ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ‘ငါဖန်ဆင်းလတ္တံ့သောအရာကြောင့် အစဉ်အမြဲ ရွှင်လန်းကြလိမ့်မည်’
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
    • ၁၈။ ယေဟောဝါအား စွန့်ပစ်သူများ၏ အဘယ်အရာ ကျန်ရစ်မည်နည်း၊ ကျိန်ဆိုချက်တွင် သူတို့၏ အမည်ကို အသုံးပြုခြင်းဟူသည် အဘယ်အရာကို ဆိုလိုခြင်း ဖြစ်နိုင်သနည်း။

      ၁၈ ယေဟောဝါသည် မိမိအား စွန့်ပစ်သူများကို ဤသို့ ဆက်၍ မိန့်တော်မူ၏– “သင်တို့သည် ကိုယ်နာမကို ငါရွေးကောက်သောသူတို့၌ ကျိန်ဆဲဖို့ရာ ကျန်ရစ်စေကြလိမ့်မည်။ အရှင်ထာဝရဘုရားသည် သင်တို့ကို ကွပ်မျက်၍ ကိုယ်တော်၏ ကျွန်တို့ကို အခြားသော နာမဖြင့် မှည့်တော်မူမည်။ မြေကြီးပေါ်မှာ မိမိကို မိမိ ကောင်းချီးပေးသောသူသည် သစ္စာစောင့်တော်မူသော ဘုရားသခင်ကို အမှီပြု၍ ကောင်းချီးပေးလိမ့်မည်။ မြေကြီးပေါ်မှာ ကျိန်ဆိုသောသူသည် သစ္စာစောင့်တော်မူသော ဘုရားသခင်ကို တိုင်တည်၍ ကျိန်ဆိုလိမ့်မည်။ အကြောင်းမူကား အရင် အမှုတို့ကို မေ့လျော့ရ၏။ ငါ့မျက်မှောက်၌ ကွယ်ပျောက်လျက် ရှိကြ၏။” (ဟေရှာယ ၆၅:၁၅၊ ၁၆) ယေဟောဝါအား စွန့်ပစ်သူများ၏ ကျန်ရစ်ရာမှာ သူတို့၏ နာမည်မျှသာ ဖြစ်ပြီး ယင်းကို ကျိန်ဆိုရန် သို့မဟုတ် ကျိန်ဆဲရန်အတွက်သာ အသုံးပြုမည် ဖြစ်သည်။ ထုံးစံနှင့်အညီ ကျိန်ဆိုရန် စိတ်ဆန္ဒရှိသူများမူကား ‘အကယ်၍ ကျွန်ုပ်သည် ဤကတိမတည်ခဲ့လျှင် ထိုအယူဖောက်ပြန်သူများ ခံစားခဲ့ရသော အပြစ်ဒဏ်ကို ခံရပါစေ’ ဟူ၍ ပြောဆိုခြင်းမျိုးကို ဆိုလိုခြင်း ဖြစ်နိုင်သည်။ လူဆိုးများအား ဘုရားသခင် အပြစ်ပေးခြင်းကို ပုံဆောင်သည့် သောဒုံနှင့် ဂေါမောရကဲ့သို့ သူတို့၏ အမည်များကို ပုံပမာအနေနှင့် အသုံးပြုခံရမည်ဟုပင် ဆိုလိုနိုင်သည်။

      ၁၉။ ဘုရားသခင့် ကျေးကျွန်များသည် အခြားသော နာမည်ဖြင့် မည်သို့ မှည့်ခေါ်ခံရမည်နည်း၊ သူတို့သည် သစ္စာစောင့်တော်မူသော ဘုရားသခင်ကို အဘယ်ကြောင့် ယုံကြည်စိတ်ချကြမည်နည်း။ (အောက်ခြေမှတ်ချက်ကိုရှု။)

      ၁၉ ဘုရားသခင့် ကျေးကျွန်များ၏ ဝေစုနှင့် ကွာခြားလိုက်လေခြင်း! ဘုရားသခင့် ကျေးကျွန်များသည် အခြားသော နာမည်ဖြင့် မှည့်ခေါ်ခံရမည်။ ယင်းက သူတို့၏ ပြည်တော်တွင် ခံစားရမည့် ကောင်းချီးအခြေအနေနှင့် ဂုဏ်အသရေကို ဖော်ပြသည်။ သူတို့သည် မည်သည့် မှောက်မှားသော ဘုရားများထံမှ ကောင်းချီး ရှာကြံမည် မဟုတ်ပါ၊ သက်မဲ့ရုပ်ပုံများကို တိုင်တည်ကျိန်ဆိုမည်လည်း မဟုတ်ပါ။ ယင်းအစား သူတို့သည် မိမိကိုယ်ကို ကောင်းချီးပေးသောအခါ သို့မဟုတ် ကျိန်ဆိုရာတွင် သစ္စာစောင့်တော်မူသော ဘုရားသခင်ကို အမှီပြု တိုင်တည်၍ ပြုလုပ်ကြမည်။ (ဟေရှာယ ၆၅:၁၆) ဘုရားသခင်သည် မိမိ ကတိပြုထားသည့်အတိုင်း ပြည့်စုံစေကြောင်း သက်သေပြပြီး ဖြစ်မည် ဖြစ်သောကြောင့် ပြည်တော်ရှိ ပြည်သူပြည်သားများသည် ဘုရားသခင်ကို လုံးဝ ယုံကြည်စိတ်ချရန် အကြောင်းရင်း ရှိမည်။c သူတို့၏ ပြည်တော်၌ လုံခြုံနေသောကြောင့် ဂျူးတို့သည် မကြာမီပင် ယခင် ဒုက္ခဆင်းရဲတို့ကို မေ့လျော့သွားကြမည်။

  • ‘ငါဖန်ဆင်းလတ္တံ့သောအရာကြောင့် အစဉ်အမြဲ ရွှင်လန်းကြလိမ့်မည်’
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
    • c ဟေဗြဲ မက်စိုရက်တစ် ကျမ်းစာမှ ဟေရှာယ ၆၅:၁၆ အရ ယေဟောဝါသည် “အာမင်၏ ဘုရားသခင်” ဖြစ်သည်။ “အာမင်” ဟူသည် “ပြည့်စုံပါစေ” သို့မဟုတ် “အမှန် ဖြစ်ပါစေ” ဟု အဓိပ္ပာယ်ရပြီး တစ်စုံတစ်ခု ပြည့်စုံလာရန် သို့မဟုတ် အမှန် ဖြစ်လာရန် အခိုင်အမာ ပြောဆို သို့မဟုတ် အာမခံချက် ဖြစ်သည်။ ကိုယ်တော်၏ ကတိတော်အားလုံးကို ပြည့်စုံစေခြင်းဖြင့် ယေဟောဝါ မိန့်တော်မူချက်သည် အမှန် ဖြစ်ကြောင်း ကိုယ်တော် ပြသတော်မူသည်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ