ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၈၃
  • ဘုရားသခင်ကို မြင်ဖူးတဲ့သူ ရှိသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်ကို မြင်ဖူးတဲ့သူ ရှိသလား
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာ ဖြေဆိုရာ
  • အခုချိန်မှာ ဘုရားသခင်ကို ဘယ်လိုနည်းနဲ့ မြင်နိုင်လဲ
  • မောရှေ၊ အာဗြဟံနဲ့ တခြားလူတွေ ဘုရားကို တကယ်မြင်ခဲ့ကြတယ် မဟုတ်လား
  • ယေဟောဝါ၏နည်းလမ်းတော်များကို သိရှိလာခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ယေရှုခရစ်တော်သည် မည်သို့အားဖြင့် မောရှေကဲ့သို့သော ဖရောဖက်ဖြစ်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • မမြင်ရတဲ့အရှင်ကို သင် မြင်ရသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ‘မျက်မှောက်မမြင်ဘဲ ယုံကြည်မျှော်လင့်လျက် ကျင့်ဆောင်ပြုမူခြင်း’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၈၃
ကောင်းကင်ကို မော့ကြည့်နေတဲ့ လူတစ်ယောက်

ဘုရားသခင်ကို မြင်ဖူးတဲ့သူ ရှိသလား

သမ္မာကျမ်းစာ ဖြေဆိုရာ

ဘယ်လူသားကမှ ဘုရားသခင်ကို မမြင်ဖူးကြဘူး။ (ထွက်မြောက်ရာ ၃၃:၂၀; ယောဟန် ၁:၁၈; ၁ ယောဟန် ၄:၁၂) ကျမ်းစာမှာ “ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်” တယ်လို့ ဖော်ပြထားတယ်။ ဒါကြောင့် လူ့မျက်စိနဲ့မမြင်နိုင်တာဖြစ်တယ်။—ယောဟန် ၄:၂၄; ၁ တိမောသေ ၁:၁၇။

ကောင်းကင်တမန်တွေကတော့ နာမ်ဝိညာဉ်ပုဂ္ဂိုလ်တွေဖြစ်လို့ ဘုရားသခင်ကို တိုက်ရိုက်မြင်နိုင်ကြပါတယ်။ (မဿဲ ၁၈:၁၀) ဒါ့အပြင် သေဆုံးသွားတဲ့ လူတချို့ဟာ နာမ်ဝိညာဉ်ပုဂ္ဂိုလ်အနေနဲ့ ကောင်းကင်မှာ အသက်ပြန်ရှင်ခွင့်ရတဲ့အခါ ဘုရားကို မြင်ရပါလိမ့်မယ်။—ဖိလိပ္ပိ ၃:၂၀၊ ၂၁; ၁ ယောဟန် ၃:၂။

အခုချိန်မှာ ဘုရားသခင်ကို ဘယ်လိုနည်းနဲ့ မြင်နိုင်လဲ

ကျမ်းစာထဲမှာ ဘုရားကို မြင်တယ်လို့ ပြောတဲ့အခါ တကယ်မြင်တာကို ပြောတာမဟုတ်ဘဲ ဘုရားအကြောင်း သိနားလည်ခြင်းကို ပြောနေတာဖြစ်တယ်။ (ဟေရှာယ ၆:၁၀; ယေရမိ ၅:၂၁; ယောဟန် ၉:၃၉–၄၁) ဥပမာ၊ လူတစ်ယောက်ဟာ “ဉာဏ်မျက်စိ” နဲ့ ဘုရားသခင်ကို မြင်နိုင်တယ်လို့ ကျမ်းစာမှာ ဆိုထားတယ်။ တစ်နည်းပြောရရင် ယုံကြည်ခြင်းက ဘုရားကို သိပြီး ကိုယ်တော်ရဲ့အရည်အသွေးတွေကို တန်ဖိုးထားလေးမြတ်လာစေတယ်။ (ဧဖက် ၁:၁၈) ဒီလိုယုံကြည်ခြင်းမျိုးရှိလာနိုင်ဖို့ လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို ကျမ်းစာမှာ ဖော်ပြပေးထားတယ်။

  • ဘုရားရဲ့ အရည်အသွေးတွေအကြောင်း သိရှိအောင် သင်ယူပါ။ အဲဒီအရည်အသွေးတွေထဲမှာ ဘုရားရဲ့မေတ္တာ၊ ရက်ရောမှုအပြင် ဖန်ဆင်းခြင်းလက်ရာတွေမှာ တွေ့မြင်ရတဲ့ ဘုရားရဲ့ ဉာဏ်ပညာ၊ တန်ခိုးတော်တို့ ပါဝင်တယ်။ (ရောမ ၁:၂၀) သစ္စာရှိသူယောဘဟာ ဘုရားရဲ့ဖန်ဆင်းရာတွေအကြောင်း ဆင်ခြင်ပြီးနောက် ဘုရားကို မျက်စိနဲ့မြင်ရသလို ခံစားခဲ့ရတယ်။—ယောဘ ၄၂:၅။

  • ကျမ်းစာကိုလေ့လာပြီး ဘုရားအကြောင်း သိလာအောင် လုပ်ပါ။ “ကိုယ်တော် [ဘုရားသခင်] ကိုရှာလျှင် အတွေ့ခံတော်မူ” မယ်လို့ ကျမ်းစာမှာ ကတိပေးထားပါတယ်။—၁ ရာဇဝင်ချုပ် ၂၈:၉; ဆာလံ ၁၁၉:၂; ယောဟန် ၁၇:၃။

  • ယေရှုရဲ့အသက်တာကနေ ဘုရားအကြောင်း သင်ယူပါ။ ယေရှုဟာ သူ့ဖခင်ဖြစ်သူ ယေဟောဝါဘုရားရဲ့ အရည်အသွေးတွေကို အပြည့်အဝ ရောင်ပြန်ဟပ်နိုင်တာကြောင့် ဒီလိုပြောနိုင်ခဲ့တယ်- “ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုလည်း မြင် [၏။]”—ယောဟန် ၁၄:၉။

  • ဘုရားသခင်နှစ်သက်တဲ့နည်းနဲ့ အသက်ရှင်ပါ။ ဒါ့အပြင် သင့်အကျိုးအတွက် ဘုရားလုပ်ပေးရာတွေကို သိလာအောင်လုပ်ပါ။ ယေရှုက “စိတ်နှလုံးဖြူစင်သူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ထိုသူတို့သည် ဘုရားသခင်ကို မြင်ရကြလိမ့်” မယ်လို့ ပြောခဲ့တယ်။ ရှေ့ပိုင်းမှာပြောခဲ့သလိုပဲ၊ ဘုရားသခင်နှစ်သက်တဲ့နည်းအတိုင်း နေထိုင်ခဲ့တဲ့လူတချို့ဟာ ကောင်းကင်မှာ အသက်ပြန်ရှင်ခွင့်ရပြီး “ဘုရားသခင်ကို မြင်ရကြပါလိမ့်” မယ်။—မဿဲ ၅:၈; ဆာလံ ၁၁:၇။

မောရှေ၊ အာဗြဟံနဲ့ တခြားလူတွေ ဘုရားကို တကယ်မြင်ခဲ့ကြတယ် မဟုတ်လား

ကျမ်းစာမှာပါတဲ့ တချို့မှတ်တမ်းတွေကြောင့် လူတွေအနေနဲ့ ဘုရားကို တကယ်မြင်ခဲ့ကြတယ်လို့ သဘောပေါက်မိနိုင်တယ်။ ဒါပေမဲ့ ကောင်းကင်တမန်တစ်ပါး၊ ဒါမှမဟုတ် စိတ်အာရုံ အားဖြင့် ဘုရားက ထင်ရှားပြတယ်လို့ ရှေ့နောက်စာသားတွေက ဖော်ပြနေတယ်။

ကောင်းကင်တမန်များ။

ရှေးအချိန်မှာ ဘုရားသခင်ဟာ လူတွေရှေ့မှာ ထင်ရှားပြဖို့၊ မိမိကိုယ်စားပြောဆိုဖို့ ကောင်းကင်တမန်တွေကို ကိုယ်စားလှယ်တွေအနေနဲ့ စေလွှတ်ခဲ့တယ်။ (ဆာလံ ၁၀၃:၂၀) ဥပမာ၊ ဘုရားက မောရှေကို မီးလောင်နေတဲ့ချုံပုတ်ကနေ စကားပြောတဲ့အခါ ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်- “မောရှေသည် ဘုရားသခင်ကို မကြည့်ဝံ့၊ မိမိမျက်နှာကို ဖုံးလျက်နေ၏။” (ထွက်မြောက်ရာ ၃:၄၊ ၆) တကယ်တော့ မောရှေက ဘုရားကို မြင်ခဲ့တာမဟုတ်ပါဘူး။ ရှေ့နောက်စာသားအရ သူ တကယ်မြင်ခဲ့တာက “ဘုရားသခင်၏ ကောင်းကင်တမန်” ဖြစ်တယ်။—ထွက်မြောက်ရာ ၃:၂။

အလားတူပဲ၊ ဘုရားသခင်ဟာ “မောရှေနဲ့ မျက်နှာချင်းဆိုင် နှုတ်ဆက်” တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတာက မောရှေနဲ့ ရင်းရင်းနှီးနှီး စကားပြောတာကို ဆိုလိုနေတာဖြစ်တယ်။ (ထွက်မြောက်ရာ ၄:၁၀၊ ၁၁; ၃၃:၁၁) တကယ်တော့ မောရှေဟာ ဘုရားကို မြင်ခဲ့တာမဟုတ်ဘဲ “ကောင်းကင်တမန်များမှ တစ်ဆင့်” ဘုရားဆီက သတင်းအချက်အလက်တွေကို ရရှိခဲ့တာဖြစ်တယ်။ (ဂလာတိ ၃:၁၉; တမန်တော် ၇:၅၃) မောရှေမှာ ခိုင်ခံ့တဲ့ ယုံကြည်ခြင်းရှိတယ်။ ဒါကြောင့် “မမြင်ရသော အရှင်ကို မြင်ရ” တဲ့သူလို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—ဟေဗြဲ ၁၁:၂၇။

ဘုရားသခင်ဟာ ကောင်းကင်တမန်တွေကတစ်ဆင့် မောရှေနဲ့ စကားပြောခဲ့သလို အာဗြဟံနဲ့လည်း စကားပြောခဲ့တယ်။ ကျမ်းစာကို အပေါ်ယံဖတ်ကြည့်မယ်ဆိုရင်တော့ အာဗြဟံဟာ ဘုရားကို မြင်ခဲ့တယ်လို့ နားလည်သွားနိုင်တယ်။ (ကမ္ဘာဦး ၁၈:၁၊ ၃၃) ဒါပေမဲ့ ရှေ့နောက်ကျမ်းစကားအရ အာဗြဟံဆီ လာလည်တဲ့ “လူသုံးယောက်” ဟာ ဘုရားစေလွှတ်လိုက်တဲ့ ကောင်းကင်တမန်တွေဖြစ်တယ်။ သူတို့ဟာ ဘုရားရဲ့ကိုယ်စားလှယ်တွေဖြစ်တယ်ဆိုတာ အာဗြဟံသိခဲ့ပြီး ဘုရားနဲ့တိုက်ရိုက်စကားပြောနေသလိုမျိုး သူတို့နဲ့ စကားပြောခဲ့တယ်။—ကမ္ဘာဦး ၁၈:၂၊ ၃၊ ၂၂၊ ၃၂; ၁၉:၁။

စိတ်အာရုံများ။

ဘုရားသခင်ဟာ စိတ်အာရုံတွေနဲ့လည်း လူတွေကို ထင်ရှားပြခဲ့တယ်။ ဥပမာ၊ မောရှေနဲ့ တခြားအစ္စရေးလူတွေဟာ “အစ္စရေးတို့ရဲ့ ဘုရားသခင်ကို ဖူးမြင်ကြ” တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ ဆိုလိုတာက “စစ်မှန်တဲ့ဘုရားသခင်နဲ့ဆိုင်တဲ့ စိတ်အာရုံကို မြင်ရ” တာကို ပြောနေတာဖြစ်တယ်။ (ထွက်မြောက်ရာ ၂၄:၉–၁၁၊ ကဘ) အဲဒီလိုပါပဲ၊ ကြိုဟောသူတွေလည်း ‘ထာဝရဘုရားကို မြင်’ တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတတ်တယ်။ (ဟေရှာယ ၆:၁; ဒံယေလ ၇:၉; အာမုတ် ၉:၁) ကျမ်းစာမှတ်တမ်းတစ်ခုစီရဲ့ ရှေ့နောက်စာသားတွေအရ သူတို့ဟာ ဘုရားကို တိုက်ရိုက်မြင်ခဲ့ရတာမဟုတ်ဘဲ ဘုရားနဲ့ဆိုင်တဲ့ စိတ်အာရုံကို ရခဲ့တာဖြစ်တယ်။—ဟေရှာယ ၁:၁; ဒံယေလ ၇:၂; အာမုတ် ၁:၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ