ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၈ အမှတ် ၁ စာ. ၆-၇
  • ခေတ်နောက်ကျသွားပြီလား၊ ခေတ်ရှေ့ပြေးနေဆဲလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခေတ်နောက်ကျသွားပြီလား၊ ခေတ်ရှေ့ပြေးနေဆဲလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သိပ္ပံပညာ
  • ဆေးပညာ
  • စကြဝဠာကို ထိန်းချုပ်ထားတဲ့ နိယာမတွေကို ဘယ်သူဖန်တီးသလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဤစာအုပ်သည် သိပ္ပံပညာနှင့်ညီညွတ်၏လော
    လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ်
  • ၄။ သိပ္ပံဆိုင်ရာ တိကျမှန်ကန်မှု
    နိုးလော့!—၂၀၀၇
  • ဘုရားသခင့်ထံတော်မှ စာအုပ်တစ်အုပ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၈
ကလ၁၈ အမှတ် ၁ စာ. ၆-၇
သင်္ချာတွက်ချက်မှု

ခေတ်နောက်ကျသွားပြီလား၊ ခေတ်ရှေ့ပြေးနေဆဲလား

သိပ္ပံပညာ

ကျမ်းစာဟာ သိပ္ပံပြဋ္ဌာန်းစာအုပ် မဟုတ်ပေမဲ့ ကျမ်းစာဖော်ပြချက်တွေဟာ ခေတ်ရှေ့ပြေးတယ်။ နမူနာတချို့ကို သုံးသပ်ကြည့်ပါ။

စကြဝဠာမှာ အစရှိသလား

စကြဝဠာမှာ အစမရှိဘူးလို့ နာမည်ကြီးသိပ္ပံပညာရှင်တွေ တစ်ချိန်က ယတိပြတ်ယူဆခဲ့ကြတယ်။ အခုတော့ စကြဝဠာမှာ အစရှိတယ်လို့ လက်ခံလိုက်ကြပြီ။ ရှေးကတည်းက ကျမ်းစာမှာ အဲဒီအတိုင်း ရှင်းရှင်းလင်းလင်း ပြောထားတယ်။—ကမ္ဘာဦး ၁:၁။

ကမ္ဘာကြီးဟာ ဘယ်လိုပုံစံရှိသလဲ

ရှေးအချိန်က လူများစွာဟာ ကမ္ဘာကြီး ပြားတယ်လို့ ယူဆခဲ့ကြတယ်။ ဘီစီ ငါးရာစုရောက်တဲ့အခါ ဂရိသိပ္ပံပညာရှင်တွေက ကမ္ဘာကြီးဟာ စက်လုံးပုံရှိတယ်လို့ ဆိုတယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင် ဘီစီ ရှစ်ရာစုကတည်းက ကျမ်းရေးသူဟေရှာယဟာ “ကမ္ဘာလုံး” ဆိုတဲ့ အသုံးအနှုန်းကို သုံးခဲ့တယ်။—ဟေရှာယ ၄၀:၂၂။

ကောင်းကင်ဟာ ပျက်စီးနိုင်သလား

ပျက်စီးယိုယွင်းခြင်းဆိုတာ ကမ္ဘာပေါ်မှာပဲရှိတယ်၊ ကြယ်အတိပြီးတဲ့ ကောင်းကင်ကတော့ ပြောင်းလဲ၊ ပျက်စီးခြင်း လုံးဝမရှိနိုင်ဘူးလို့ ဘီစီ လေးရာစုက ဂရိသိပ္ပံပညာရှင် အရစ္စတိုတယ် သွန်သင်တယ်။ ရာစုနှစ်များစွာ အဲဒီလိုပဲ ယူဆခဲ့ကြတယ်။ ၁၉ ရာစုရောက်တဲ့အခါ သိပ္ပံပညာရှင်တွေက ကစဉ့်ကလျားဖြစ်ခြင်းဆိုတဲ့ သဘောတရားကို ဖော်ထုတ်ခဲ့တယ်။ ကောင်းကင်မှာဖြစ်စေ၊ မြေကြီးမှာဖြစ်စေ အရာဝတ္ထုမှန်သမျှ ပျက်စီးယိုယွင်းနိုင်တယ်ဆိုတဲ့ သဘောပဲ။ ဒီယူဆချက်ကို ထောက်ခံတဲ့ သိပ္ပံပညာရှင် လော့ဒ် ကယ်လ်ဗင်က ကောင်းကင်နဲ့ မြေကြီးဟာ “အဝတ်လို ဟောင်းနွမ်းသွားလိမ့်မယ်” လို့ ကျမ်းစာပြောတာကို သတိပြုမိတယ်။ (ဆာလံ ၁၀၂:၂၅၊ ၂၆) ဘုရားသခင်က ဖန်ဆင်းရာ တွေကို ပျက်စီးယိုယွင်းမသွားအောင် တားဆီး နိုင်စွမ်းရှိတယ်ဆိုတဲ့ ကျမ်းစာ သွန်သင်ချက်ကို ကယ်လ်ဗင် ယုံကြည်တယ်။—ဒေသနာ ၁:၄။

ကမ္ဘာလိုမျိုး ဂြိုဟ်တွေကို ဘာက ဆွဲထားသလဲ

ကောင်းကင်မှာရှိတဲ့ ဂြိုဟ်တာရာအားလုံးဟာ ဖန်လို ကြည်တဲ့ စက်လုံးထဲမှာ အဆင့်ဆင့် တည်ရှိနေပြီး ကမ္ဘာမြေကတော့ အလယ်ဗဟိုမှာ ရှိတယ်လို့ အရစ္စတိုတယ် သွန်သင်တယ်။ အေဒီ ၁၈ ရာစုရောက်တဲ့အခါ သိပ္ပံပညာရှင်တွေက ကြယ်တွေ၊ ဂြိုဟ်တွေဟာ ဟင်းလင်းပြင်မှာ ဒီအတိုင်း ရှိနေတယ်လို့ လက်ခံလာကြတယ်။ ဘီစီ ၁၅ ရာစုမှာ ရေးခဲ့တဲ့ ယောဘကျမ်းမှာ ဖန်ဆင်းရှင်ဟာ “ကမ္ဘာမြေကို ဘာနဲ့မှ မချိတ်ဆွဲဘဲ ဆိုင်းထားတယ်” လို့ ဖော်ပြထားတယ်။—ယောဘ ၂၆:၇။

ဆေးပညာ

ကျမ်းစာဟာ ဆေးပညာပြဋ္ဌာန်းစာအုပ် မဟုတ်ပေမဲ့ ခေတ်ရှေ့ပြေးတဲ့ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်တွေ ပါတယ်။

လူနာကို သီးသန့်ခွဲထားခြင်း

အနာကြီးရောဂါသည်တွေကို သီးသန့်နေခိုင်းရမယ်လို့ မောရှေပညတ်မှာ ညွှန်ကြားထားတယ်။ အလယ်ခေတ်မှာ ကပ်ရောဂါတွေ ကြုံရတော့မှပဲ ဆရာဝန်တွေဟာ အဲဒီညွှန်ကြားချက်ကို လိုက်နာဖို့လိုမှန်း သိလာကြတယ်။ အဲဒီညွှန်ကြားချက်ဟာ အခုထိ အသုံးဝင်နေတုန်းပဲ။—ဝတ်ပြုရာ အခန်းကြီး ၁၃၊ ၁၄။

လူသေကို ထိတွေ့ကိုင်တွယ်ပြီးနောက် လက်ဆေးခြင်း

၁၉ ရာစုနှောင်းပိုင်းအထိ ဆရာဝန်တွေဟာ လူသေတွေကို ကိုင်တွယ်ပြီးနောက် လက်မဆေးဘဲ လူနာတွေကို ဆက်ကုသပေးလေ့ရှိတယ်။ ဒါကြောင့် လူအသေအပျောက် များခဲ့တယ်။ မောရှေပညတ်မှာတော့ လူသေကို ကိုင်မိသူတိုင်း မသန့်ရှင်းဘူးလို့ ဖော်ပြတယ်။ လူသေကို ထိမိပြီးနောက် ရေချိုးသန့်စင်ရမယ်လို့တောင် ညွှန်ကြားတယ်။ ဒီဘာသာရေးဓလေ့ထုံးစံတွေဟာ ကျန်းမာရေးအတွက်လည်း တကယ် အထောက်အကူပြုတယ်။—တောလည်ရာ ၁၉:၁၁၊ ၁၉။

မစင်စွန့်ခြင်း

နှစ်စဉ် ကလေး ငါးသိန်းကျော်ဟာ ဝမ်းရောဂါကြောင့် သေဆုံးရတယ်။ အဓိကအကြောင်းရင်းက စည်းမဲ့ကမ်းမဲ့စွန့်တဲ့ လူ့မစင်တွေကြောင့်ပဲ။ လူတွေနဲ့ဝေးရာမှာ မစင်စွန့်ရမယ်၊ မစင်စွန့်ပြီးရင် မြေကြီးနဲ့ပြန်ဖုံးရမယ်ဆိုပြီး မောရှေပညတ်မှာ ဖော်ပြတယ်။—တရားဟောရာ ၂၃:၁၃။

အရေဖျားဖြတ်ရမယ့်အချိန်

သားယောက်ျားဆိုရင် ရှစ်ရက်မြောက်နေ့မှာ အရေဖျားဖြတ်ရမယ်လို့ ဘုရားပညတ်မှာ ဖော်ပြတယ်။ (ဝတ်ပြုရာ ၁၂:၃) မွေးကင်းစကလေးတွေမှာ မွေးပြီးတစ်ပတ်ကျော်မှပဲ သွေးခဲနှုန်း ပုံမှန်အခြေအနေ ရောက်နိုင်တယ်။ ခေတ်မီဆေးဝါးကုသမှုတွေ မပေါ်သေးခင် အဲဒီအချိန်တုန်းက တစ်ပတ်ကျော်ပြီးမှ အရေဖျားဖြတ်တာဟာ ပညာရှိရာရောက်တယ်။

စိတ်ကျန်းမာရေးနဲ့ ခန္ဓာကျန်းမာရေး ဆက်စပ်မှုရှိခြင်း

ပျော်ရွှင်ခြင်း၊ မျှော်လင့်ခြင်း၊ ကျေးဇူးတင်ခြင်း၊ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ခြင်း စတဲ့ အပြုသဘောဆောင်တဲ့ စိတ်ထားတွေဟာ ကျန်းမာရေးကောင်းစေတယ်လို့ ဆေးသုတေသီတွေ၊ သိပ္ပံပညာရှင်တွေ ဆိုကြတယ်။ ကျမ်းစာမှာလည်း “ရွှင်လန်းတဲ့စိတ်ဟာ ဆေးစွမ်းကောင်းတစ်လက်ပဲ။ ကြေကွဲတဲ့စိတ်ကတော့ ခွန်အားဆုတ်ယုတ်စေတယ်” လို့ ဖော်ပြတယ်။—ပညာအလိမ္မာ ၁၇:၂၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ