ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • “ထိုစပျစ်နွယ်ပင်ကို အကြည့်အရှုကြွလာတော်မူပါ”
    ကင်းမျှော်စင်—၂၀၀၆ | ဇွန် ၁၅
    • ဣသရေလဥယျာဉ်ရှင်များသည် ဝိုင်များစွာထုတ်လုပ်နိုင်ရန် သူတို့၏စပျစ်ခြံများကို ကောင်းစွာဂရုစိုက်စောင့်ရှောက်ကြသည်။ ဟေရှာယကျမ်းစောင်တွင် ဣသရေလဥယျာဉ်စောင့်တစ်ဦးသည် “အကောင်းဆုံးသောစပျစ်နွယ်ပင်တို့ကို” မစိုက်မီ တောင်စောင်းရှိမြေနေရာကို ထွန်ယက်ပုံနှင့် ကျောက်ခဲများရှင်းလင်းပုံတို့ကို ဖော်ပြထားသည်။ ထို့နောက် သူသည် တူးထုတ်လိုက်သောကျောက်တုံးများဖြင့် ကျောက်တံတိုင်းတစ်ခု ဆောက်ပေမည်။ ယင်းတံတိုင်းသည် စပျစ်ခြံအတွင်းကျွဲနွားအုပ်များ ဝင်ရောက်ဖျက်ဆီးခြင်းအပြင် မြေခွေးများ၊ တောဝက်များနှင့် သူခိုးများ၏ရန်မှလည်း အကာအကွယ်ဖြစ်စေမည်။ သူသည် စပျစ်သီးနယ်ရာကျင်းတစ်ခုတူးပြီး စပျစ်ပင်များ အထူးအကာအကွယ်လိုအပ်သည့် စပျစ်သီးဆွတ်ခူးချိန်အတွင်း နားနေနိုင်သည့် အေးမြသောနားနေဆောင်အဖြစ် လင့်စင်ငယ်တစ်ခုကိုလည်း ဆောက်ခဲ့ပေမည်။ ယင်းတို့အားလုံးပြုလုပ်ပြီးနောက် အကောင်းဆုံး စပျစ်သီးများကို ဆွတ်ခူးရန် သူမျှော်လင့်ပေမည်။—ဟေရှာယ ၅:၁၊ ၂။a

  • “ထိုစပျစ်နွယ်ပင်ကို အကြည့်အရှုကြွလာတော်မူပါ”
    ကင်းမျှော်စင်—၂၀၀၆ | ဇွန် ၁၅
    • ဟေရှာယသည် “ဣသရေလအမျိုးသားတို့” ကို “တောသီး” များသာသီးသော စပျစ်ဥယျာဉ်နှင့်ခိုင်းနှိုင်းခဲ့သည်။ (ဟေရှာယ ၅:၂၊ ၇၊ သမ္မာ) တောသီးများသည် စိုက်ပျိုးသည့်စပျစ်သီးထက် အလွန်သေးငယ်ပြီး အစေ့များ၍ အသားနည်းသည်။ တောသီးများကို စား၍လည်းမရ၊ ဝိုင်လုပ်၍လည်းမရပေ။ ထို့ကြောင့် ယင်းသည် ဖြောင့်မတ်မှုအသီးအစား မတရားမှုအသီးများသာ သီးပွင့်သော ဖောက်ပြန်သည့်လူမျိုးအတွက် ဆီလျော်သောပုံခိုင်းချက်ဖြစ်သည်။ ဤအသုံးမဝင်သောအသီးသီးခြင်းမှာ စပျစ်ဥယျာဉ်စိုက်ပျိုးသူ၏အမှားကြောင့်မဟုတ်ပါ။ လူမျိုးတော် သီးပွင့်နိုင်ရန် ယေဟောဝါပြုလုပ်ပေးနိုင်သည့်အရာအားလုံးကို ပြုလုပ်ပေးတော်မူခဲ့သည်။ “ငါ့စပျစ်ဥယျာဉ်၌ ငါကျေးဇူးပြုနိုင်လျက် မပြုသေးသောအရာ တစ်စုံတစ်ခုရှိသလော” ဟုကိုယ်တော်မေးခဲ့သည်။—ဟေရှာယ ၅:၄။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ