ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ‘ယေဟောဝါဘုရားသခင်သည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏’
    ကင်းမျှော်စင်—၂၀၁၁ | ဒီဇင်ဘာ ၁
    • ယေဟောဝါဘုရားသခင်က ဘယ်လို ဘုရားသခင်မျိုးလဲလို့မေးရင် သင် ဘယ်လိုဖြေမလဲ။ ဘီစီအီး ရှစ်ရာစုမှာ ဘုရားသခင်ကို သန့်ရှင်းတယ်ဆိုတဲ့ စကားလုံးနဲ့ ကောင်းကင်တမန်တွေ ချီးမွမ်းနေတဲ့ အဆင်းအာရုံတစ်ခုကို ပရောဖက် (ကြိုဟောသူ) ဟေရှာယ တွေ့မြင်ခဲ့ရတယ်။ ဟေရှာယ မြင်ခဲ့၊ ကြားခဲ့ရာတွေက ကျွန်ုပ်တို့ကို အံ့သြမှင်တက်စေပြီး ဘုရားသခင်နဲ့ ပိုပြီးရင်းနှီးလာစေပါတယ်။ ဟေရှာယ ၆:၁-၃ မှာပါတဲ့ စကားတွေကို သုံးသပ်တဲ့အခါ သင်လည်း အဲဒီမှာရှိနေတယ်လို့ မြင်ယောင်ကြည့်လိုက်ပါ။

  • ‘ယေဟောဝါဘုရားသခင်သည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏’
    ကင်းမျှော်စင်—၂၀၁၁ | ဒီဇင်ဘာ ၁
    • ဟေရှာယဟာ မြင်ရတဲ့အရာတွေသာမက ကြားရတဲ့အရာတွေကြောင့်ပါ အံ့သြမှင်တက်ခဲ့ရတယ်။ ကောင်းကင်က သံစုံသီဆိုတဲ့ အဖွဲ့ထဲမှာပါတဲ့ သရပ်တွေဟာ အသံကိုမြှင့်တင်ပြီး သီဆိုနေကြတယ်။ ဟေရှာယက ဒီလိုရေးပြန်တယ်– ‘“ကောင်းကင်ဗိုလ်ခြေအရှင် ယေဟောဝါသည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏” ဟု တစ်ပါးကိုတစ်ပါး ကြွေးကြော်၍ မြွက်ဆိုကြ၏။’ (အခန်းငယ် ၃) “သန့်ရှင်း” လို့ပြန်ဆိုထားတဲ့ ဟေဗြဲစကားလုံးထဲမှာ သန့်စင်ခြင်းနဲ့ စင်ကြယ်ခြင်းဆိုတဲ့ သဘောတရားလည်းပါတယ်။ ဒီအပြင် “အပြစ်ဖြစ်စေမယ့် အရာတွေနဲ့ လုံးဝမပတ်သက်ဘဲ ကင်းရှင်းတယ်ဆိုတဲ့ ယူဆချက်” လည်းပါတယ်။ ကောင်းကင်တမန် သရပ်တွေဟာ သုံးကြိမ်သုံးခါ သီဆိုတဲ့ “သန့်ရှင်းတော်မူ၏” ဆိုတဲ့ စကားလုံးကို အဆက်မပြတ် အလှည့်ကျသီဆိုတာ ဖြစ်နိုင်ဖွယ်ရှိတယ်။ အဲဒီလိုသီဆိုတာက ယေဟောဝါဘုရားသခင်ဟာ ဘယ်သူမှ လိုက်မမီနိုင်တဲ့ အမြင့်မြတ်ဆုံးအနေအထားနဲ့ သန့်ရှင်းတာကို အလေးအနက် ဖော်ကျူးနေတာဖြစ်တယ်။ (ဗျာ. ၄:၈) ဒါကြောင့် သန့်ရှင်းမှုဟာ ဘုရားသခင်ရဲ့ ထူးခြားတဲ့ အရည်အသွေးတစ်ခု ဖြစ်ပါတယ်။ ဘုရားသခင်ဟာ အပြည့်အဝ စင်ကြယ်၊ သန့်ရှင်းပြီး အပြစ်တင်စရာနဲ့ လုံးဝကင်းရှင်းပါတယ်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ