုယ့်ကို စွန့်ခွာမသွားဘဲ ကူညီဖြေရှင်းပေးတတ်တယ်။ ကိုယ်မှားနေရင်၊ ဆုံးဖြတ်ချက် မှားတော့မယ်ဆိုရင် အားမနာတမ်း ပြောတတ်တယ်။—ပညာအလိမ္မာ ၂၇:၆၊ ၉။

မိတ်ဆွေကောင်း ပီသခဲ့ကြတဲ့ ဘယ်သူတွေအကြောင်း ကျမ်းစာမှာ ပါသလဲ

အသက်အရွယ်၊ ဘဝနောက်ခံ၊ ယဉ်ကျေးမှု၊ အာဏာရှိ အနေအထား မတူကြပေမဲ့ မိတ်ဆွေကောင်း ပီသခဲ့ကြသူတွေအကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ မိတ်ဆွေနှောင်ကြိုး ခိုင်မြဲခဲ့ကြတဲ့သူတွေကတော့

  • ရုသနဲ့ နောမိ။ ရုသဟာ နောမိရဲ့ ချွေးမ ဖြစ်တဲ့အတွက် နှစ်ယောက်သား အသက် တော်တော် ကွာမှာ သေချာတယ်။ ယဉ်ကျေးမှု နောက်ခံလည်း မတူကြဘူး။ ဒီလို မတူညီမှုတွေ ရှိပေမဲ့ တစ်ယောက်ကို တစ်ယောက် တော်တော်လေး ချစ်ခင်ရင်းနှီးခဲ့ကြတယ်။—ရုသ ၁:၁၆။

  • ဒါဝိဒ်နဲ့ ယောနသန်။ ယောနသန်ဟာ ဒါဝိဒ်ထက် အသက် ၃၀ ပိုကြီးပေမဲ့ သူတို့နှစ်ယောက် “သိပ်ရင်းနှီးသွားကြတယ်” လို့ ကျမ်းစာက ဆိုတယ်။—၁ ရှမွေလ ၁၈:၁။

  • ယေရှုနဲ့ တမန်တော်တွေ။ ယေရှုဟာ ဆရာ၊ သခင် ဖြစ်တဲ့အတွက် တမန်တော်တွေအပေါ် ဩဇာအာဏာရှိသူ ဖြစ်တယ်။ (ယောဟန် ၁၃:၁၃) ဒါပေမဲ့ ဆရာသမား ဖြစ်တဲ့အတွက် တပည့်တွေနဲ့ မိတ်ဆွေ မဖြစ်ထိုက်ဘူးလို့ ယေရှု သဘောမထားဘူး။ မိမိရဲ့ သွန်သင်ချက် လိုက်နာသူတွေအပေါ် သံယောဇဉ်ကြီးတယ်။ ဒါကြောင့် “ကျွန်တော်ကတော့ အဖဘုရားဆီက ကြားနာခဲ့သမျှ ပြန်ပြောပြတဲ့အတွက် ခင်ဗျားတို့ကို မိတ်ဆွေလို့ ခေါ်မယ်” လို့ ပြောခဲ့တယ်။—ယောဟန် ၁၅:၁၄၊ ၁၅။

လူတွေဟာ ဘုရားရဲ့ မိတ်ဆွေ ဖြစ်နိုင်သလား

လူတွေဟာ ဘုရားရဲ့ မိတ်ဆွေ ဖြစ်နိုင်ပါတယ်။ ဘုရားသခင်ဟာ “ရိုးဖြောင့်သူကိုတော့ ခင်မင်ရင်းနှီးတယ်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ပညာအလိမ္မာ ၃:၃၂) ဘုရားသခင်က လူကောင်းတွေ၊ ရိုးသားဖြောင့်မတ်သူတွေ၊ အမှားအမှန်နဲ့ပတ်သက်တဲ့ မိမိရဲ့ စံနှုန်းအတိုင်း ကြိုးစားနေထိုင်သူတွေကို မိတ်ဆွေအဖြစ် ရွေးချယ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ သစ္စာရှိသူ အာဗြဟံကို ဘုရားရဲ့ မိတ်ဆွေလို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—၂ ရာဇဝင်ချုပ် ၂၀:၇။ ဟေရှာယ ၄၁:၈။ ယာကုပ် ၂:၂၃။

a ဒီဆာလံကျမ်းပိုဒ် ရှေ့နောက်စကားအရ “ကိုယ်တော့်ကို” ဆိုတာ ဘုရားသခင်ကို ဆိုလိုတယ်။

မိတ်ဆွေ ဖွဲ့ခြင်းအကြောင်း ဖော်ပြတဲ့ ကျမ်းပိုဒ်များ

ဆာလံ ၁၁၉:၆၃။ “ကျွန်တော်ဟာ ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေသူတွေ၊ အမိန့်တော် စောင့်ထိန်းသူတွေရဲ့ မိတ်ဆွေပါပဲ။”

အဓိပ္ပာယ်။ ကိုယ့်လိုပဲ ဘုရားကို ယုံကြည်သူ၊ ဘုရားစံနှုန်းအတိုင်း နေထိုင်ချင်သူတွေနဲ့ ရွေးပေါင်းရမယ်။

ပညာအလိမ္မာ ၃:၃၂။ “ယေဟောဝါbဟာ စဉ်းလဲသူကို ရွံရှာတယ်။ ရိုးဖြောင့်သူကိုတော့ ခင်မင်ရင်းနှီးတယ်။”

အဓိပ္ပာယ်။ ဘုရားရဲ့ မိတ်ဆွေ ဖြစ်ချင်ရင် ကောက်ကျစ်စဉ်းလဲမှု မရှိရဘူး၊ အကျင့်စာရိတ္တ သန့်ရှင်းရမယ်။

ပညာအလိမ္မာ ၁၃:၂၀။ “ဉာဏ်ပညာရှိသူနဲ့ ပေါင်းဖော်ရင် ဉာဏ်ပညာ ရှိလာမယ်။ လူမိုက်နဲ့ ပေါင်းဖော်ရင်တော့ ဒုက္ခလှလှ တွေ့လိမ့်မယ်။”

အဓိပ္ပာယ်။ အပေါင်းအသင်းကြောင့် ဂုဏ်တက်တာ၊ အပေါင်းအသင်းကြောင့် ဂုဏ်ပျက်တာတွေ ရှိတယ်။

ပညာအလိမ္မာ ၁၇:၁၇။ “မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာပြတတ်တယ်။ သူဟာ ဒုက္ခရောက်ချိန်မှာ အားကိုးရတဲ့ ညီအစ်ကိုပဲ။”

အဓိပ္ပာယ်။ မိတ်ဆွေစစ်တွေဟာ ကိုယ်အဆင်ပြေချိန်မှာရော ဒုက္ခရောက်ချိန်မှာပါ ဖေးမကူညီတတ်တယ်။

ပညာအလိမ္မာ ၁၈:၂၄။ “အချင်းချင်းကို နင်းခြေဖို့ အသင့်ဖြစ်နေတဲ့ အပေါင်းအသင်းတွေ ရှိတယ်။ ညီအစ်ကိုထက် တွယ်တာတဲ့ မိတ်ဆွေလည်း ရှိတယ်။”

အဓိပ္ပာယ်။ မိတ်ဆွေစစ်ဟာ ယုံကြည်စိတ်ချမှုကို အလွဲသုံးစား မလုပ်ဘူး။ သစ္စာရှိတယ်၊ စိတ်ချရတယ်၊ မေတ္တာရှိတယ်။

ပညာအလိမ္မာ ၂၇:၆။ “သစ္စာရှိတဲ့ မိတ်ဆွေဟာ ခက်ခဲပုံပေါက်နေရင်တောင် ပဲ့ပြင်တတ်တယ်။”

အဓိပ္ပာယ်။ မိတ်ဆွေကောင်းမှန်ရင် အမှားကို ထောက်ပြပြီး ပဲ့ပြင်ပေးတတ်တယ်။

ပညာအလိမ္မာ ၂၇:၁၇။ “သံကို သံချင်း ထက်စေသလို လူက မိတ်ဆွေကို ထက်မြက်စေတယ်။”

အဓိပ္ပာယ်။ မိတ်ဆွေကောင်းတွေဟာ အချင်းချင်းကို ပိုကောင်းတဲ့သူတွေ ဖြစ်စေတယ်။

b ယေဟောဝါဆိုတာ ကျမ်းစာမှာ ပါတဲ့ ဘုရားသခင့်နာမည်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ