-
ပျော်ရွှင်မှုအတွက် ယုံကြည်စိတ်ချရသောလမ်းညွှန်ကင်းမျှော်စင်—၂၀၀၆ | ဇွန် ၁၅
-
-
ဒေ. ၉:၅၊ ၁၀ တွင် ဤသို့ဖော်ပြ၏– “သေသောသူမူကား အဘယ်အရာကိုမျှမသိ။ . . . သင်ယခုသွား၍ ရောက်ရလတ္တံ့သောအရပ်တည်းဟူသော မရဏာနိုင်ငံ [“ရှီးအိုးလ်၊” ကဘ] ၌ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိပါတကား။” ရှီးအိုးလ်ကား အဘယ်နည်း။ လူတို့သေဆုံးသောအခါ ရောက်ရှိသွားသော သာမန်သင်္ချိုင်းဖြစ်သည်။ သင်္ချိုင်းရှိ လူသေတို့သည် သက်မဲ့များဖြစ်ကာ လှုပ်ရှားဆောင်ရွက်မှုမရှိ၊ ခံစားမှုမရှိ၊ ကြံစည်တွေးတောမှုမရှိပါ။ သူတို့သည် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့်အလား ဖြစ်သည်။a ထို့ကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့ချစ်ရသော သေလွန်သူများကို ကောင်းကင်ဘုံသို့ မခေါ်ဆောင်သွားကြောင်း သမ္မာကျမ်းစာက ရှင်းလင်းစွာဖော်ပြသည်။ သေခြင်း၏အကျိုးဆက်မှာ သေလွန်သူတို့သည် သင်္ချိုင်းတွင် အသက်မဲ့နေခြင်းဖြစ်၏။
-
-
ပျော်ရွှင်မှုအတွက် ယုံကြည်စိတ်ချရသောလမ်းညွှန်ကင်းမျှော်စင်—၂၀၀၆ | ဇွန် ၁၅
-
-
a ဗြိတဲန်နီကာစွယ်စုံကျမ်း (၂၀၀၃) တွင် ရှီးအိုးလ်ကို “နာကျင်ခြင်း သို့မဟုတ် ပျော်မွေ့ခြင်း၊ အပြစ်ပေးခြင်း သို့မဟုတ် အကျိုးပေးခြင်း မရှိသောနေရာ” အဖြစ်ဖော်ပြထားသည်။
-