ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • “ဆွေးနွေးဆင်ခြင်ကြကုန်အံ့”
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
    • ၉၊ ၁၀။ ကျွန်ုပ်တို့ ယေဟောဝါအား ဝတ်ပြုကိုးကွယ်ခြင်းတွင် သန့်ရှင်းခြင်းသည် မည်မျှ အရေးကြီးသနည်း။

      ၉ ထောက်ထားစာနာတတ်သော ဘုရားသခင် ယေဟောဝါသည် ယခု နွေးထွေး၍ ပိုမိုဆွဲဆောင်မှု ဖြစ်စေသည့် လေသံသို့ ပြောင်းလိုက်သည်။ “ကိုယ်ကိုကိုယ် ဆေးကြောကြလော့။ ကိုယ်ကိုကိုယ် စင်ကြယ်စေကြလော့။ သင်တို့ဒုစရိုက်များကို ငါ့မျက်မှောက်မှ ပယ်ရှားကြလော့။ မကောင်းသော အကျင့်ကို ဖြတ်ကြလော့။ ကောင်းသောအကျင့်ကို ကျင့်အံ့သောငှာ သင်ကြလော့။ တရားသဖြင့် ပြုခြင်းငှာ ရှာကြံကြလော့။ ကောက်သောအရာကို ဖြောင့်စေ [“ဖိနှိပ်သူကို တည့်မတ်၊” ကဘ] ကြလော့။ မိဘမရှိသောသူတို့အဖို့ တရားသဖြင့် စီရင်ကြလော့။ မုဆိုးမတို့၏ အမှုကို စောင့်ကြလော့။” (ဟေရှာယ ၁:၁၆၊ ၁၇) ဤတွင် မပြုမဖြစ်သော သို့မဟုတ် အမိန့် ကိုးခုကို ဆက်တိုက် တွေ့ရသည်။ ပထမလေးခုသည် ဖယ်ရှားပစ်ရမည့် မကောင်းမှု သဘောဆောင်သည့် အရာများ ဖြစ်ပြီး နောက်ဆုံး ငါးခုမှာ ယေဟောဝါ၏ ကောင်းချီး ရရှိစေသည့် ကောင်းမှု သဘောဆောင်သည့် လုပ်ရပ်များ ဖြစ်သည်။

      ၁၀ ဆေးကြောခြင်းနှင့် စင်ကြယ်ခြင်းသည် စစ်မှန်သော ဝတ်ပြုရေး၏ အရေးကြီးသောအပိုင်းတွင် အမြဲ ပါဝင်သည်။ (ထွက်မြောက်ရာ ၁၉:၁၀၊ ၁၁; ၃၀:၂၀; ၂ ကောရိန္သု ၇:၁) သို့သော် မိမိအား ဝတ်ပြုကိုးကွယ်သူများ၏ နက်ရှိုင်းသော အတွင်းပိုင်း ဖြစ်သည့် နှလုံးအထိ သန့်ရှင်းရန် ယေဟောဝါ အလိုရှိတော်မူ၏။ အရေးအကြီးဆုံးမှာ အကျင့်စာရိတ္တနှင့် ဝိညာဉ်ရေးတွင် သန့်ရှင်းခြင်း ဖြစ်သည်၊ ယေဟောဝါ မိန့်ဆိုနေသည်မှာ ဤအပိုင်း ဖြစ်၏။ အခန်းငယ် ၁၆ မှ ပထမ အမိန့်နှစ်ခုသည် ထပ်၍ ပြောခြင်းမျှသာ မဟုတ်ပါ။ ဟေဗြဲသဒ္ဒါ ကျွမ်းကျင်သူတစ်ဦးက ထိုပထမအချက် ဖြစ်သည့် “ဆေးကြောကြလော့” ဟူသည် သန့်ရှင်းစင်ကြယ်စေရန် အစပြု လုပ်ဆောင်ခြင်းကို ရည်ညွှန်းပြီး ဒုတိယ “စင်ကြယ်စေကြလော့” ဟူသည် ထိုသန့်ရှင်းမှုကို ဆက်ထိန်းသိမ်းသွားရန် အစဉ် ကြိုးစားအားထုတ်မှုကို ရည်ညွှန်းသည်ဟု ဆိုသည်။

      ၁၁။ အပြစ်ကို ဆိုင်ပြိုင်တွန်းလှန်ရန် ကျွန်ုပ်တို့ အဘယ်အရာ ပြုလုပ်သင့်သနည်း၊ အဘယ်အရာကို ဘယ်တော့မျှ မပြုလုပ်သင့်သနည်း။

      ၁၁ ယေဟောဝါ၏ မျက်မှောက်တွင် အဘယ်အရာမျှ ဖုံးကွယ်မထားနိုင်ပါ။ (ယောဘ ၃၄:၂၂; သုတ္တံ ၁၅:၃; ဟေဗြဲ ၄:၁၃) ထို့ကြောင့် ကိုယ်တော်၏ အမိန့်တော်တွင် “သင်တို့ဒုစရိုက်များကို ငါ့မျက်မှောက်မှ ပယ်ရှားကြလော့” ဟု ဆိုခြင်းသည် တစ်ခုတည်းသောအရာ—မကောင်းမှု ပြုခြင်းမှ ရပ်လိုက်ပါဟူ၍ ဆိုလိုသည်။ ဆိုလိုသည်မှာ ကြီးလေးသည့် အပြစ်များကို ဖုံးကွယ်ဖို့ မကြိုးစားနှင့်၊ ထိုသို့ကြိုးစားခြင်း ကိုယ်နှိုက်သည် အပြစ်ဖြစ်သည်။ သုတ္တံ ၂၈:၁၃ တွင် ဤသို့ သတိပေးသည်– “မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကို ဖော်ပြဝန်ချ၍ စွန့်ပစ်သောသူမူကား ကရုဏာတော်ကို ခံရလိမ့်မည်။”

  • “ဆွေးနွေးဆင်ခြင်ကြကုန်အံ့”
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
    • ၁၄။ ဟေရှာယ ၁:၁၆၊ ၁၇ တွင် အဘယ် အပြုသဘောပါသော သတင်းကို ဖော်ပြထားသနည်း။

      ၁၄ ယေဟောဝါ ဖော်ပြသော ထိုအမိန့်တော် ကိုးခုသည် မြဲမြံခိုင်ခံ့၊ အပြုသဘောဆောင်သည့် သတင်းစကားများသာတည်း! တစ်ခါတစ်ရံ အပြစ်ပြုမိခဲ့သူများက မိမိတို့သည် မှန်ရာကို ပြုလုပ်ရန် စွမ်းအား မရှိဟု ခံယူထားကြသည်။ ထိုကဲ့သို့ ယူမှတ်ခြင်းသည် စိတ်ပျက်အားလျော့စေသည်။ ထို့ပြင် သူတို့ မှားနေသည်။ မည်သည့်အပြစ်သားမဆိုသည် ယေဟောဝါ၏ အကူအညီဖြင့် သူ၏ အပြစ်လမ်းစဉ်ကို ရပ်တန့်ကာ ယင်းကို ကျောခိုင်းပြီး မှန်ရာကို ပြုနိုင်သည်ကို ကိုယ်တော် သိတော်မူသည့်အပြင် ကျွန်ုပ်တို့အားလည်း သိစေချင်သည်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ