ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • bm အပိုင်း ၁၆ စာ. ၁၉
  • မေရှိယကြွလာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေရှိယကြွလာ
  • သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • သူတို့ မေရှိယကို စောင့်မျှော်ခဲ့ကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ယေရှုခရစ်ဟာ ဘယ်သူလဲ
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ယေရှုခရစ်က ဘယ်သူလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • မေရှိယ! ဘုရားသခင့်ကယ်တင်ရာနည်းလမ်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
နောက်ထပ် ကြည့်ပါ
သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
bm အပိုင်း ၁၆ စာ. ၁၉
ယေရှုကို ယောဟန်နှစ်ခြင်းပေး

အပိုင်း ၁၆

မေရှိယကြွလာ

နာဇရက်မြို့သားယေရှုသည် ကြာမြင့်စွာကတည်းက ကတိပြုထားသော မေရှိယဖြစ်ကြောင်း ယေဟောဝါဖော်ပြတော်မူသည်

ကတိထားရာမေရှိယမည်သူမည်ဝါဖြစ်ကြောင်း လူတို့သိနိုင်ရန် ယေဟောဝါကူညီပေးလိမ့်မည်လော။ ကူညီပေးပါလိမ့်မည်။ ဘုရားသခင် အဘယ်အရာလုပ်ဆောင်ခဲ့ကြောင်း သုံးသပ်ကြည့်ပါ။ ဟေဗြဲကျမ်းစာစောင်များ ရေးသားပြီးစီးပြီး နှစ်ပေါင်းလေးရာခန့် ကုန်လွန်ပြီးနောက်တွင်ဖြစ်သည်။ ဂါလိလဲနယ်မြောက်ပိုင်း၊ နာဇရက်ဟုခေါ်သောမြို့လေးမှ မာရိအမည်ရှိလုံမငယ်တစ်ဦးထံ အထူးခြားဆုံးဧည့်သည်တစ်ဦး လည်ပတ်ရောက်ရှိခဲ့၏။ ဂါဗြေလအမည်ရှိကောင်းကင်တမန်တစ်ပါး မာရိရှေ့ပေါ်လာသည်။ မာရိသည် အပျိုကညာတစ်ဦးဖြစ်သော်လည်း ဘုရားသခင်သည် မိမိ၏တက်ကြွလှုပ်ရှားသောစွမ်းအားဖြစ်သည့် သန့်ရှင်းသောစွမ်းအားတော်ကိုသုံးကာ မာရိအား သားတစ်ဦးဖွားမြင်စေမည်ဖြစ်ကြောင်း ထိုကောင်းကင်တမန်က ပြောပြသည်။ ထိုသားသည် ကြာမြင့်စွာကပင် ကတိပြုထားသောဘုရင်ဖြစ်လာမည်ဖြစ်ပြီး ထာဝစဉ်စိုးစံပါလိမ့်မည်။ ထိုသားသည် ဘုရားသခင်၏သားဖြစ်ပြီး ကောင်းကင်မှ ထိုသား၏အသက်ကို မာရိ၏သားအိမ်အတွင်းသို့ ဘုရားသခင်ပြောင်းရွှေ့ပေးလိမ့်မည်။

မာရိသည် ထိုအရေးကြီးလှသောတာဝန်ကို နှိမ့်ချစွာ လက်ခံခဲ့သည်။ ဘုရားသခင်သည် မာရိနှင့်စေ့စပ်ထားသော လက်သမားယောသပ်ထံ ကောင်းကင်တမန်တစ်ပါးကို စေလွှတ်ကာ မာရိကိုယ်ဝန်ရသည့်အကြောင်းရင်းကို ပြောပြခဲ့ရာ ထိုသို့ပြောပြပြီးနောက် မာရိကို ယောသပ်ထိမ်းမြားယူခဲ့သည်။ သို့သော် ဗက်လင်မြို့[ဘက်သလီဟင်]တွင် မေရှိယဖွားမြင်မည်ဟူသော ပရောဖက်ပြုချက်ကော မည်သို့နည်း။ (မိက္ခာ ၅:၂) ထိုမြို့ငယ်လေးသည် နာဇရက်မြို့မှ မိုင် ၉၀ ခန့်အကွာတွင်တည်ရှိသည်။

ထိုအချိန်လောက်တွင် ရောမဧကရာဇ်က လူတိုင်း သန်းခေါင်စာရင်းပြုလုပ်ရန် အမိန့်ထုတ်ခဲ့သည်။ ထို့ကြောင့် လူတို့သည် မိမိတို့၏နေရင်းမြို့သို့ သွားရောက်မှတ်ပုံတင်ခဲ့ရသည်။ ယောသပ်နှင့်မာရိ၏မျိုးရိုးဇာစ်မြစ်သည် ဘက်သလီဟင်မြို့မှဖြစ်ပုံရသောကြောင့် ယောသပ်သည် ကိုယ်ဝန်လွယ်ထားရသောဇနီးသည်ကို ထိုမြို့သို့ဆောင်သွားခဲ့သည်။ (လုကာ ၂:၃) မာရိသည် နိမ့်ကျသောနွားတင်းကုပ်တွင် သားဖွားခဲ့ပြီး ကလေးကို နွားစားခွက်တွင် သိပ်ခဲ့ရသည်။ ထို့နောက် ဘုရားသခင်သည် တောင်စောင်းတစ်ခုရှိ သိုးထိန်းတစ်စုထံသို့ ကောင်းကင်တမန်အသင်္ချေကို စေလွှတ်ကာ ယခုလေးတင်ဖွားမြင်လိုက်သောကလေးသည် ကတိထားရာမေရှိယ သို့မဟုတ် ခရစ်တော်ဖြစ်ကြောင်း ကြားပြောစေခဲ့သည်။

နောက်ပိုင်း၊ ယေရှုသည် ကတိထားရာမေရှိယဖြစ်ကြောင်း အခြားသူများလည်း သက်သေခံကြပါမည်။ ပရောဖက်ဟေရှာယသည် မေရှိယထမ်းဆောင်မည့် အရေးကြီးလုပ်ငန်းအတွက် လမ်းပြင်ဆင်ပေးမည့်သူတစ်ဦး ပေါ်လာမည့်အကြောင်း ကြိုဟောခဲ့သည်။ (ဟေရှာယ ၄၀:၃) ထိုရှေ့ပြေးမှာ နှစ်ခြင်းဆရာယောဟန်ဖြစ်သည်။ သူသည် ယေရှုကိုတွေ့သောအခါ “လောက၏အပြစ်ကို ဖယ်ရှားသော ဘုရားသခင်၏သိုးသငယ်ကို ကြည့်ကြလော့” ဟုဟစ်ကြွေးခဲ့သည်။ ယောဟန်၏တပည့်အချို့သည် ယေရှုနောက်တော်သို့ ချက်ချင်းလိုက်ကြ၏။ သူတို့ထဲမှတစ်ဦးက “ငါတို့သည် မေရှိယကိုတွေ့ကြပြီ” ဟုပြောခဲ့သည်။—ယောဟန် ၁:၂၉၊ ၃၆၊ ၄၁။

အခြားသက်သေထွက်ဆိုချက်လည်း ရှိသေးသည်။ ယေရှုကို ယောဟန်နှစ်ခြင်းပေးနေစဉ် ယေဟောဝါကိုယ်တိုင် ကောင်းကင်မှမိန့်ဆိုခဲ့သည်။ ဘုရားသခင်သည် ယေရှုကို မေရှိယအဖြစ် သန့်ရှင်းသောစွမ်းအားတော်ဖြင့် ခန့်အပ်ကာ “ဤသူသည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သားဖြစ်၏” ဟုမိန့်တော်မူ၏။ (မဿဲ ၃:၁၆၊ ၁၇) ကြာမြင့်စွာကပင် ကတိပြုထားသောမေရှိယ ကြွရောက်ခဲ့ပေပြီ။

အဘယ်အချိန်တွင် ယင်းသို့ဖြစ်ခဲ့သနည်း။ ဒံယေလကြိုဟောထားသော ၄၈၃ နှစ်ကုန်ဆုံးချိန်၊ စီအီး ၂၉ တွင်ဖြစ်သည်။ မှန်ပါသည်။ ယင်းက ယေရှုသည် မေရှိယ သို့မဟုတ် ခရစ်တော်ဖြစ်ကြောင်း မငြင်းနိုင်သည့်သက်သေအထောက်အထားတစ်ခုပင်ဖြစ်သည်။ သို့သော် မြေကြီးပေါ်အသက်ရှင်စဉ် အဘယ်သတင်းကို ကိုယ်တော်ကြွေးကြော်မည်နည်း။

—မဿဲအခန်းကြီး ၁ မှ ၃; မာကုအခန်းကြီး ၁; လုကာအခန်းကြီး ၂; ယောဟန်အခန်းကြီး ၁ ကိုအခြေခံသည်။

  • ယေရှုသည် မေရှိယဖြစ်ကြောင်း ဖော်ပြရန် ကောင်းကင်တမန်များကို ယေဟောဝါ မည်သို့အသုံးပြုခဲ့သနည်း။

  • ယေရှုသည် မေရှိယဖြစ်ကြောင်း ဖော်ပြရန် နှစ်ခြင်းဆရာယောဟန်ကို ဘုရားသခင် မည်သို့အသုံးပြုခဲ့သနည်း။

  • မိမိသားတော်သည် မေရှိယဖြစ်ကြောင်း ယေဟောဝါကိုယ်တိုင် မည်သို့ဖော်ပြခဲ့သနည်း။

အဘယ်သဘောမျိုးဖြင့် ဘုရားသခင့်သားတော်ဖြစ်သနည်း

ယေဟောဝါသည် ယေရှု၏အဖခမည်းတော်ဖြစ်၏။ သို့သော် ယေဟောဝါသည် ထိုသားကို လူသားဖခင်များနည်းတူ ဖြစ်ပွားစေခဲ့ခြင်းမဟုတ်ပါ။ ယေရှုကို အမျိုးသမီးတစ်ဦးက ပဋိသန္ဓေယူကာ ဖွားမြင်ခဲ့ခြင်းမဟုတ်ပါ။ ကိုယ်တော့်ကို ဘုရားသခင်ဖန်ဆင်းခဲ့ခြင်းဖြစ်သည်။ အမှန်မှာ၊ ယေရှုသည် ယေဟောဝါဖန်ဆင်းခဲ့သော ဦးဆုံးပုဂ္ဂိုလ်ဖြစ်၏။ (ကောလောသဲ ၁:၁၅-၁၇) ယေဟောဝါသည် ယေရှုကိုဖန်ဆင်းခြင်းဖြင့် အသက်ပေးခဲ့ရာ ယေရှု၏အဖဟု ခေါ်ဆိုနိုင်ပေသည်။ ယေဟောဝါသည် ထိုနာမ်ဝိညာဉ်သားကို ဖန်ဆင်းပြီးနောက် မျက်မြင်ရစကြဝဠာအပါအဝင် အခြားအရာအားလုံး တည်ရှိလာစေရာတွင် “ကျွမ်းကျင်လုပ်သား” အဖြစ်အသုံးပြုတော်မူခဲ့သည်။—သု. ၈:၃၀၊ ကဘ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ