ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၅၇
  • သဘာဝဘေးအန္တရာယ်အကြောင်း ကျမ်းစာ ဘာပြောသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သဘာဝဘေးအန္တရာယ်အကြောင်း ကျမ်းစာ ဘာပြောသလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအဖြေ
  • သဘာဝဘေးအန္တရာယ်က ဘုရားရဲ့ ပြစ်ဒဏ် မဟုတ်ဘူးလို့ ဘာကြောင့် ပြောနိုင်သလဲ
  • သဘာဝဘေးအန္တရာယ်တွေဟာ ခေတ်ကာလရဲ့ နိမိတ်လား
  • သဘာဝဘေးသင့်နေသူတွေကို ဘုရား ဘယ်လို ကူညီပေးသလဲ
  • သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ဖို့ ကျမ်းစာက ကူညီပေးနိုင်သလား
  • သဘာဝကပ်ဘေးတွေ ဘာကြောင့် ဒီလောက်များရတာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • သဘာဝဘေးအန္တရာယ်များသည် ဘုရားသခင်ဒဏ်ခတ်ခြင်းကြောင့်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • သဘာဝဘေးဒဏ်များ ဘုရားသခင်ကြောင့်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ဘုရားသခင် ဒဏ်ခတ်နေတာလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၅၇
သဘာဝဘေးကြောင့် ပျက်စီးသွားတာတွေကို မိသားစုတစ်စု ကြည့်နေကြစဉ်

သဘာဝဘေးအန္တရာယ်အကြောင်း ကျမ်းစာ ဘာပြောသလဲ

ကျမ်းစာအဖြေ

ဒီနေ့အချိန်မှာ ဖြစ်ပျက်နေတဲ့ သဘာဝဘေးတွေကို ဘုရားသခင် ဖြစ်ပေါ်စေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သဘာဝဘေးသင့်သူတွေကို ဘုရား ဂရုစိုက်ပါတယ်။ ဆင်းရဲဒုက္ခတွေ ဖြစ်ပေါ်စေတဲ့ သဘာဝဘေးအန္တရာယ်တွေကို မကြာခင် ဘုရားနိုင်ငံတော်က ဖယ်ရှားပါတော့မယ်။ အခုအချိန်မှာတော့ သဘာဝဘေးသင့်နေသူတွေကို ဘုရား နှစ်သိမ့်ပေးနေပါတယ်။—၂ ကောရိန္သု ၁:၃။

  • သဘာဝဘေးအန္တရာယ်က ဘုရားရဲ့ ပြစ်ဒဏ် မဟုတ်ဘူးလို့ ဘာကြောင့် ပြောနိုင်သလဲ

  • သဘာဝဘေးအန္တရာယ်တွေဟာ ခေတ်ကာလရဲ့ နိမိတ်လား

  • သဘာဝဘေးသင့်နေသူတွေကို ဘုရား ဘယ်လို ကူညီပေးသလဲ

  • သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ဖို့ ကျမ်းစာက ကူညီပေးနိုင်သလား

  • သဘာဝဘေးသင့်သူတွေအတွက် နှစ်သိမ့်မှုဖြစ်စေတဲ့ ကျမ်းပိုဒ်များ

သဘာဝဘေးအန္တရာယ်က ဘုရားရဲ့ ပြစ်ဒဏ် မဟုတ်ဘူးလို့ ဘာကြောင့် ပြောနိုင်သလဲ

ကျမ်းစာမှာ မှတ်တမ်းတင်ထားတဲ့ သဘာဝအင်အားစုတွေကို ဘုရားအသုံးပြုပုံနဲ့ သဘာဝဘေးအန္တရာယ် ကျရောက်ပုံ မတူပါဘူး။

  • သဘာဝဘေးတွေက သိမ်းရုံး သေကျေပျက်စီးစေတယ်။ ဒါပေမဲ့ သဘာဝစွမ်းအားတွေကို သုံးပြီး ဘုရား တရားစီရင်တဲ့အခါ လူဆိုးတွေပဲ သေကျေပျက်စီးကြတယ်။ ဥပမာ၊ ရှေးသောဒုံနဲ့ ဂေါမောရမြို့ကို ဘုရား ဖျက်ဆီးတုန်းက လူကောင်း လောတနဲ့ သမီးနှစ်ယောက်ရဲ့ အသက်ကို ကယ်တင်ခဲ့တယ်။ (ကမ္ဘာဦး ၁၉:၂၉၊ ၃၀) အဲဒီခေတ်က လူတွေရဲ့ စိတ်နှလုံးကို ယေဟောဝါ သိမြင်ပြီး လူဆိုးတွေကိုပဲ ဖျက်ဆီးခဲ့တယ်။—ကမ္ဘာဦး ၁၈:၂၃-၃၂။ ၁ ရှမွေလ ၁၆:၇။

  • သဘာဝဘေးတွေဟာ များသောအားဖြင့် ကြိုတင် မသိရဘဲ ဖြစ်ပေါ်တတ်တယ်။ ဒါပေမဲ့ ဘုရားက သဘာဝအင်အားစုတွေကို သုံးပြီး မဖျက်ဆီးခင် လူဆိုးတွေကို ကြိုတင်သတိပေးခဲ့တယ်။ သတိပေးချက်ကို လိုက်နာသူတွေဟာ ဘေးဆိုးကနေ အသက်ရှင်လွတ်မြောက်ကြတယ်။—ကမ္ဘာဦး ၇:၁-၅။ မဿဲ ၂၄:၃၈၊ ၃၉။

  • သဘာဝဘေးတွေဟာ လူတွေရဲ့ လုပ်ရပ်ကြောင့်လည်း အတိုင်းအတာတစ်ခုအထိ ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။ ငလျင်ရပ်ဝန်း၊ ရေကြီးလေ့ရှိတဲ့ဒေသ၊ ရာသီဥတု ဆိုးဝါးပြင်းထန်တဲ့ ဒေသတွေမှာ နေထိုင်ကြခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးခြင်းကြောင့် ဖြစ်တယ်။ (ဗျာဒိတ် ၁၁:၁၈) လူ့လုပ်ရပ်တွေကြောင့် ဘုရားကို အပြစ်တင်လို့ မရပါဘူး။—ပညာအလိမ္မာ ၁၉:၃။

သဘာဝဘေးအန္တရာယ်တွေဟာ ခေတ်ကာလရဲ့ နိမိတ်လား

ဟုတ်ပါတယ်။ “လောကစနစ်နိဂုံးပိုင်း” ဒါမှမဟုတ် “နောက်ဆုံးကာလ” မှာ သဘာဝဘေးတွေ ဖြစ်မယ်လို့ ကျမ်းစာမှာ ကြိုဟောထားတယ်။ (မဿဲ ၂၄:၃။ ၂ တိမောသေ ၃:၁) ဥပမာ၊ ကျွန်တော်တို့ ခေတ်ကာလနဲ့ ပတ်သက်ပြီး ယေရှု ဒီလိုပြောခဲ့တယ်- “အစာခေါင်းပါးတာ၊ ငလျင်လှုပ်တာတွေ တစ်နေရာပြီး တစ်နေရာ ဖြစ်လိမ့်မယ်။” (မဿဲ ၂၄:၇) မကြာမီ သဘာဝဘေးတွေ အပါအဝင် နာကျင်မှုနဲ့ ဆင်းရဲဒုက္ခတွေ ဖြစ်ပေါ်စေတဲ့ အရာအားလုံးကို ကမ္ဘာပေါ်ကနေ ဘုရား ဖယ်ရှားပစ်ပါတော့မယ်။—ဗျာဒိတ် ၂၁:၃၊ ၄။

သဘာဝဘေးသင့်နေသူတွေကို ဘုရား ဘယ်လို ကူညီပေးသလဲ

  • သဘာဝဘေးသင့်သူတွေကို နှုတ်ထွက်စကားတော် ကျမ်းစာနဲ့ ဘုရား နှစ်သိမ့်ပေးပါတယ်။ ကျွန်တော်တို့ကို ဘုရား ဂရုစိုက်တယ်၊ ကျွန်တော်တို့ ဒုက္ခရောက်တဲ့အခါ ဘုရား နာကျင်ခံစားရတယ်လို့ ကျမ်းစာက အခိုင်အမာ ဆိုထားတယ်။ (ဟေရှာယ ၆၃:၉။ ၁ ပေတရု ၅:၆၊ ၇) သဘာဝဘေးတွေ မရှိတော့မယ့် အချိန်ကာလအကြောင်း ကျမ်းစာမှာ ကတိပြုထားတယ်။—“သဘာဝဘေးသင့်သူတွေအတွက် နှစ်သိမ့်မှု ဖြစ်စေတဲ့ ကျမ်းပိုဒ်များ” ကို ကြည့်ပါ။

  • သဘာဝဘေးသင့်နေသူတွေကို ယုံကြည်သူချင်းတွေအားဖြင့် ဘုရား ကူညီပေးတယ်။ ယေရှုရဲ့ စံနမူနာကို တုပတဲ့ ယုံကြည်သူချင်းတွေကို ဘုရား အသုံးပြုတယ်။ “စိတ်ကြေကွဲနေသူတွေ၊” “ဝမ်းနည်းပူဆွေးသူတွေကို” ယေရှု နှစ်သိမ့်ပေးလိမ့်မယ်လို့ ကျမ်းစာမှာ ကြိုဟောထားတယ်။ (ဟေရှာယ ၆၁:၁၊ ၂) ဘုရားကို ဝတ်ပြုကိုးကွယ်သူတွေလည်း အလားတူ ကြိုးစားလုပ်ဆောင်ကြတယ်။—ယောဟန် ၁၃:၁၅။

    သဘာဝဘေးသင့်နေသူတွေကို လက်တွေ့ကျကျ ကူညီပေးဖို့လည်း ယုံကြည်သူချင်းတွေကို ဘုရား အသုံးပြုပါတယ်။—တမန်တော် ၁၁:၂၈-၃၀။ ဂလာတိ ၆:၁၀။

ပွာတိုရီကိုက အိမ်တစ်လုံးကို ယေဟောဝါသက်သေတွေ ပြုပြင်ပေးနေကြစဉ်

ပွာတိုရီကိုက မုန်တိုင်းသင့်သူတွေကို ယေဟောဝါသက်သေတွေ လက်တွေ့ကျကျ ကူညီပေးနေကြစဉ်

သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ဖို့ ကျမ်းစာက ကူညီပေးနိုင်သလား

ကူညီပေးနိုင်ပါတယ်။ သဘာဝဘေး ကြိုတင်ပြင်ဆင်နည်း လမ်းညွှန်စာအုပ်တော့ မဟုတ်ပေမဲ့ ကျမ်းစာမှာ အကူအညီဖြစ်စေတဲ့ အခြေခံမူတွေ ပါတယ်။ ဥပမာ၊

  • ဖြစ်လာနိုင်တဲ့ သဘာဝဘေးတွေအတွက် ကြိုတင်ပြင်ဆင်ထားပါ။ “အမြော်အမြင်ရှိသူက အန္တရာယ်ကို ကြိုမြင်ပြီး ပုန်းနေတတ်တယ်” လို့ ကျမ်းစာက ဆိုတယ်။ (ပညာအလိမ္မာ ၂၂:၃) သဘာဝဘေး မကျရောက်ခင်ကတည်းက ကြိုတင်စီစဉ်ထားနိုင်တယ်။ ဘေးကျရောက်လာတဲ့အခါ ချက်ချင်း ယူသွားနိုင်တဲ့ အရေးပေါ်အိတ် ပြင်ဆင်ထားခြင်း၊ ဘေးကျရောက်တဲ့အခါ မိသားစုဆုံရပ် သတ်မှတ်ထားခြင်းတို့ ဖြစ်တယ်။

  • ပစ္စည်းဥစ္စာထက် အသက်ကို တန်ဖိုးထားပါ။ ကျမ်းစာမှာ ဒီလိုဆိုထားတယ်- “တို့ ဒီလောကကို ရောက်လာတုန်းက ဘာမှ ပါမလာဘူး။ ထွက်သွားရင်လည်း ဘာမှ ယူသွားနိုင်မှာ မဟုတ်ဘူး။” (၁ တိမောသေ ၆:၇၊ ၈) သဘာဝဘေးကို ရှောင်ဖို့ ပိုင်ဆိုင်ရာတွေ ထားခဲ့ပြီး အိမ်ကနေ လိုလိုလားလား ထွက်ခွာလိုစိတ် ရှိသင့်တယ်။ အသက်ဟာ ပစ္စည်းဥစ္စာထက် ပိုအရေးကြီးကြောင်း သတိရသင့်တယ်။—မဿဲ ၆:၂၅။

သဘာဝဘေးသင့်သူတွေအတွက် နှစ်သိမ့်မှုဖြစ်စေတဲ့ ကျမ်းပိုဒ်များ

ကမ္ဘာဦး ၁၈:၂၅။ “လူကောင်းတွေကို လူဆိုးတွေနဲ့ရောပြီး ဖျက်ဆီးမှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။ ... မြေတစ်ပြင်လုံးရဲ့ တရားသူကြီးက မှန်ကန်တာကိုပဲ လုပ်မှာပါ။”

အဓိပ္ပာယ်။ ဘုရားက မှန်ကန်ရာကို အမြဲလုပ်ဆောင်တယ်။ သဘာဝဘေးကြောင့် လူကောင်းတွေ သေဆုံးတာ ဘုရားကြောင့် မဟုတ်ဘူး။

ဆာလံ ၄၆:၁၊ ၂။ “ဘုရားသခင်ဟာ ငါတို့ရဲ့ခိုလှုံရာ၊ ငါတို့ရဲ့ အစွမ်းခွန်အားပဲ။ ဒုက္ခရောက်ချိန်မှာ ကူညီပေးဖို့ အသင့်ပဲ။ ဒါကြောင့် ကမ္ဘာကြီး တုန်ခါသွားရင်တောင်၊ ... ငါတို့ မကြောက်ဘူး။”

အဓိပ္ပာယ်။ ပတ်ဝန်းကျင်မှာ ဘယ်လိုပဲ ဖြစ်နေပါစေ ဘုရားကို ခိုလှုံ၊ အားကိုးနိုင်တယ်။

ဟေရှာယ ၆၃:၉။ “သူတို့ ဒုက္ခရောက်ချိန်တစ်လျှောက်လုံးမှာ ဘုရားလည်း နာကျင်ခံစားခဲ့ရတယ်။”

အဓိပ္ပာယ်။ ဘုရားသခင်ဟာ သနားစာနာတတ်တယ်။ ကျွန်တော်တို့ ဒုက္ခရောက်တဲ့အခါ ဘုရားပါ ခံစားရတယ်။

ယောဟန် ၅:၂၈၊ ၂၉။ “သင်္ချိုင်းဂူတွေမှာ ရှိနေသူအားလုံး သားတော် [ယေရှု] ရဲ့ အသံကို ကြားပြီး ထွက်လာမယ့်အချိန် ရောက်လာတော့မယ်။”

အဓိပ္ပာယ်။ သေဆုံးသွားသူတွေကို အသက်ပြန်ရှင်စေနိုင်တဲ့တန်ခိုး ယေရှုကို ဘုရား ပေးမှာဖြစ်လို့ ချစ်ရတဲ့ သေဆုံးသွားသူတွေနဲ့ ပြန်ဆုံတွေ့ရမယ့် မျှော်လင့်ချက် ရှိပါတယ်။

၁ ပေတရု ၅:၆၊ ၇။ “တန်ခိုးကြီးတဲ့ လက်ရုံးတော်အောက်မှာ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချကြပါ။ စိုးရိမ်ပူပန်စရာ ရှိသမျှကို ဘုရားသခင်ဆီ ပုံအပ်ထားလိုက်ပါ။ ဘုရားသခင်ဟာ ခင်ဗျားတို့ကို ဂရုစိုက်တဲ့အရှင် ဖြစ်လို့ပဲ။”

အဓိပ္ပာယ်။ ဘုရားက ကျွန်တော်တို့ကို ဂရုစိုက်တယ်။ စိုးရိမ်ပူပန်မှုတွေအတွက် ဆုတောင်းဖို့ ဘုရား အလိုရှိတယ်။

ဗျာဒိတ် ၂၁:၄။ “ဘုရားသခင်က သူတို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်ပေးလိမ့်မယ်။ သေခြင်းရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး။ အရင်ကဖြစ်ဖူးတာတွေ ကွယ်ပျောက်သွားပြီ။”

အဓိပ္ပာယ်။ သဘာဝဘေးတွေ အပါအဝင် ဆင်းရဲဒုက္ခ ဖြစ်ပေါ်စေတဲ့ အရာအားလုံးကို ဘုရား ဖယ်ရှားပစ်ပါတော့မယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ