-
ယေဟောဝါသည် စိတ်နှိမ့်ချသောသူတို့ကို အားသစ်လန်းစေဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
-
-
၁၇။ ‘ယေဟောဝါကို ကိုးစားသောသူတို့အတွက်’ အဘယ် ကတိတော် ရှိသနည်း၊ အဘယ်အချိန်တွင် ယင်းသို့ ဖြစ်ပျက်သနည်း။
၁၇ သို့သော် ဟေရှာယ ပရောဖက်ပြုချက်၏ နောက်စကားများကော အသို့နည်း။ “ငါ့ကို ကိုးစားသောသူမူကား ပြည်တော်ကို ပိုင်၍ ငါ၏ သန့်ရှင်းသော တောင်ကို အမွေခံရလိမ့်မည်။” (ဟေရှာယ ၅၇:၁၃ခ) ယခု ယေဟောဝါသည် မည်သူတို့ကို မိန့်တော်မူနေသနည်း။ ကိုယ်တော်သည် ရောက်လာတော့မည့် ပျက်စီးခြင်းဘေးကို ကျော်၍ ရှုမြင်ကာ ဗာဗုလုန်မှ လူမျိုးတော် လွတ်မြောက်ခြင်းနှင့် ကိုယ်တော်၏ သန့်ရှင်းသောတောင်၊ ယေရုရှလင်မြို့တွင် စင်ကြယ်သော ဝတ်ပြုရေး ပြန်လည်တည်ထောင်ခြင်းအကြောင်းကို ကြိုဟောနေခြင်း ဖြစ်သည်။ (ဟေရှာယ ၆၆:၂၀; ဒံယေလ ၉:၁၆) ဤအချက်သည် သစ္စာရှိဂျူး မည်သူမဆိုအတွက် တကယ့် အားပေးမှု ရင်းမြစ် ဖြစ်မည်! ယေဟောဝါ ဤသို့ ထပ်၍ မိန့်တော်မူ၏– “‘မြေကို ဖို့ကြ။ မြေကို ဖို့ကြ။ လမ်းကို ပြင်ကြ။ ငါ့လူတို့၏ လမ်းခရီး၌ အဆီးအတား မရှိစေနှင့်’ ဟု ငါပြောဆိုရ၏။” (ဟေရှာယ ၅၇:၁၄) မိမိလူမျိုးကို ဘုရားသခင် ကယ်လွှတ်မည့်အချိန် ရောက်လာသောအခါ အတားအဆီးအားလုံးကို ဖယ်ရှားထားပြီး ဖြစ်ကာ လမ်းအဆင်သင့် ဖြစ်နေမည်။—၂ ရာဇဝင်ချုပ် ၃၆:၂၂၊ ၂၃၊ ကဘ။
-
-
ယေဟောဝါသည် စိတ်နှိမ့်ချသောသူတို့ကို အားသစ်လန်းစေဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
-
-
၂၁။ (က) ယေဟောဝါသည် ၁၉၁၉ ခုနှစ်တွင် ဘိသိက်ခံ ခရစ်ယာန်များ၏ စိတ်သဘောကို မည်သို့ အားသစ်လန်းစေတော်မူခဲ့သနည်း။ (ခ) ကျွန်ုပ်တို့ တစ်ဦးစီသည် အဘယ် အရည်အသွေးများကို မွေးမြူသင့်သနည်း။
၂၁ “အထွတ်အမြတ် ဖြစ်တော်မူသော” ယေဟောဝါသည် ၁၉၁၉ ခုနှစ်တွင် ဘိသိက်ခံ အကြွင်းအကျန်၏ အကျိုးကိုလည်း ဂရုစိုက်ကြောင်း တင်ပြခဲ့သည်။ မိမိတို့၏ အပြစ်ကြောင့် နှလုံးကြေကွဲနေမှု၊ နှိမ့်ချသော သဘောထား ရှိမှုတို့ကြောင့် ကြီးမြတ်သော ဘုရားသခင် ယေဟောဝါသည် သူတို့ ဝေဒနာ ခံရသည့် အကြောင်းရင်းကို ကြင်နာစွာ သတိပြုမိပြီး သူတို့ကို ဗာဗုလုန် သုံ့ပန်းဘဝမှ ကယ်လွှတ်တော်မူခဲ့သည်။ ထိမိလဲစေနိုင်သည့် အတားအဆီးအားလုံးကို ကိုယ်တော် ဖယ်ရှားပေးခဲ့ပြီး စင်ကြယ်သော ဝတ်ပြုရေး ပြန်လည်တည်ထောင်နိုင်ရန် သူတို့ကို လွတ်လပ်စေခဲ့သည်။ သို့ဖြင့် ဟေရှာယမှတစ်ဆင့် မိန့်တော်မူခဲ့သော ယေဟောဝါ၏ စကားတော်သည် ထိုအချိန်တွင် ပြည့်စုံခဲ့သည်။ ထိုစကားများနောက်တွင် ကျွန်ုပ်တို့တစ်ဦးစီနှင့် သက်ဆိုင်သော ထာဝရမူများ ပါရှိသည်။ ယေဟောဝါသည် စိတ်နှိမ့်ချသူများ၏ ဝတ်ပြုကိုးကွယ်မှုကိုသာ လက်ခံတော်မူ၏။ ထို့ပြင် ဘုရားသခင့် ကျေးကျွန်တစ်ဦးသည် အပြစ်ပြုမိလျှင် မိမိ၏အမှားကို အလျင်အမြန် အသိအမှတ်ပြုပြီး ဆုံးမမှုကို လက်ခံကာ မိမိ၏ နည်းလမ်းများကို ပြုပြင်တည့်မတ်သင့်သည်။ ယေဟောဝါသည် စိတ်နှိမ့်ချသူများကို ကုသပေးပြီး နှစ်သိမ့်မှု ပေးသော်လည်း “ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင် ဆီးတားတော်မူ” ကြောင်း ကျွန်ုပ်တို့ ဘယ်တော့မျှ မမေ့ပါစေနှင့်။—ယာကုပ် ၄:၆။
-