ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ငွေနှင့်ပတ်သက်သည့် ပညာရှိအမြင်ကား အဘယ်နည်း
    နိုးလော့!—၂၀၀၇ | ဇွန်
    • သမ္မာကျမ်းစာရှုထောင့်

      ငွေနှင့်ပတ်သက်သည့် ပညာရှိအမြင်ကား အဘယ်နည်း

      ‘ငွေသည် ကွယ်ကာတတ်၏’ ဟုသမ္မာကျမ်းစာကဆိုသည်။ (ဒေ. ၇:၁၂) ယင်းသည် စားဝတ်နေရေးကို ထောက်ပံ့နိုင်သောကြောင့် ဆင်းရဲနွမ်းပါးမှုနှင့်ဒွန်တွဲပါလာသော အခက်အခဲများမှ ကာကွယ်ပေး၏။ အမှန်ပင် ငွေသည် မည်သည့်ရုပ်ပစ္စည်းများကိုမဆို ဝယ်ယူနိုင်သည်။ ဒေ. ၁၀:၁၉ [သမ္မာ]တွင် “ငွေသည် အရာခပ်သိမ်းကို ရတတ်၏” ဟုဆိုထားသည်။

  • ငွေနှင့်ပတ်သက်သည့် ပညာရှိအမြင်ကား အဘယ်နည်း
    နိုးလော့!—၂၀၀၇ | ဇွန်
    • ငွေထက်တန်ဖိုးရှိသောအရာ

      ငွေ၏ကွယ်ကာနိုင်စွမ်းကို ဖော်ပြစဉ် ဘုရင်ရှောလမုန်က ‘ဉာဏ်ပညာသည် ကွယ်ကာတတ်၏’ ဟုထပ်၍ဆိုခဲ့သည်။ အကြောင်းမူကား ယင်းသည် ‘ဉာဏ်ပညာရှင်ကို အသက်ရှင်စေ’ သောကြောင့်ဖြစ်၏။ (ဒေ. ၇:၁၂၊ သမ္မာ) အဘယ်အရာကို သူဆိုလိုခြင်းဖြစ်သနည်း။ ဤတွင် ရှောလမုန်ထောက်ပြသော ဉာဏ်ပညာမှာ ဘုရားသခင်ကို တော်မှန်စွာကြောက်ရွံ့ ခြင်းနှင့် တိကျမှန်ကန်သော သမ္မာကျမ်းစာအသိပညာတို့အပေါ် အခြေခံသည်။ ဤသို့သော ဉာဏ်ပညာသည် ငွေထက်သာ၍တန်ဖိုးရှိကာ များပြားလှသောအန္တရာယ်နှင့် အချိန်မတန်ဘဲသေဆုံးရခြင်းတို့မှ ကာကွယ်ပေးနိုင်သည်။ ထို့ ပြင် စစ်မှန်သောဉာဏ်ပညာသည် သရဖူကဲ့သို့ ယင်းကိုပိုင်ဆိုင်ထားသူတို့အား ချီးမြှောက်မှုနှင့် လေးစားမှုကို ရရှိစေ၏။ (သု. ၂:၁၀-၂၂; ၄:၅-၉) ဘုရားသခင့်မျက်နှာသာကိုလည်း ရစေသောကြောင့် ယင်းကို “အသက်ပင်” ဟုခေါ်နိုင်သည်။—သု. ၃:၁၈။

      ဤသို့သောဉာဏ်ပညာကို ရလိုသူများနှင့် ရှာဖွေလိုသူများသည် ယင်းကို အလွယ်တကူရရှိနိုင်သည်။ ‘ငါ့သား သင်သည် . . . သိပ္ပံအတတ်ကိုခေါ်၍ ဉာဏ်နောက်သို့ အသံကိုလွှင့်လျှင်လည်းကောင်း၊ ငွေကိုရှာတတ်သကဲ့သို့ ပညာကိုရှာ၍ ဝှက်ထားသောဘဏ္ဍာကို စူးစမ်းတတ်သကဲ့သို့ ဉာဏ်ကိုစူးစမ်းလျှင်လည်းကောင်း ထာဝရဘုရားသခင်ကို ကြောက်သောသဘော၌ ကျင်လည်၍ ဘုရားသခင်ကိုသိသောဉာဏ်နှင့် ပြည့်စုံလိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသခင်သည် ပညာကိုပေးတော်မူတတ်၏။ နားလည်နိုင်သောဉာဏ်သည် နှုတ်မြွက်တော်အားဖြင့်သာဖြစ်တတ်၏။’—သု. ၂: ၁-၆။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ