ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ယေဟောဝါ ကျွန်ုပ်တို့၏ အကျိုးအတွက် သွန်သင်ပေး
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
    • ၁၉။ ယေဟောဝါသည် အဘယ် လှိုက်လှဲသော မေတ္တာရပ်ခံချက်ကို ထုတ်ဆင့်တော်မူသနည်း။

      ၁၉ လူမျိုးတော်သည် ဒုက္ခဆင်းရဲနှင့် မတွေ့ဘဲ ပျော်ရွှင်သော အသက်တာကို ခံစားစေလိုသည့် ယေဟောဝါ၏ ဆန္ဒကို ဤသို့ လှပစွာ ဖော်ပြထား၏– “သင်သည် ငါ၏ ပညတ်တို့ကို စောင့်ရှောက်ပါစေသော။ သို့ပြုလျှင် သင်၏ ချမ်းသာသည် မြစ်ကဲ့သို့လည်းကောင်း၊ သင်၏ ဖြောင့်မတ်ခြင်း ပါရမီသည် သမုဒ္ဒရာ လှိုင်းတံပိုးကဲ့သို့လည်းကောင်း ဖြစ်ရလိမ့်မည်။” (ဟေရှာယ ၄၈:၁၈) အနန္တတန်ခိုးနှင့် ပြည့်စုံသော ဖန်ဆင်းရှင်ထံမှ လှိုက်လှဲသော မေတ္တာရပ်ခံချက်ပါတကား! (တရားဟောရာ ၅:၂၉; ဆာလံ ၈၁:၁၃) သုံ့ပန်းဘဝ အရောက်ခံမည့်အစား ဣသရေလလူမျိုးသည် မြစ်တစ်ခုအတွင်း စီးဆင်းနေသော မြစ်ရေကဲ့သို့ ငြိမ်သက်ခြင်းကို အလျှံပယ် ခံစားနိုင်ကြသည်။ (ဆာလံ ၁၁၉:၁၆၅) သူတို့၏ ဖြောင့်မတ်သော အမှုများသည် သမုဒ္ဒရာ လှိုင်းတံပိုးကဲ့သို့ မရေမတွက်နိုင်အောင် များနိုင်သည်။ (အာမုတ် ၅:၂၄) ယင်းတို့ကို အမှန် စိတ်ဝင်စားသော ပုဂ္ဂိုလ်တစ်ဦးအနေနှင့် ယေဟောဝါသည် ဣသရေလလူမျိုး လျှောက်သင့်သည့် လမ်းကို မေတ္တာပါစွာ ပြပေးခြင်းဖြင့် မေတ္တာရပ်ခံခဲ့သည်။ သူတို့ နားထောင်မည်ဆိုလျှင် ကောင်းလိုက်မည့်ဖြစ်ခြင်း!

  • ယေဟောဝါ ကျွန်ုပ်တို့၏ အကျိုးအတွက် သွန်သင်ပေး
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
    • ၂၁။ ယနေ့ ကျွန်ုပ်တို့သည် ယေဟောဝါ၏ သွန်သင်ချက်ကို ရှာဖွေမည်ဆိုလျှင် အဘယ် ကောင်းချီးများကို ခံစားနိုင်သနည်း။

      ၂၁ ဤလေးနက်သော ကျမ်းပိုဒ်တွင် ပါသော မူများသည် ယနေ့ ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူများနှင့် သက်ဆိုင်သည်။ ယေဟောဝါသည် အသက်၏ ရင်းမြစ် ဖြစ်ရာ ကိုယ်တော်သည် ကျွန်ုပ်တို့၏ ဘဝအသက်တာအား မည်သို့ အသုံးပြုသင့်သည်ကို မည်သူထက်မဆို ပို၍ သိတော်မူ၏။ (ဆာလံ ၃၆:၉) ကိုယ်တော် ကျွန်ုပ်တို့ကို လမ်းညွှန်ချက်များ ပေးတော်မူခြင်းမှာ ကျွန်ုပ်တို့၌ ပျော်ရွှင်မှု ကင်းမဲ့သွားစေရန် မဟုတ်ဘဲ ကျွန်ုပ်တို့အကျိုးအတွက် ဖြစ်သည်။ စစ်မှန်သော ခရစ်ယာန်များသည် ယေဟောဝါ၏ သွန်သင်မှုကို ခံယူရန် ရှာကြံခြင်းဖြင့် တုံ့ပြန်ကြသည်။ (မိက္ခာ ၄:၂) ကိုယ်တော်၏ ညွှန်ကြားချက်များသည် ကျွန်ုပ်တို့၏ ဝိညာဉ်ရေးနှင့် ကိုယ်တော်နှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေးကို အကာအကွယ် ပေးသည်၊ ထို့ပြင် ၎င်းတို့သည် စာတန်၏ ယိုယွင်းဖောက်ပြန်သော သြဇာ အလွှမ်းမခံရလေအောင် ကျွန်ုပ်တို့ကို အကာအကွယ် ပေးသည်။ ကျွန်ုပ်တို့သည် ဘုရားသခင့် ပညတ်တော်နောက်ဝယ်ရှိ မူများကို နားလည်သဘောပေါက်လာသည့်အခါ ကျွန်ုပ်တို့၏ အကျိုးအတွက် ယေဟောဝါ သွန်သင်ပေးကြောင်း တွေ့မြင်လာသည်။ “ပညတ်တော်တို့ကို စောင့်ခဲသည် မဟုတ်” ကြောင်း ကျွန်ုပ်တို့ သိလာသည်။ ထို့ပြင် ကျွန်ုပ်တို့သည် ဖျက်ဆီးခံရမည် မဟုတ်ပါ။—၁ ယောဟန် ၂:၁၇; ၅:၃။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ