ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၇၈
  • ဘုရား တကယ်ရှိသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရား တကယ်ရှိသလား
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာ ဖြေဆိုရာ
  • ဘုရားသခင် ရှိသလား။ ဘုရားသခင် ရှိတယ်လို့ သိထားတာက ဘယ်လို အကျိုးရှိစေသလဲ
    နိုးလော့!—၂၀၁၅
  • ထူးကဲမြင့်မားသည့်ဉာဏ်ပညာ၏ အတုမရှိသောပင်ရင်းအမြစ်
    ဘဝ ရည်ရွယ်ချက်ကား အဘယ်နည်း ယင်းကိုသင်မည်သို့ရှာတွေ့နိုင်သနည်း
  • ကျွန်တော့်ဘဝကို စိတ်ပျက်မိတယ်—ဘာသာရေး၊ ဘုရားသခင် ဒါမှမဟုတ် သမ္မာကျမ်းစာက ကူညီပေးနိုင်မလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ဖန်ဆင်းရှင်သည်သင့်ဘဝကို ပို၍အဓိပ္ပာယ်ရှိစေနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၇၈
တိမ်ကြားကနေ ဖြာထွက်လာတဲ့ နေရောင်ခြည်

ဘုရား တကယ်ရှိသလား

သမ္မာကျမ်းစာ ဖြေဆိုရာ

ရှိပါတယ်။ ဘုရားရှိတယ်ဆိုတဲ့ ခိုင်လုံတဲ့အထောက်အထားကို ကျမ်းစာမှာ ဖော်ပြထားပါတယ်။ ဘာသာရေးသွန်သင်ချက်တွေကြောင့် ဘုရားရှိတယ်ဆိုပြီး အလွယ်တကူ ယုံလိုက်တာမျိုးမဟုတ်ဘဲ “စဉ်းစားဆင်ခြင်နိုင်စွမ်း၊” “ဉာဏ်စွမ်း” ကို သုံးပြီးမှယုံဖို့ ကျမ်းစာက တိုက်တွန်းထားပါတယ်။ (ရောမ ၁၂:၁; ၁ ယောဟန် ၅:၂၀) ဘုရားကိုယုံကြည်နိုင်ဖို့ ကျမ်းစာပေါ်အခြေခံထားပြီး ကျိုးကြောင်းညီညွတ်တဲ့ ဒီအချက်တွေကို သုံးသပ်ကြည့်ပါ–

  • သက်ရှိတွေအပါအဝင် စည်းစနစ်ကျနစွာ လည်ပတ်နေတဲ့ စကြဝဠာကြီးကို ကြည့်မယ်ဆိုရင် ပြုလုပ်သူရှိတယ်ဆိုတာ ဖော်ပြနေတယ်။ ကျမ်းစာမှာ ခုလိုပြောထားတယ်- “အိမ်မည်သည်ကား တစ်စုံတစ်ဦး တည်ဆောက်သောကြောင့် ဖြစ်၏။ အရာခပ်သိမ်းကို တည်ဆောက်သောသူမူကား ဘုရားသခင်ဖြစ်တော်မူ၏။” (ဟေဗြဲ ၃:၄) ဒီအတွေးအခေါ်က ရိုးရှင်းပေမဲ့ ပညာတတ်အများစုအတွက် အဓိပ္ပာယ်ပြည့်ဝပြီး သူတို့ရဲ့ စဉ်းစားပုံကို ပြောင်းလဲစေနိုင်တယ်။a

  • ဘာအတွက် အသက်ရှင်နေရတာလဲ ဆိုတဲ့မေးခွန်းကို သိချင်စိတ်က လူသားတွေမှာ မွေးကတည်းက ပါလာတယ်။ အရာရာ ပြီးပြည့်စုံတဲ့သူတွေတောင် ဒီမေးခွန်းရဲ့ အဖြေကို သိချင်နေကြတုန်းပဲ။ အဲဒီလိုသိချင်စိတ်ဟာ “ဘုရားသခင်ကို မှီခို” လိုတဲ့စိတ် ဖြစ်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ အဲဒီစိတ်မှာ ဘုရားကို သိချင်စိတ်နဲ့ ကိုးကွယ်ချင်စိတ်ပါဝင်တယ်။ (မဿဲ ၅:၃; ဗျာဒိတ် ၄:၁၁) ဘုရားကို မှီခိုဖို့လိုတယ်ဆိုတဲ့ စိတ်က ဘုရားရှိတယ်ဆိုတာ သက်သေထူရုံသာမက ကိုယ်တော်က ဒီစိတ်ကို ဖြည့်ဆည်းပေးချင်တဲ့ မေတ္တာရှိတဲ့ဖန်ဆင်းရှင် ဖြစ်တယ်ဆိုတာကိုလည်း ဖော်ပြနေတယ်။—မဿဲ ၄:၄။

  • နှစ်ပေါင်းများစွာ အသေးစိတ် ကြိုဟောထားတဲ့ ကျမ်းစာမှာပါတဲ့ ဖြစ်ရပ်တွေက အတိအကျ ပြည့်စုံခဲ့တယ်။ တိကျမှန်ကန်ပြီး အသေးစိတ်ကျတဲ့ ဒီကြိုဟောချက်တွေက လူ့ထက်သာလွန်တဲ့ ဘုရားဆီကလာတယ်ဆိုတာ အခိုင်အမာ သက်သေထူနေပါတယ်။—၂ ပေတရု ၁:၂၁။

  • အာကာသကနေ မြင်တွေ့နေရတဲ့ ကမ္ဘာဂြိုဟ်

    ကျမ်းရေးသူတွေမှာ သူတို့နဲ့ တစ်ခေတ်တည်းသားတွေထက် သိပ္ပံအသိပညာ ပိုရှိခဲ့တယ်။ ဥပမာ၊ ကမ္ဘာကြီးကို ဆင်၊ တောဝက်၊ နွားထီးစတဲ့ သတ္တဝါတစ်ကောင်ကောင် ထမ်းထားတယ်လို့ ဟိုးတုန်းကလူတွေ ယုံကြည်ခဲ့ကြတယ်။ ကျမ်းစာမှာတော့ ဘုရားသခင်က “မြေကြီးကို အခုအခံမရှိဆွဲထားတော်မူ၏” လို့ ဖော်ပြထားပါတယ်။ (ယောဘ ၂၆:၇) ကမ္ဘာကြီးက “စက်ဝန်း” ပုံစံရှိတယ်လို့လည်း ကျမ်းစာမှာ တိတိကျကျ ဖော်ပြထားတယ်။ (ဟေရှာယ ၄၀:၂၂၊ ကဘ) ဒီအချက်အလက်တွေကို ဘုရားသခင်ဆီကရခဲ့လို့ သိပ္ပံပညာနဲ့ ကိုက်ညီတဲ့နားလည်မှုကို ကျမ်းရေးသူတွေ ရေးနိုင်ခဲ့တယ်ဆိုပြီး လူအများစု လက်ခံကြတယ်။

  • ခက်ခဲတဲ့မေးခွန်းတွေရဲ့ အဖြေကို ကျမ်းစာမှာ ရှာတွေ့နိုင်ပါတယ်။ ဒီမေးခွန်းတွေအတွက် ကျေနပ်လောက်တဲ့ အဖြေမရဘူးဆိုရင် လူတစ်ယောက်ကို ဘုရားမဲ့ဝါဒီတောင် ဖြစ်သွားစေနိုင်တယ်။ ဥပမာ၊ ဘုရားက မေတ္တာရှင်၊ တန်ခိုးအကြီးဆုံးအရှင်ဖြစ်တယ်ဆိုရင် ကမ္ဘာမှာ ဆင်းရဲဒုက္ခတွေနဲ့ မကောင်းမှုတွေ ဘာလို့ ရှိနေတာလဲ။ ဘာသာရေးက လူတွေကို ကောင်းတာတွေထက် ဆိုးတာတွေကို ဘာလို့ ပြုလုပ်စေတာလဲ။—တိတု ၁:၁၆။

a ဥပမာ၊ နက္ခတ္တဗေဒပညာရှင်တစ်ယောက်ဖြစ်တဲ့ အယ်လန်ဆန်ဒေချ်က စကြဝဠာနဲ့ပတ်သက်ပြီး ခုလိုပြောခဲ့တယ်- “စကြဝဠာရဲ့ စနစ်ကျမှုက ပရမ်းပတာပေါ်ထွက်လာတာ မဖြစ်နိုင်ဘူး။ စီစဉ်ဖွဲ့စည်းပေးဖို့ အခြေခံနိယာမတစ်ခုခုရှိရမယ်။ ဘုရားဆိုတာ ကျွန်တော့်အတွက် လျှို့ဝှက်နက်နဲရာပဲ။ ဒါပေမဲ့ အရာအားလုံး တည်ရှိနေတာက ဖန်ဆင်းရှင်ဘုရား ရှိနေတယ်ဆိုတာ ဖော်ပြနေတယ်။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ