-
စာရှုသူများထံမှ မေးခွန်းလွှာကင်းမျှော်စင်—၁၉၉၄ | ဩဂုတ် ၁၅
-
-
သမ္မာကျမ်းစာသည် သစ်ပင်ကြီးကဲ့သို့သော အပင်တစ်ပင်ကို ဥပမာအဖြစ် အသုံးပြုလေ့ရှိသည်။ သစ်စေ့တစ်စေ့သည် အညှောက်ပေါက်ပြီး ကြီးထွားလာသောအခါ အမြစ်သည်အကိုင်းအခက်များမဖြစ်မီ ဖြစ်လာပြီးမှ အခြားအခက်အလက်များနှင့် အသီးတို့ကို အမြစ်ကထောက်ပံ့ရသည် ဟူသောအဖြစ်ကိုယူ၍ ဥပမာပေါ်ပေါက်လာရခြင်းဖြစ်သည်။ ဥပမာ၊ ဟေရှာယ ၃၇:၃၁ တွင် ဤသို့ဖတ်ရသည်– “ဘေးလွတ်၍ကျန်ကြွင်းသော ယုဒအမျိုးသားတို့သည် တစ်ဖန် အောက်မှာအမြစ်စွဲ၍ အထက်မှာအသီးသီးကြလိမ့်မည်။”—ယောဘ ၁၄:၈၊ ၉; ဟေရှာယ ၁၄:၂၉။
-
-
စာရှုသူများထံမှ မေးခွန်းလွှာကင်းမျှော်စင်—၁၉၉၄ | ဩဂုတ် ၁၅
-
-
ဟေရှာယ ၃၇:၃၁ နှင့် မာလခိ ၄:၁ တို့တွင်ပါသော အသုံးအနှုန်းသည် အကိုင်းအခက်များ (နှင့် ထပ်ဆင့်အကိုင်းအခက်များမှ အသီး) တို့သည် အမြစ်မှ ရှင်သန်ဖြစ်ထွန်းလာကြခြင်းဖြစ်သည်ဟူသော အဖြစ်မှန်မှ ရယူထားခြင်းဖြစ်သည်။ ယင်းက ယေရှုသည် မည်သည့်နည်းဖြင့် “ယေရှဲ၏အမြစ်”၊ “ဒါဝိဒ်၏အမြစ်” ဖြစ်သည်ကို နားလည်ရန် သော့ချက်ဖြစ်သည်။
-