ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • သစ္စာမဲ့သော စပျစ်ဥယျာဉ်သည် အမင်္ဂလာရှိ၏!
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
    • ၂ ဟေရှာယ၏ ပုံဆောင်စကားကို ဤသို့ အစပြုထား၏– “ငါချစ်မြတ်နိုးရာသခင်၏ စပျစ်ဥယျာဉ်ကို အကြင်းပြု၍ မေတ္တာသီချင်းကို ရှေ့တော်၌ ဆိုပါရစေ။ မြေသြဇာကောင်းသော တောင်စောင်းမှာ ငါချစ်ရာသခင်၏ စပျစ်ဥယျာဉ်တစ်ခု ရှိ၏။ မြေကို တူး၍ ကျောက်ခဲတို့ကို ဖယ်ပြီးမှ စပျစ်နီမျိုးသန့်ကို စိုက်ပျိုးတော်မူ၏။ ဥယျာဉ်အလယ်၌ မျှော်စင်ကိုလည်း ဆောက်၍ စပျစ်သီးနယ်ရာ ကျင်းကိုလည်း တူးတော်မူ၏။ ထိုအခါ စပျစ်သီးကိုသီးမည်ဟု မျှော်လင့်သည် ရှိသော် စပျစ်သီးရိုင်းကို သီးပါသည်တကား။”—ဟေရှာယ ၅:၁၊ ၂၊ ကဘ; မာကု ၁၂:၁ နှိုင်းယှဉ်။

      စပျစ်ဥယျာဉ်ကို ပြုစုခြင်း

      ၃၊ ၄။ စပျစ်ဥယျာဉ်ကို အဘယ် မေတ္တာပါ ပြုစုစောင့်ရှောက်မှုများ ပြုလုပ်ရသနည်း။

      ၃ ဟေရှာယသည် ဤဥပမာကို သီချင်းကဲ့သို့ ဆိုသည်ဖြစ်စေ၊ မဆိုသည်ဖြစ်စေ နားထောင်သူ ပရိသတ်၏ အာရုံကို ဖမ်းစားခဲ့မည်မှာ အမှန်ပင်။ အများစုသည် စပျစ်ဥယျာဉ် စိုက်ပျိုးခြင်းအလုပ်နှင့် ရင်းနှီးကျွမ်းဝင်ကြပုံ ရှိရာ ဟေရှာယ၏ ဖော်ပြချက်သည် ကွက်ကွက်ကွင်းကွင်း မြင်သာစေသည်။ ယနေ့ စပျစ်စိုက်ပျိုးသူများကဲ့သို့ပင် စပျစ်ဥယျာဉ်ပိုင်ရှင်သည် စပျစ်သီးအစေ့ကို မစိုက်ပျိုးဘဲ “မျိုးသန့်” သို့မဟုတ် တန်ဖိုးကြီး “စပျစ်နီ”—ကိုင်းကူး သို့မဟုတ် အခြားစပျစ်ပင်၏ အတက်ကို စိုက်ပျိုးသည်။ သင့်လျော်စွာပင် ဤစပျစ်ဥယျာဉ်ကို သီးအားကောင်းမည့် “မြေသြဇာကောင်းသော တောင်စောင်း” တွင် စိုက်ပျိုးလေသည်။

  • သစ္စာမဲ့သော စပျစ်ဥယျာဉ်သည် အမင်္ဂလာရှိ၏!
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
    • ၈။ ဟေရှာယက ယေဟောဝါကို “ငါချစ်ရာသခင်” ဟု ခေါ်ခြင်းသည် အဘယ်အရာကို တင်ပြသနည်း။

      ၈ ဟေရှာယက စပျစ်ဥယျာဉ်ပိုင်ရှင် ယေဟောဝါကို “ငါချစ်ရာသခင်” ဟု ခေါ်ထားသည်။ (ဟေရှာယ ၅:၁) ဟေရှာယသည် ဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံရေး ရှိသောကြောင့်သာ ထိုကဲ့သို့ ဆိုနိုင်ခြင်းဖြစ်သည်။ (ယောဘ ၂၉:၄; ဆာလံ ၂၅:၁၄ နှိုင်းယှဉ်။) သို့ရာတွင် ပရောဖက်၏ ဘုရားသခင်ကို ချစ်သော မေတ္တာသည် ကိုယ်တော်၏ “စပျစ်ဥယျာဉ်”—ကိုယ်တော် “စိုက်ပျိုး” ခဲ့သည့် လူမျိုး—အပေါ် ပြခဲ့သော ဘုရားသခင်၏ မေတ္တာကို မယှဉ်နိုင်ပါ။—ထွက်မြောက်ရာ ၁၅:၁၇; ဆာလံ ၈၀:၈၊ ၉ နှိုင်းယှဉ်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ