ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • မျက်မှောက်ခေတ်အသက်ရှင်နေထိုင်မှုအတွက် လက်တွေ့ကျသောစာအုပ်
    လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ်
    • လူတစ်ဦး၏စိတ်ပိုင်းနှင့် စိတ်လှုပ်ရှားမှုကျန်းမာရေးအခြေအနေက ထိုသူ၏ကာယကျန်းမာရေးအပေါ် ကောင်းကျိုးဆိုးကျိုးသက်ရောက်စေလေ့ရှိသည်။ ဥပမာ၊ သိပ္ပံဆိုင်ရာသုတေသနပြုမှုများက ဒေါသ၏ဆိုးကျိုးများကို အခိုင်အမာတင်ပြထားသည်။ “ဒေါသထွက်လွယ်သူများသည် လူမှုရေးထောက်မမှုကိုလျော့နည်းစေခြင်း၊ ဒေါသထွက်သည့်အခါ ဇီဝတုံ့ပြန်မှု တိုးလာခြင်း၊ ကျန်းမာရေးထိခိုက်စေသည့်အမူအကျင့်များကို ပိုမိုပြုခြင်းအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် (အခြားရောဂါများအပြင်) နှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်ဖို့ အကြောင်းပိုများကြောင်း ရရှိထားသည့်အထောက်အထားအများစုက ဖော်ပြသည်” ဟု ဒုခ်တက္ကသိုလ်ဆေးဘက်ဆိုင်ရာ ဗဟိုဌာနမှ အမူအကျင့်သုတေသနပြုမှု ဒါရိုက်တာ ဒေါက်တာ ရက်ဖော့ ဝီလျံနှင့် ဇနီးဖြစ်သူ ဗာဂျီနီယာ ဝီလျံတို့က သူတို့၏ ဒေါသလူကိုသတ်စာအုပ်တွင် ဖော်ပြထားသည်။၁၃

      ကျွန်ုပ်တို့၏စိတ်လှုပ်ရှားမှုအခြေအနေနှင့် ကာယကျန်းမာမှုတို့သည် ဆက်နွှယ်မှုရှိကြောင်း ဤသိပ္ပံဆိုင်ရာ သုတေသနလေ့လာမှုများမပြုမီ နှစ်ထောင်နှင့်ချီ၍ ကျမ်းစာက ရိုးရိုးရှင်းရှင်းဖြင့် ဤသို့ဖော်ပြခဲ့သည်– “ကျန်းမာသောနှလုံးသည် ကိုယ်အသက်ရှင်စေသောအကြောင်း၊ ငြူစူသောသဘောမူကား၊ အရိုးဆွေးမြေ့ခြင်းအကြောင်းဖြစ်၏။” (သု. ၁၄:၃၀; ၁၇:၂၂) ကျမ်းစာက ပညာရှိစွာဖြင့် ဤသို့သွန်သင်သည်– “အမျက်မထွက်စေနှင့်။ ဒေါသစိတ်ကိုစွန့်ပယ်လော့၊” “ဒေါသထွက်ရန် လျင်မြန်သောစိတ်မရှိနှင့်။”—ဆာလံ ၃၇:၈; ဒေသနာ ၇:၉၊ သမ။

  • မျက်မှောက်ခေတ်အသက်ရှင်နေထိုင်မှုအတွက် လက်တွေ့ကျသောစာအုပ်
    လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ်
    • “ဒေါသအမျက်သည် လူမိုက်တို့၏ရင်ခွင်၌သာတည်သည်ဖြစ်၍ ဒေါသထွက်ရန် လျင်မြန်သောစိတ်မရှိစေနှင့်။” (ဒေသနာ ၇:၉၊ သမ) အပြုအမူမတိုင်မီ စိတ်လှုပ်ရှားတတ်လေ့ရှိသည်။ ဗွေယူမြန်သူသည် လူမိုက်ဖြစ်သည်၊ အကြောင်းမှာ သူ၏လမ်းစဉ်သည် မဆင်မခြင်ပြောဆို၊ ပြုမူခြင်းကို ဦးတည်နိုင်သောကြောင့်တည်း။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ