-
ယေဟောဝါသည် ကိုယ်တော်တိုင်အတွက် တင့်တယ်သော ဘွဲ့နာမတစ်ခု ပေးတော်မူ၏ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
-
-
၁၄။ ယခု ဟေရှာယသည် အဘယ် သင့်လျော်သော သတိပေးချက်ကို ပေးသနည်း။
၁၄ လွန်ခဲ့သည့် အချိန်များက ဂျူးလူမျိုးများသည် မိမိတို့အကျိုးအတွက် ယေဟောဝါ လုပ်ဆောင်ပေးခဲ့ရာများအပေါ် ကျေးဇူးတင်လေးမြတ်မှု အလျင်အမြန် ပျောက်သွားခဲ့ကြသည်။ သို့ဖြစ်၍ ဟေရှာယက ယေဟောဝါသည် ထိုအမှုအရာများကို အဘယ်ကြောင့် လုပ်ဆောင်တော်မူခဲ့ကြောင်း သူတို့ကို ပြန်သတိပေးခြင်းသည် သင့်လျော်ပါသည်။ ဟေရှာယ ဤသို့ ကြေညာ၏– “ကရုဏာနှင့် မဟာမေတ္တာတော်အတိုင်း ထာဝရဘုရားသည် ငါတို့အား သနားတော်မူသောအရာ အလုံးစုံကိုလည်းကောင်း၊ ဣသရေလအမျိုးသားတို့၌ ပြုတော်မူသော မဟာကျေးဇူးတော်ကိုလည်းကောင်း ထောက်၍ ထာဝရဘုရား၏ မဟာမေတ္တာတော်နှင့် ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ငါချီးမွမ်းမည်။ ‘အကယ်စင်စစ် သူတို့သည် ငါ၏လူ ဖြစ်ကြ၏။ သစ္စာမပျက်သော သားလည်း ဖြစ်ကြ၏’ ဟု မိန့်တော်မူသဖြင့် သူတို့ကို ကယ်နုတ်တော်မူ၏။ အမှုရောက်လေရာရာ၌ သူတို့ကို ညှဉ်းဆဲတော်မမူ [“သူတို့ ခံရသမျှ ဒုက္ခကို ကိုယ်တော်တိုင် ခံရာရောက်တော်မူ၍၊” သမ]၊ ရှေ့တော်မှ စေလွှတ်သော ကောင်းကင်တမန်သည် ကယ်တင်လျက် မေတ္တာကရုဏာတော် ရှိသည်အတိုင်း ရွေးနုတ်တော်မူ၏။ ရှေးကာလပတ်လုံး သူတို့ကို ချီဆောင်တော်မူ၏။”—ဟေရှာယ ၆၃:၇-၉။
-
-
ယေဟောဝါသည် ကိုယ်တော်တိုင်အတွက် တင့်တယ်သော ဘွဲ့နာမတစ်ခု ပေးတော်မူ၏ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
-
-
၁၆။ (က) ယေဟောဝါသည် ဣသရေလလူမျိုးနှင့် ပဋိညာဉ် ဖွဲ့ချိန်တွင် အဘယ် ရှုမြင်ချက် ရှိခဲ့သနည်း။ (ခ) ဘုရားသခင်သည် မိမိလူမျိုးနှင့် မည်သို့ ဆက်ဆံတော်မူသနည်း။
၁၆ အီဂျစ်ပြည်မှ ထွက်လာကြပြီးနောက် ယေဟောဝါသည် ဣသရေလလူမျိုးကို သိနာတောင်သို့ ခေါ်ဆောင်လာခဲ့ပြီး ဤကတိပေးခဲ့သည်– “သင်တို့သည် ငါ့စကားကို အမှန် နားထောင်၍ ငါ့ပဋိညာဉ်ကို စောင့်ရှောက်လျှင် . . . သင်တို့သည် ငါပိုင်ထိုက်သော ဘဏ္ဍာတော် ဖြစ်ရကြလိမ့်မည်။ . . . သင်တို့သည်လည်း မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး ဖြစ်ရကြလိမ့်မည်။” (ထွက်မြောက်ရာ ၁၉:၅၊ ၆) ယေဟောဝါသည် ယင်းသို့ ကမ်းလှမ်းရာတွင် လှည့်စားခဲ့ခြင်းလော။ မလှည့်စားခဲ့ပါ၊ ယေဟောဝါ ကိုယ်တော်တိုင်က ‘အကယ်စင်စစ် သူတို့သည် ငါ၏လူ ဖြစ်ကြ၏။ သစ္စာမပျက်မည့် သားများ ဖြစ်ကြ၏’ ဟု မိန့်တော်မူခဲ့ကြောင်း ဟေရှာယ ဖော်ပြသည်။ ကျမ်းပညာရှင်တစ်ဦးက ဤသို့ ဆို၏– “ဤကျမ်းချက်တွင် အသုံးပြုထားသော ‘အကယ်စင်စစ်’ ဟူသည့် စကားလုံးမှာ ယေဟောဝါသည် စကြဝဠာ အချုပ်အခြာအာဏာရှင် သို့မဟုတ် တင်ကြိုသိနိုင်သော တန်ခိုးရှင် ဖြစ်သောကြောင့် အသုံးပြုထားခြင်း မဟုတ်ပါ၊ ကိုယ်တော်သည် မိမိလူမျိုးအပေါ် မျှော်လင့်ချက်နှင့် ယုံကြည်စိတ်ချမှု ရှိသော မေတ္တာကြောင့် ဖြစ်သည်။” မှန်ပါသည်၊ ယေဟောဝါသည် မိမိလူမျိုးတော်ကို အောင်မြင်စေလိုသော အရိုးခံ ဆန္ဒစိတ်ရင်းမှန်ဖြင့် ပဋိညာဉ် ဖွဲ့ခဲ့ခြင်း ဖြစ်သည်။ သူတို့၏ ထင်ရှားသော အပြစ်အနာအဆာများ ရှိလင့်ကစား ကိုယ်တော်သည် သူတို့ကို ယုံကြည်စိတ်ချကြောင်း တင်ပြတော်မူခဲ့သည်။ ဝတ်ပြုကိုးကွယ်သူများအပေါ် ထိုသို့သော ယုံကြည်စိတ်ချမှု ရှိသည့် ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ရခြင်းသည် အလွန် ထူးမြတ်လှသည်တကား! ယနေ့ အကြီးအကဲများသည် ဘုရားသခင် လူမျိုးတော်၏ အခြေခံ ကောင်းမွန်ရာ၌ ထပ်တူ ယုံကြည်စိတ်ချမှု တင်ပြကြသည့်အခါ တာဝန်လွှဲပြောင်း အပ်နှင်းခံထားရသူများအား ခွန်အားများစွာ ရှိစေကြသည်။—၂ သက်သာလောနိတ် ၃:၄; ဟေဗြဲ ၆:၉၊ ၁၀။
-