ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၆၆
  • ငွေဟာ မကောင်းမှု အမျိုးမျိုးရဲ့ ဇာစ်မြစ်လား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ငွေဟာ မကောင်းမှု အမျိုးမျိုးရဲ့ ဇာစ်မြစ်လား
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ငွေနဲ့ပတ်သက်ပြီး ကျမ်းစာ ဘာပြောသလဲ
  • ငွေကိုတပ်မက်တာနဲ့ ပတ်သက်ပြီး ကျမ်းစာမှာ ဘယ်လို သတိပေးထားသလဲ
  • ငွေနဲ့ပတ်သက်တဲ့ ကျမ်းစာ အကြံပြုချက်ကနေ ဘာအကျိုးရရှိနိုင်သလဲ
  • ငွေကြေး
    နိုးလော့!—၂၀၁၄
  • ငွေနဲ့ပတ်သက်ပြီး မျှတတဲ့အမြင်
    နိုးလော့!—၂၀၁၅
  • ငွေနှင့်ပတ်သက်သည့် ပညာရှိအမြင်ကား အဘယ်နည်း
    နိုးလော့!—၂၀၀၇
  • ငွေကြေးနှင့်ပတ်သက်၍ မျှတသောအမြင် မည်သို့ ရှိနိုင်မည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၆၆
လူတစ်ယောက် ငွေတွေကို လက်လှမ်းယူနေစဉ်။

ငွေဟာ မကောင်းမှု အမျိုးမျိုးရဲ့ ဇာစ်မြစ်လား

ကျမ်းစာ အဖြေ

မဟုတ်ပါဘူး။ ကျမ်းစာမှာ ငွေကို မကောင်းဘူးလို့ မပြောထားသလို ငွေဟာ မကောင်းမှုအားလုံးကို ဖြစ်ပေါ်စေတဲ့အရာလို့လည်း မပြောထားပါဘူး။ ငွေဟာ “မကောင်းသော အမှုအပေါင်းတို့တွင် မူလအမြစ်” ဆိုပြီး မပြည့်မစုံ ဖော်ပြတာက ကျမ်းစာကို အထင်လွဲစေတယ်။ အမှန်တော့ “ငွေကို တပ်မက်ခြင်းသည် မကောင်းသောအမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း” လို့ကျမ်းစာက ပြောတာဖြစ်တယ်။a—၁ တိမောသေ ၆:၁၀၊ ယုဒသန်ကျမ်း။

  • ငွေနဲ့ပတ်သက်ပြီး ကျမ်းစာ ဘာပြောသလဲ

  • ငွေကိုတပ်မက်တာနဲ့ ပတ်သက်ပြီး ကျမ်းစာမှာ ဘယ်လို သတိပေးထားသလဲ

  • ငွေနဲ့ပတ်သက်တဲ့ ကျမ်းစာ အကြံပြုချက်ကနေ ဘာအကျိုးရရှိနိုင်သလဲ

  • ငွေနဲ့ပတ်သက်ပြီး ဖော်ပြထားတဲ့ ကျမ်းချက်များ

ငွေနဲ့ပတ်သက်ပြီး ကျမ်းစာ ဘာပြောသလဲ

ငွေကို ပညာရှိရှိ အသုံးပြုရင် “ကာကွယ်ပေး” တယ်လို့ ကျမ်းစာမှာ ပြောထားတယ်။ (ဒေသနာ ၇:၁၂) ငွေအပါအဝင် တခြားပစ္စည်းတွေ ရက်ရက်ရောရော ပေးကမ်းသူတွေကိုလည်း ကျမ်းစာမှာ ချီးမွမ်းထားတယ်။—ပညာအလိမ္မာ ၁၁:၂၅။

ဒါပေမဲ့ ဘဝမှာ ငွေကိုပဲ အဓိကထားတာကိုတော့ ကျမ်းစာက သတိပေးတယ်။ “ခင်ဗျားတို့ရဲ့ဘဝမှာ ငွေတပ်မက်တာကို ရှောင်ပါ။ ရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်ပါ” လို့ ပြောထားတယ်။ (ဟီဘရူး ၁၃:၅) ငွေကို သူ့နေရာနဲ့သူ ထားဖို့၊ စည်းစိမ်ချမ်းသာနောက် မလိုက်ဖို့ သင်ခန်းစာရတယ်။ အဲဒီအစား ကိုယ်တကယ်လိုအပ်တဲ့ စားဖို့၊ ဝတ်ဖို့၊ နေဖို့ လိုအပ်ရာတွေနဲ့ ကျေနပ်ရောင့်ရဲသင့်တယ်။—၁ တိမောသေ ၆:၈။

ငွေကိုတပ်မက်တာနဲ့ ပတ်သက်ပြီး ကျမ်းစာမှာ ဘယ်လို သတိပေးထားသလဲ

လောဘကြီးသူဟာ ထာဝရအသက် ရမှာမဟုတ်ဘူး။ (ဧဖက် ၅:၅) အကြောင်းရင်းတစ်ခုက လောဘကြီးတာဟာ ရုပ်တုကိုးကွယ်ခြင်း ဒါမှမဟုတ် မှားယွင်းတဲ့ဝတ်ပြုမှု ပုံစံတစ်မျိုးဖြစ်တယ်။ (ကောလောသဲ ၃:၅) နောက်အကြောင်းရင်းတစ်ခုကတော့ ကိုယ်လိုချင်တာတွေကို ရဖို့ပဲ ကြိုးစားနေတဲ့ လောဘကြီးသူဟာ မှန်ကန်တဲ့ အခြေခံမူတွေကို မလိုက်လျှောက်တော့ဘူး။ “ဖြတ်လမ်းနည်းနဲ့ ချမ်းသာဖို့ ကြိုးစားသူကတော့ အပြစ်ကင်းမှာ မဟုတ်ဘူး” လို့ ပညာအလိမ္မာ ၂၈:၂၀ မှာ ပြောထားတယ်။ နှုတ်ပိတ်ခတောင်းတာ၊ ခြိမ်းခြောက်ငွေညှစ်တာ၊ လိမ်လည်ကောက်ကျစ်တာ၊ ပြန်ပေးဆွဲတာ၊ လူသတ်တာ စတဲ့ ရာဇဝတ်မှုတွေကိုတောင် ကျူးလွန်မိနိုင်တယ်။

ငွေကို တပ်မက်လို့ မကောင်းတဲ့အမူအကျင့်တွေ မလုပ်မိရင်တောင် တခြား ဆိုးကျိုးတွေ ခံစားရနိုင်တယ်။ “ချမ်းသာဖို့ စိတ်ပိုင်းဖြတ်ထားသူတွေကတော့ သွေးဆောင်ခံရပြီး ထောင်ချောက်မိသွားတတ်တယ်။ မိုက်မဲပြီး အန္တရာယ်ရှိတဲ့ အလိုဆန္ဒတွေထဲ နစ်မွန်း” သွားတတ်တယ်လို့ ကျမ်းစာ ပြောတယ်။—၁ တိမောသေ ၆:၉။

ငွေနဲ့ပတ်သက်တဲ့ ကျမ်းစာ အကြံပြုချက်ကနေ ဘာအကျိုးရရှိနိုင်သလဲ

ငွေရဖို့အတွက် ကိုယ်ကျင့်တရား၊ ဝတ်ပြုရေးနဲ့ပတ်သက်တဲ့ စံနှုန်းတွေကို စွန့်လွတ်တာမျိုး မလုပ်သူတွေဟာ ကိုယ့်ကိုယ်ကိုယ် လေးစားမှုရှိမယ်၊ ဘုရားရဲ့ မျက်နှာသာနဲ့ ကူညီထောက်မမှု ရရှိမယ်။ ဘုရားနှစ်သက်မှုရဖို့ စိတ်ရင်းမှန်နဲ့ကြိုးစားသူတွေကို ဘုရားက “မင်းတို့ကို ငါ ဘယ်တော့မှ ပစ်ထားမှာ မဟုတ်ဘူး။ ဘယ်တော့မှ စွန့်ခွာမှာ မဟုတ်ဘူး” လို့ ကတိပေးထားတယ်။ (ဟီဘရူး ၁၃:၅၊ ၆) “သစ္စာရှိသူက ကောင်းချီး အများကြီးရလိမ့်မယ်” လို့လည်း အာမခံထားတယ်။—ပညာအလိမ္မာ ၂၈:၂၀။

ငွေနဲ့ပတ်သက်ပြီး ဖော်ပြထားတဲ့ ကျမ်းချက်များ

ဒေသနာ ၇:၁၂။ “ငွေက ကာကွယ်ပေး” တယ်။

အဓိပ္ပာယ်။ ငွေကို ပညာရှိရှိ အသုံးပြုရင် အကျိုးရှိတယ်။ ဘာကြောင့်လဲဆိုတော့ ငွေဟာ အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်လို့ပဲ။

လုကာ ၁၂:၁၅။ “လူတစ်ယောက်ဟာ စည်းစိမ်ကြွယ်ဝနေရင်တောင် သူ့စည်းစိမ်က အသက်မပေးနိုင်ဘူး။”

အဓိပ္ပာယ်။ ဘဝမှာ ငွေဟာ အရေးကြီးဆုံးအရာ မဟုတ်ဘူး။ ငွေဟာ ကျွန်တော်တို့ကို ကယ်တင်ခြင်း မပေးနိုင်ဘူး။

၁ တိမောသေ ၆:၁၀။ “ငွေကိုတပ်မက်တဲ့စိတ်ဟာ အကျိုးပျက်စေတဲ့အရာ အမျိုးမျိုးရဲ့ ဇာစ်မြစ်ဖြစ်လို့ပဲ။ လူတချို့က ငွေကိုတပ်မက်လာတဲ့အတွက် ယုံကြည်ခြင်းကနေ လမ်းလွဲသွားပြီး ဝေဒနာများစွာနဲ့ ကိုယ့်ကိုယ်ကိုယ် ထိုးနှက်ကြတယ်။”

အဓိပ္ပာယ်။ ငွေကိုယ်နှိုက်က မကောင်းတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘဝမှာ ငွေရှာဖို့ပဲ အဓိကထားသူ၊ ငွေကို တပ်မက်သူဟာ မိသားစု ပြိုကွဲတာ၊ အလုပ်ဝန်ပိလို့ ကျန်းမာရေး ထိခိုက်တာ စတဲ့ပြဿနာတွေ ကြုံတွေ့ကြရတယ်။

ဟီဘရူး ၁၃:၅။ “ခင်ဗျားတို့ရဲ့ဘဝမှာ ငွေတပ်မက်တာကို ရှောင်ပါ။ ရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်ပါ။”

အဓိပ္ပာယ်။ စည်းစိမ်ဥစ္စာရဖို့ ရေကုန်ရေခန်း ကြိုးစားမယ့်အစား အမှန်တကယ် လိုအပ်တဲ့အရာနဲ့ ကျေနပ်ရောင့်ရဲတာက ပညာရှိရာရောက်တယ်။

မဿဲ ၁၉:၂၄။ “ဘုရားသခင့် နိုင်ငံတော်ကို ချမ်းသာတဲ့သူ ဝင်တာထက် အပ်ပေါက်ထဲ ကုလားအုတ် လျှိုဝင်တာကမှ လွယ်ဦးမယ်။”

အဓိပ္ပာယ်။ ယေရှုက ချမ်းသာတဲ့ လူငယ်တစ်ယောက်ကို မိမိနောက်လိုက်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ လူငယ်ဟာ မိမိရဲ့ ပိုင်ဆိုင်ရာတွေကို စွဲလမ်းခင်တွယ်နေလို့ ယေရှုရဲ့ ဖိတ်ခေါ်ချက်ကို ငြင်းပယ်ခဲ့တယ်။ ဒါကြောင့် ယေရှု သတိပေးခဲ့တယ်။ ဘုရားသခင်ထက် စည်းစိမ်ဥစ္စာကို ရှေ့တန်းတင်ရင် ထာဝရအသက် ဆုံးရှုံးမယ့်အန္တရာယ် ရှိတယ်။

a ဒီကျမ်းချက်ကို “ငွေကိုတပ်မက်တဲ့စိတ်ဟာ အကျိုးပျက်စေတဲ့အရာ အမျိုးမျိုးရဲ့ ဇာစ်မြစ်” လို့လည်း ဘာသာပြန်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ