ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • “စေတနာထားချိန်”
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
    • ၈။ မေရှိယ၏ လူမျိုးကိုယ်နှိုက်သည် ကိုယ်တော်ကို မည်သို့ တုံ့ပြန်ကြသနည်း၊ သို့သော် မေရှိယသည် မိမိ၏ အောင်မြင်မှုများကို မည်သူ စီရင်သတ်မှတ်ရန် မျှော်လင့်သနည်း။

      ၈ သို့သော်လည်း ယေရှုသည် မိမိလူမျိုးကိုယ်နှိုက်၏ မထီမဲ့မြင်ပြုမှုနှင့် ငြင်းပယ်မှုကို ခံခဲ့ရသည် မဟုတ်လော။ မှန်ပါသည်။ ယေဘုယျအားဖြင့် ဣသရေလလူမျိုးသည် ယေရှုကို ဘုရားသခင့် ဘိသိက်ခံကျွန်အဖြစ် လက်မခံကြပါ။ (ယောဟန် ၁:၁၁) မြေကြီးပေါ်ရှိစဉ် ယေရှု လုပ်ဆောင်ခဲ့ရာအားလုံးသည် သူ၏ တစ်ခေတ်တည်းသားများအတွက် အကျိုးမရှိသလောက် ဖြစ်ပြီး အရေးမပါဟုပင် ရှုမြင်ခဲ့ကြပေမည်။ ဤသို့ ရှုမြင်ခြင်းက မိမိ၏ ဓမ္မအမှုတွင် အောင်မြင်ပုံ မရမှုကို မေရှိယက ထပ်၍ ဤသို့ ဆက်ဖော်ပြထား၏– “အကျိုးမရှိဘဲ ငါလုပ်ဆောင်ရပြီ။ အချည်းနှီးသက်သက် ငါ့ခွန်အား ကုန်ရပြီ။” (ဟေရှာယ ၄၉:၄က) မေရှိယသည် စိတ်ဓာတ်ကျ၍ ထိုသို့ ပြောခြင်း မဟုတ်ပါ။ ဆက်ပြောသော ဤစကားကို သုံးသပ်ကြည့်ပါ– “ငါ့အမှုသည် ထာဝရဘုရားရှေ့တော်၌ ရှိ၏။ ငါခံရသော အခလည်း ငါ၏ ဘုရားသခင်လက်တော်၌ ရှိသည်။” (ဟေရှာယ ၄၉:၄ခ) မေရှိယ၏ အောင်မြင်မှုများကို လူသားများ မဟုတ်ဘဲ ဘုရားသခင် စီရင်သတ်မှတ်မည် ဖြစ်သည်။

  • “စေတနာထားချိန်”
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
    • ၁၀ ယနေ့၊ ယေရှု၏ နောက်လိုက်များသည် အချည်းနှီးအရာကို ပင်ပင်ပန်းပန်း လုပ်ဆောင်နေရသည်ဟု ရံဖန်ရံခါ ခံစားကြရပေမည်။ အချို့သော ဒေသများတွင် လုပ်ဆောင်မှု ပမာဏ၊ စိုက်ထုတ်ခဲ့သော အတိုင်းအတာတို့ကို နှိုင်းယှဉ်ကြည့်သည့်အခါ သူတို့ဓမ္မအမှု၏ ရလဒ်သည် အရာမထင်ပုံပေါက်နေပေမည်။ သို့တိုင် သူတို့သည် ခံနိုင်ရည် ရှိကြပြီး ယေရှု၏ ပုံသက်သေမှ အားပေးမှု ရခဲ့ကြသည်။ ထို့ပြင် တမန်တော် ပေါလု၏ ဤစကားများကြောင့်လည်း ခွန်အား ရခဲ့ကြသည်– “ထိုကြောင့် ငါချစ်သော ညီအစ်ကိုတို့၊ သင်တို့သည် သခင်ဘုရား၏ အမှုတော်ကို ဆောင်ရွက်၍ အကျိုးကြီးသည်ကို သိမှတ်သဖြင့် တည်ကြည်သော စိတ်နှင့် ပြည့်စုံ၍ မရွေ့လျော့ မတိမ်းယိမ်းဘဲလျက် သခင်ဘုရား၏ အမှုတော်ကို ကြိုးစားအားထုတ်ကြလော့။”—၁ ကောရိန္သု ၁၅:၅၈။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ