ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၄ ၁၂/၁ စာ. ၃၂
  • ဖတ်ရှုရမည့်အရာ—ရှောလမုန်၏ ပညာရှိဆုံးမစကား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဖတ်ရှုရမည့်အရာ—ရှောလမုန်၏ ပညာရှိဆုံးမစကား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
က၀၄ ၁၂/၁ စာ. ၃၂

ဖတ်ရှုရမည့်အရာ—ရှောလမုန်၏ ပညာရှိဆုံးမစကား

“စာများကို စီရင်၍မကုန်မဆုံး။ စာကို အားကြီးစွာ သင်ကြားလေ့ကျက်ခြင်းအမှုသည် ကိုယ်ကိုပင်ပန်းစေသောအမှုဖြစ်၏။” (ဒေ. ၁၂:၁၂၊ သမ္မာ) ထိုစကားများကို လွန်ခဲ့သော အနှစ် ၃,၀၀၀ ခန့်က ဣသရေလရှင်ဘုရင် ပညာရှိရှောလမုန် ရေးသားခဲ့ခြင်းဖြစ်ရာ စာဖတ်ခြင်းကို အားမပေးလို၍ မဟုတ်ချေ။ ယင်းအစား၊ စာကို ရွေးချယ်ဖတ်ရှုဖို့လိုကြောင်း သူဖော်ပြနေခြင်းဖြစ်သည်။ မျက်မှောက်ခေတ်တွင် ကမ္ဘာ့စာပုံနှိပ်စက်ကြီးများမှ စာမျက်နှာဘီလီယံနှင့်ချီ၍ စာပေများကို နှစ်စဉ် ပုံနှိပ်ထုတ်ဝေနေလေရာ အခန့်သင့်သတိပေးချက်ဖြစ်သည်တကား!

ရှောလမုန်ရည်ညွှန်းခဲ့သည့် “စာများ” တွင် အားလုံးသည် တည်ဆောက်မှု သို့မဟုတ် လန်းဆန်းမှု ပေးမည်မဟုတ်သည်မှာ ထင်ရှားပါသည်။ ထို့ကြောင့် ၎င်းတို့သည် အပြုသဘောဆောင်ပြီး တည်မြဲသောအကျိုးများ ရရှိစေမည့်အစား “ကိုယ်ကိုပင်ပန်းစေ” မည်ဟု သူကျိုးကြောင်းဆင်ခြင်ပြခဲ့ခြင်းဖြစ်၏။

သို့ရာတွင်၊ စာဖတ်သူကို အကျိုးရှိစေနိုင်သည့် ကောင်းမွန်၍ စိတ်ချရသော လမ်းညွှန်ချက်ပေးသည့် စာအုပ်မရှိဟု ရှောလမုန်ပြောဆိုနေခြင်းလော။ မဟုတ်ပါ၊ အကြောင်းမှာ သူဤသို့ရေးသားသေး၏– ‘ပညာရှိသူတို့၏စကားသည် တုတ်ချွန်များနှင့်တူ၏၊ သိုးထိန်းတစ်ပါးက အပ်ပေးတော်မူ၍ စုဆောင်းထားသောစကားများသည် ရိုက်ထားသော သံချောင်းများနှင့်တူ၏။’ (ဒေ. ၁၂:၁၁) အပြုသဘောပါပါ အမှန်ပင် လှုံ့ဆော်ပေးနိုင်၍ ‘တုတ်ချွန်များနှင့်တူသည့်’ ရေးသားထားသောစကားများရှိပါသည်။ ၎င်းတို့သည် လူတစ်ဦးအား ဖြောင့်မတ်သည့်လမ်းပေါ် လျှောက်လှမ်းသွားစေနိုင်သည်။ ထို့အပြင် ၎င်းတို့သည် ‘ရိုက်ထားသောသံချောင်းများ ကဲ့သို့’ လူတစ်ဦး၏ သန္နိဋ္ဌာန်ကို ခိုင်မာစေနိုင်ပြီး စိတ်တည်ငြိမ်မှုရရှိစေနိုင်သည်။

ယင်းသို့သောပညာရှိစကားများကို အဘယ်နေရာတွင် တွေ့ ရှိနိုင်မည်နည်း။ ရှောလမုန်၏စကားအရ၊ “သိုးထိန်း” ဖြစ်တော်မူသော ယေဟောဝါထံမှ အရင်းခံသည့် စကားများက အလွန်ထူးခြားသည်။ (ဆာလံ ၂၃:၁) သို့ဖြစ်၍ အားကိုးအားထားစရာ အကောင်းဆုံးစာအုပ်မှာ ဘုရားသခင်၏ ဝိညာဉ်တော်ဖြင့် မှုတ်သွင်းရေးသားထားသည့် သမ္မာကျမ်းစာပင်ဖြစ်ပေသည်။ ထိုမှုတ်သွင်းခံစကားများကို မှန်မှန်ဖတ်ရှုခြင်းက လူတစ်ဦးအား “စွမ်းရည်လုံးလုံးရှိစေ၍ ကောင်းသောအလုပ်တိုင်းအတွက် အပြည့်အဝပြင်ဆင်လေ့ကျင့်” ခံရပြီးသား ဖြစ်စေနိုင်ပါသည်။—၂ တိမောသေ ၃:၁၆၊ ၁၇၊ ကဘ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ