ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၅ ၇/၁ စာ. ၈-၉
  • အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်ခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆုတောင်းဖို့ အရေးကြီး
  • အနာဂတ်မျှော်လင့်ချက်
  • လူတိုင်း စိုးရိမ်ပူပန်နေကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • စိုးရိမ်စရာ ရှိသမျှကို ယေဟောဝါဆီ ပုံအပ်ထားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • အမျိုးသားတွေရဲ့ စိုးရိမ်ပူပန်မှုကို ရင်ဆိုင်ဖြေရှင်းဖို့ ကျမ်းစာ ကူညီပေးနိုင်ပုံ
    ထပ်ဆင့် အကြောင်းအရာများ
  • သင်တို့၏ စိုးရိမ်မှုရှိသမျှတို့ကို ယေဟောဝါ၌ အပ်နှံကြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
က၁၅ ၇/၁ စာ. ၈-၉

မျက်နှာဖုံးဆောင်းပါး | စိုးရိမ်ပူပန်မှုတွေ ဘယ်လိုပြေပျောက်နိုင်မလဲ

အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်ခြင်း

“အချက်ပေးသံကြားလိုက်တိုင်း ကျွန်မ နှလုံးခုန်မြန်လာပြီး ဗုံးခိုကျင်းထဲ ပြေးဆင်းသွားတော့တာပဲ။ အဲဒါတောင် ကျွန်မ စိုးရိမ်တုန်လှုပ်နေတုန်း။ ပုန်းစရာနေရာမရှိတဲ့ အပြင်မှာဆို ကျွန်မအတွက် ပိုလို့တောင်ဆိုးသေး။ တစ်ခါကဆိုရင် ကျွန်မ အပြင်မှာရှိနေတုန်း အချက်ပေးသံလည်းကြားရော စိတ်မထိန်းနိုင်ဘဲ ငိုချလိုက်တာ အသက်ရှူလို့တောင် မရတော့ဘူး။ အချိန်အတော်ကြာတဲ့အထိ ဘာလုပ်ရမှန်းမသိဘဲ ကြောင်တောင်တောင်ဖြစ်သွားတယ်။ နောက်မှ သတိဝင်လာပြီး အချက်ပေးသံကို ပြန်ကြားရတယ်” လို့ အလောန်အာပြောပြတယ်။

ဗုံးပေါက်ကွဲတဲ့အန္တရာယ်ကို စိုးရိမ်ကြောက်ရွံ့နေတဲ့ အလောန်အာ

အလောန်အာ

စစ်ပွဲတွေဟာ အသက်အန္တရာယ်ဖြစ်စေတဲ့ အကြောင်းရင်းများစွာထဲက တစ်ခုလောက်ပဲရှိသေးတယ်။ ဥပမာ၊ သင် ဒါမှမဟုတ် သင်ချစ်မြတ်နိုးရသူဆီမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ ရောဂါတစ်ခုခုဖြစ်နေမှန်း သိလိုက်တဲ့အခါ အကြီးအကျယ် တုန်လှုပ်ချောက်ချားသွားတယ်မဟုတ်လား။ တချို့ကျတော့ အနာဂတ်ကိုတွေးပြီး ခုလိုစိုးရိမ်နေကြတယ်– ‘ငါတို့ရဲ့ သားစဉ်မြေးဆက်တွေက စစ်ပွဲ၊ ရာဇဝတ်မှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ရာသီဥတုဖောက်ပြန်မှု၊ ကူးစက်ရောဂါတွေ ဖြစ်နေတဲ့ ကမ္ဘာကြီးမှာ နေထိုင်ရမှာလား။’ အဲဒီလိုစိုးရိမ်ပူပန်မှုတွေကို ပြေပျောက်သွားအောင် ဘယ်လိုလုပ်နိုင်မလဲ။

အဖြစ်ဆိုးတွေဖြစ်နိုင်တာကို သိရှိထားတဲ့ “စဉ်းစားဉာဏ်ရှိသူသည် မိမိကြုံတွေ့ရမည့် အန္တရာယ်ကို ကြိုတင်တွေ့မြင်၍ ရှောင်ရှားတတ်၏။” (သုတ္တံ ၂၇:၁၂၊ ခမ) ကျွန်ုပ်တို့က ကာယပိုင်းကို ကာကွယ်သလို စိတ်ပိုင်းဆိုင်ရာကိုလည်း ကာကွယ်ဖို့လိုပါတယ်။ အကြမ်းဖက်ဖျော်ဖြေရေးတွေ၊ အနိဋ္ဌာရုံပုံတွေနဲ့ တင်ဆက်ထားတဲ့ သတင်းတွေက ကျွန်ုပ်တို့ကိုရော၊ သားသမီးတွေကိုပါ မီးလောင်ရာလေပင့်သလို စိုးရိမ်ပူပန်တွေ ပိုတိုးလာစေတယ်။ အဖြစ်မှန်တွေကို မသိကျိုးကျွန်ပြုချင်လို့ အကြမ်းဖက်ရုပ်ပုံတွေကို ရှောင်နေတာမဟုတ်ပါဘူး။ အနိဋ္ဌာရုံတွေကိုပဲ ကြည့်ချင်စိတ်နဲ့ ကျွန်ုပ်တို့ကို ဘုရားသခင် မဖန်ဆင်းခဲ့ပါဘူး။ ဒါကြောင့် ကျွန်ုပ်တို့ရဲ့စိတ်ကို “မှန်ကန်သောအရာ၊ . . . ဖြောင့်မတ်သောအရာ၊ စင်ကြယ်သောအရာ၊ ချစ်ဖွယ်သောအရာ” တွေနဲ့ ဖြည့်ထားသင့်ပါတယ်။ အဲဒီလိုလုပ်မယ်ဆိုရင် “ဘုရားသခင်၏ငြိမ်သက်ခြင်းက” ကျွန်ုပ်တို့စိတ်နှလုံးကို ငြိမ်သက်အေးချမ်းစေပါလိမ့်မယ်။—ဖိလိပ္ပိ ၄:၈၊ ၉။

ဆုတောင်းဖို့ အရေးကြီး

စစ်မှန်တဲ့ယုံကြည်ခြင်းက စိုးရိမ်ပူပန်မှုတွေကို ပြေပျောက်သွားစေနိုင်တယ်။ “ဆုတောင်းခြင်းအမှု၌ နိုးနိုးကြားကြားရှိ” ဖို့ ကျမ်းစာမှာ အားပေးထားပါတယ်။ (၁ ပေတရု ၄:၇) ကျွန်ုပ်တို့ရဲ့အခြေအနေနဲ့အညီ အကောင်းဆုံးလုပ်ဆောင်နိုင်အောင် လိုအပ်တဲ့ ဉာဏ်ပညာ၊ ရဲစွမ်းသတ္တိ၊ ထောက်မမှုပေးပါလို့ ဘုရားသခင်ဆီ တောင်းလျှောက်နိုင်ပါတယ်။ ပြီးတော့ “တောင်းသမျှကို ကိုယ်တော် နားညောင်းတော်မူကြောင်း” ယုံကြည်စိတ်ချပါ။—၁ ယောဟန် ၅:၁၅။

အလောန်အာနဲ့ အာဗီ ​ဘုရားသခင်ဆီ ​ဆုတောင်းနေ

ခင်ပွန်းအာဗီနဲ့အတူ

“ဤလောကကို အစိုးရသောမင်း” က ဘုရားသခင်မဟုတ်ဘဲ စာတန်မာရ်နတ်ဖြစ်ကြောင်း၊ “တစ်လောကလုံးသည် ဆိုးညစ်သူ [စာတန်] ၏ဩဇာအောက်တွင် ရှိနေကြောင်း” ကျမ်းစာမှာ ဖော်ပြထားပါတယ်။ (ယောဟန် ၁၂:၃၁; ၁ ယောဟန် ၅:၁၉) ဒါကြောင့် စာတန်မာရ်နတ် တကယ်ရှိတယ်ဆိုတာသိလာအောင် ယေရှုက “ဆိုးညစ်သူ၏လက်မှ ကယ်နုတ်တော်မူပါ” လို့ ဆုတောင်းဖို့ သင်ပေးခဲ့တယ်။ (မဿဲ ၆:၁၃) “အချက်ပေးသံကြားတိုင်း ကျွန်မစိတ်ကိုထိန်းနိုင်ဖို့ ယေဟောဝါဘုရား ကူညီပေးပါလို့ ဆုတောင်းတယ်။ ချစ်ရတဲ့ခင်ပွန်းကလည်း ကျွန်မကို ဖုန်းဆက်ခေါ်၊ ကျွန်မနဲ့အတူ ဆုတောင်းပေးတယ်။ ဆုတောင်းလိုက်တော့ ကျွန်မ အားရှိသွားတယ်” လို့အလောန်အာပြောပြတယ်။ သူ့စကားက သမ္မာကျမ်းစာမှာ ပြောထားသလိုပါပဲ– ‘ထာဝရဘုရားသည် ဆုတောင်းသောသူအပေါင်း၊ သစ္စာနှင့်တကွ ဆုတောင်းသောသူအပေါင်းတို့၏ အနီးအပါး၌ ရှိတော်မူ၏။’—ဆာလံ ၁၄၅:၁၈။

အနာဂတ်မျှော်လင့်ချက်

တောင်ပေါ်မှာ ယေရှု တရားဟောတုန်းက “နိုင်ငံတော်လာပါစေ” လို့ ဆုတောင်းဖို့ တပည့်တွေကို သင်ပေးခဲ့ပါတယ်။ (မဿဲ ၆:၁၀) ဘုရားသခင့်နိုင်ငံတော်က စိုးရိမ်ပူပန်မှုမှန်သမျှကို ထာဝစဉ်ပပျောက်သွားအောင် ဖယ်ရှားပေးတော့မှာဖြစ်တယ်။ “ငြိမ်သက်ခြင်းအရှင်” ယေရှုခရစ်အားဖြင့် ဘုရားသခင်က “မြေကြီးစွန်းတိုင်အောင် စစ်မှုကိုငြိမ်းစေ” မယ်။ (ဟေရှာယ ၉:၆; ဆာလံ ၄၆:၉) ‘ထာဝရဘုရားသည် များပြားသောလူတို့တွင် တရားစီရင်လိမ့်မည်။ တစ်ပြည်ကိုတစ်ပြည် စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန် မသင်ရကြ။ ကြောက်စေသောသူ တစ်ယောက်မျှမရှိရ။’ (မိက္ခာ ၄:၃၊ ၄) ပျော်ရွှင်ချမ်းမြေ့တဲ့ မိသားစုတွေက “ကိုယ်ဆောက်သောအိမ်၌ နေကြလိမ့်မည်။ ကိုယ်စိုက်သောစပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်။” (ဟေရှာယ ၆၅:၂၁) ဒါ့အပြင် “မြို့သားကလည်း ‘ငါနာသည်’ ဟုမဆိုရ” လို့ ကျမ်းစာမှာ ကတိပေးထားပါတယ်။—ဟေရှာယ ၃၃:၂၄။

ဒီနေ့ခေတ်မှာ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားကြပေမဲ့ “မမျှော်လင့်ထားသောဖြစ်ရပ်များ” ကိုကာကွယ်ဖို့ အမြဲတမ်းမဖြစ်နိုင်ပါဘူး။ (ဒေသနာ ၉:၁၁၊ ကဘ) အဲဒီလိုမကာကွယ်နိုင်တာ နှစ်ပေါင်းများစွာ ရှိနေပါပြီ။ စစ်ပွဲ၊ အကြမ်းဖက်မှု၊ ရောဂါတို့ကလည်း လူကောင်းတွေရဲ့အသက်ကို ခြွေနေဆဲပါပဲ။ ဒါဆိုရင် သေဆုံးသွားတဲ့အပြစ်မဲ့သူတွေအတွက် ဘာမျှော်လင့်ချက်ရှိသလဲ။

ဘုရားသခင်တစ်ပါးတည်းကပဲ မရေမတွက်နိုင်အောင်များလွန်းတဲ့ သေလွန်သူတွေကို သိရှိပြီး သူတို့ကို ပြန်အသက်ရှင်လာအောင် လုပ်ပေးမှာဖြစ်တယ်။ “သင်္ချိုင်းများမှာရှိသောသူ အပေါင်းတို့သည် . . . ထွက်ရမည့်အချိန်ကာလ” အထိ သေခြင်းမှာ အိပ်ပျော်နေပြီး ဘုရားသခင်ရဲ့ မှတ်ဉာဏ်ထဲမှာ ရှိနေကြတယ်။ (ယောဟန် ၅:၂၈၊ ၂၉) သေလွန်သူတွေ အသက်ပြန်ရှင်လာမယ်ဆိုတာနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ခုလိုအာမခံထားပါတယ်– ‘ထိုမျှော်လင့်ခြင်းသည် ငါတို့အတွက် ခိုင်ခံ့သေချာသော ကျောက်ဆူးသဖွယ်ဖြစ်၏။’ (ဟေဗြဲ ၆:၁၉) ဘုရားသခင်က “ထိုအရှင် [ယေရှု] အား သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူသောအားဖြင့် လူအပေါင်းတို့အား ခိုင်လုံသောသက်သေပြ” ခဲ့ပါတယ်။—တမန်တော် ၁၇:၃၁၊ ခမ။

ခုချိန်မှာ ဘုရားသခင် မိန့်မှာထားတဲ့အတိုင်း ကြိုးစားလုပ်ဆောင်သူတွေတောင် စိုးရိမ်ပူပန်မှုတွေနဲ့ မကင်းပါဘူး။ လက်တွေ့ကျကျ လုပ်ဆောင်တာ၊ ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်နဲ့ ရင်းနှီးကျွမ်းဝင်အောင်လုပ်တာ၊ ကျမ်းစာအခြေပြု အနာဂတ်မျှော်လင့်ချက်ကို ယုံကြည်တာတွေကြောင့် ပေါလ်၊ ဂျဲနက်၊ အလောန်အာတို့က စိုးရိမ်ပူပန်မှုတွေကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ပါတယ်။ သူတို့ကို ဘုရားသခင် ကူညီပေးခဲ့သလိုပဲ “မျှော်လင့်ခြင်း၏အရှင် ဘုရားသခင်သည် သင်တို့၏ယုံကြည်ခြင်းကြောင့် သင်တို့အား ဝမ်းမြောက်ခြင်းအမျိုးမျိုးနှင့် ငြိမ်သက်ခြင်းကို ပေးသနားတော်မူပါစေသော။”—ရောမ ၁၅:၁၃၊ ခမ။

ဆရာဝန်ရဲ့အကူအညီ လိုအပ်လာရင်ကော

လက်တွေ့ကျကျ လုပ်ဆောင်ပြီးတာတောင် စိုးရိမ်ပူပန်မှုလွန်ကဲနေတယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ အသေးအဖွဲပြဿနာ၊ စိတ်ဖိစီးမှုကိုတောင် အလွန်အမင်း စိုးရိမ်ပူပန်နေတယ်ဆိုရင် ဒါက တစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။ တစ်ခါတလေ ကျန်းမာရေးကြောင့် စိုးရိမ်ပူပန်မှုတွေ ဖြစ်တတ်တာမို့ ဆရာဝန်က သင့်ရဲ့ကျန်းမာရေးကို စစ်ဆေးပါလိမ့်မယ်။ ဆရာဝန်က အဲဒီစစ်ဆေးချက်ပေါ်မူတည်ပြီး သင်ဟာ ထပ်ဆင့်ကုသမှု လိုမလိုသိနိုင်အောင် ကူညီပေးနိုင်မှာဖြစ်တယ်။a

a ဒီမဂ္ဂဇင်းက ကုထုံးတစ်ခုခုကို ထောက်ခံခြင်းမျိုးမရှိပါ။ ဒါပေမဲ့ ခရစ်ယာန်တွေ ရွေးချယ်ထားတဲ့ကုထုံးက သမ္မာကျမ်းစာ လမ်းညွှန်ချက်တွေနဲ့ ကိုက်ညီသင့်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ