ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lff သင်ခန်းစာ ၅၇
  • ကြီးလေးတဲ့အပြစ် လုပ်မိရင်ကော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြီးလေးတဲ့အပြစ် လုပ်မိရင်ကော
  • ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှာဖွေလေ တွေ့ရှိလေ
  • အနှစ်ချုပ်
  • လေ့လာစရာ ထပ်ဖွေရှာ
  • “အကြီးအကဲတွေကို ခေါ်ပါ”
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • အကြီးအကဲတို့၊ အပြစ်လုပ်ထားသူကို ကရုဏာ ပြပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • အသင်းတော်ကို စီစဉ်ဖွဲ့စည်းထားပုံ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • အကြီးအကဲတို့၊ အသင်းတော်ကနေ ဖယ်ရှားခံရသူတွေကို ကူညီပေးပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
နောက်ထပ် ကြည့်ပါ
ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
lff သင်ခန်းစာ ၅၇
သင်ခန်းစာ ၅၇။ နိုင်ငံတော်ခန်းမမှာ ညီအစ်ကိုငယ်တစ်ဦး အကြီးအကဲနှစ်ယောက်ဆီ အပြစ်ဝန်ခံနေ။

သင်ခန်းစာ ၅၇

ကြီးလေးတဲ့အပြစ် လုပ်မိရင်ကော

ပုံနှိပ်စာပေ
ပုံနှိပ်စာပေ
ပုံနှိပ်စာပေ

သင်ဟာ ယေဟောဝါဘုရားကို အလွန်ချစ်ပြီး ဘုရားစိတ်ထိခိုက်စေမယ့်အရာကို ရှောင်ဖို့ ကြိုးစားပေမဲ့ တစ်ခါတလေ အမှားလုပ်မိနိုင်တယ်။ ကြီးလေးတဲ့အပြစ်တွေတောင် လုပ်မိနိုင်တယ်။ (၁ ကောရိန္သု ၆:၉၊ ၁၀) အဲဒီအခါ ယေဟောဝါက သင့်ကို ချစ်နေဆဲပဲ၊ ခွင့်လွှတ်ဖို့ အသင့်ရှိတယ်၊ ကူညီပေးချင်တယ်ဆိုတာ သတိရပါ။

၁။ ယေဟောဝါရဲ့ ခွင့်လွှတ်မှု ရဖို့ ဘာလုပ်ရမလဲ။

ယေဟောဝါကို ချစ်တဲ့သူတွေဟာ ကြီးလေးတဲ့အပြစ် လုပ်မိတဲ့အခါ အလွန်ဝမ်းနည်းကြတယ်။ ဒါပေမဲ့ “မင်းတို့ရဲ့အပြစ်တွေဟာ ကြက်သွေးရောင် ထနေရင်တောင် နှင်းပွင့်လို ဖြူဖွေးသွားမယ်” ဆိုတဲ့ ယေဟောဝါရဲ့ကတိကြောင့် စိတ်သက်သာရာ ရကြတယ်။ (ဟေရှာယ ၁:၁၈) စစ်မှန်တဲ့နောင်တ ရမယ်ဆိုရင် ယေဟောဝါ အကြွင်းမဲ့ ခွင့်လွှတ်ပါလိမ့်မယ်။ ဘယ်လိုနည်းနဲ့ နောင်တရသလဲ။ လုပ်မိတဲ့အပြစ်အတွက် အကြီးအကျယ် ဝမ်းနည်းတယ်၊ အပြစ်ဆက်မလုပ်တော့ဘဲ ယေဟောဝါဆီက ခွင့်လွှတ်မှုရဖို့ အသနားခံတယ်။ အပြစ်လုပ်မိစေတဲ့ မှားယွင်းတဲ့ အတွေး၊ အကျင့်တွေကို ပြုပြင်ပြောင်းလဲပြီး ယေဟောဝါရဲ့ သန့်ရှင်းတဲ့စံနှုန်းအတိုင်း နေထိုင်ဖို့ အစွမ်းကုန် ကြိုးစားတယ်။—ဟေရှာယ ၅၅:၆၊ ၇ ကို ဖတ်ပါ။

၂။ ကျွန်တော်တို့ အပြစ်လုပ်မိတဲ့အခါ အကြီးအကဲတွေကတစ်ဆင့် ယေဟောဝါ ဘယ်လို ကူညီပေးသလဲ။

ကြီးလေးတဲ့အပြစ် လုပ်မိတဲ့အခါ “အသင်းတော် အကြီးအကဲတွေကို ခေါ်ပါ” လို့ ယေဟောဝါ မိန့်မှာတယ်။ (ယာကုပ် ၅:၁၄၊ ၁၅ ကို ဖတ်ပါ။) ဒီအကြီးအကဲတွေဟာ ယေဟောဝါနဲ့ သိုးတော်စုကို ချစ်တဲ့သူတွေ ဖြစ်တယ်။ ယေဟောဝါနဲ့ ဆက်ဆံရေး ပြန်ကောင်းလာစေဖို့ ကျွန်တော်တို့ကို ကူညီပေးနိုင်ကြတယ်။—ဂလာတိ ၆:၁။

ကျွန်တော်တို့ ကြီးလေးတဲ့အပြစ် လုပ်မိတဲ့အခါ အကြီးအကဲတွေ ဘယ်လို ကူညီကြသလဲ။ အကြီးအကဲ နှစ်ယောက်၊ သုံးယောက်က ကျမ်းစာကို အခြေခံပြီး ပြုပြင်တည့်မတ်ပါလိမ့်မယ်။ အပြစ်ထပ်မလုပ်စေဖို့ လက်တွေ့ကျ အကြံပြုချက်တွေ၊ အားပေးစကားတွေ ပြောပါလိမ့်မယ်။ အပြစ်ကျူးလွန်သူ နောင်တမရဘူးဆိုရင်တော့ အသင်းတော်ကို ကာကွယ်ဖို့အတွက် သူ့ကို အသင်းတော်ကနေ ဖယ်ရှားပါလိမ့်မယ်။

ရှာဖွေလေ တွေ့ရှိလေ

ကြီးလေးတဲ့အပြစ် လုပ်မိတဲ့အခါ ယေဟောဝါပေးတဲ့ အကူအညီကို တန်ဖိုးထားလေးမြတ်ပါ။

၃။ အပြစ်ဝန်ခံခြင်းက ဘုရားရေးရာမှာ ပြန်ကျန်းမာစေ

ကျွန်တော်တို့ အပြစ်လုပ်မိတိုင်း ယေဟောဝါကို စိတ်ထိခိုက်စေတဲ့အတွက် အပြစ်ကို ဝန်ခံသင့်တယ်။ ဆာလံ ၃၂:၁-၅ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • အပြစ်ကို ဖုံးကွယ်ထားမဲ့အစား ယေဟောဝါဆီ ဘာကြောင့် ဝန်ခံရမလဲ။

ယေဟောဝါဆီ အပြစ်ဝန်ခံတဲ့အပြင် အကြီးအကဲတွေဆီ အကူအညီတောင်းတဲ့အခါ စိတ်သက်သာရာရကြတယ်။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းကို သုံးသပ်ပါ။

ဗီဒီယို။ “ယေဟောဝါက ချစ်ရသူတွေကို ဆုံးမ” (၃:၀၁)

  • ဒီဗီဒီယိုမှာ ယေဟောဝါဆီ ကန်နွန် ပြန်လှည့်လာအောင် အကြီးအကဲတွေ ဘယ်လို ကူညီပေးသလဲ။

အကြီးအကဲတွေကို အမှန်အတိုင်း၊ ပွင့်ပွင့်လင်းလင်း ပြောဖို့လိုတယ်။ ကူညီပေးဖို့ အသင့်ရှိနေသူတွေ ဖြစ်လို့ပါ။ ယာကုပ် ၅:၁၆ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ကျွန်တော်တို့ အမှန်အတိုင်း ပြောတဲ့အခါ အကြီးအကဲတွေ ကူညီပေးရတာ ဘာကြောင့် လွယ်ကူသလဲ။

ပုံ။ ၁။ ညီအစ်ကိုတစ်ဦး ဝမ်းနည်းပြီး မျက်နှာကို လက်နဲ့အုပ်ထား။ ၂။ ယေဟောဝါဆီ ဆုတောင်းနေ။ ၃။ အကြီးအကဲဆီ ဖုန်းဆက်ပြီး ပြောပြနေ။ ၄။ အကြီးအကဲသုံးဦးနဲ့ တွေ့ဆုံနေ။ ၅။ အမှားအမှန်သိစိတ် ကြည်လင်သွားလို့ ပြုံးပျော်နေ။

အပြစ်ဝန်ခံပါ။ အကြီးအကဲတွေကို အမှန်အတိုင်း ပြောပါ။ ယေဟောဝါရဲ့ မေတ္တာပါတဲ့ အကူအညီကို လက်ခံပါ

၄။ အပြစ်ပြုသူတွေကို ယေဟောဝါ ကရုဏာပြ

ကြီးလေးတဲ့အပြစ်လုပ်သူက ယေဟောဝါရဲ့ စံနှုန်းတွေကို လိုက်နာဖို့ ငြင်းဆန်နေမယ်ဆိုရင် အသင်းတော်ကနေ ဖယ်ရှားခံရမှာဖြစ်ပြီး သူ့ကို အပေါင်းအသင်းလုပ်ကြမှာ မဟုတ်ဘူး။ ၁ ကောရိန္သု ၅:၆၊ ၁၁ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • တဆေးဟာ မုန့်ညက်ကို ဖောင်းကြွစေသလို နောင်တမရတဲ့ အပြစ်လုပ်သူနဲ့ ပေါင်းတာက အသင်းတော်ကို ဘယ်လို ထိခိုက်စေသလဲ။

အပြစ်ပြုသူတွေအပေါ်ပြတဲ့ ယေဟောဝါရဲ့ ကရုဏာကို တုပတဲ့အနေနဲ့ အကြီးအကဲတွေက အသင်းတော်ကနေ ဖယ်ရှားခံရ သူတွေကို ဆက်သွယ်ပြီး ကူညီပေးကြတယ်။ ဆုံးမခံရတာက ခံရခက်ပေမဲ့ အမြင်မှန်ရစေလို့ နောက်ပိုင်းမှာ အသင်းတော်ဆီ သူတို့ ပြန်လှည့်လာလေ့ရှိတယ်။—ဆာလံ ၁၄၁:၅။

အပြစ်ပြုသူတွေနဲ့ ဆက်ဆံပုံကနေ ယေဟောဝါရဲ့ အကျိုးသင့်အကြောင်းသင့်ရှိမှု၊ မေတ္တာနဲ့ ကရုဏာ ဘယ်လို ပေါ်လွင်သလဲ။

၅။ နောင်တရတဲ့အခါ ယေဟောဝါ ခွင့်လွှတ်ပေး

လူတစ်ဦး နောင်တရတဲ့အခါ ယေဟောဝါ ဘယ်လို ခံစားရသလဲဆိုတာ နားလည်ဖို့ ယေရှုက ပုံဥပမာတစ်ခု ပေးပြီး ရှင်းပြတယ်။ လုကာ ၁၅:၁-၇ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ဒီပုံဥပမာက ယေဟောဝါအကြောင်း ဘာသင်ပေးသလဲ။

ယေဇကျေလ ၃၃:၁၁ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • နောင်တရခြင်းမှာ ဘယ်အရေးကြီးတဲ့အချက် ပါဝင်သလဲ။

သိုးထိန်းက ဒဏ်ရာရတဲ့သိုးကို ညင်ညင်သာသာ ပတ်တီးစည်းပေးနေ။

သိုးထိန်းလိုပဲ ယေဟောဝါက မိမိရဲ့သိုးတွေကို အလွန်ဂရုစိုက်

လူတချို့ အဆို။ “အကြီးအကဲတွေဆီ အပြစ်ဝန်ခံလိုက်ရင် အသင်းတော်ကနေ ဖယ်ရှားခံရမှာပေါ့။”

  • အဲဒီလို ယူဆနေသူကို သင် ဘယ်လို ရှင်းပြမလဲ။

အနှစ်ချုပ်

ကြီးလေးတဲ့အပြစ် လုပ်မိပေမဲ့ အမှန်တကယ် ဝမ်းနည်းပြီး အပြစ်ဆက်မလုပ်တော့ဘူးဆိုရင် ယေဟောဝါ ခွင့်လွှတ်ပါလိမ့်မယ်။

ပြန်လည်သုံးသပ်ခြင်း

  • ယေဟောဝါဆီ ဘာကြောင့် အပြစ်ဝန်ခံသင့်သလဲ။

  • ကျွန်တော်တို့ရဲ့အပြစ် ခွင့်လွှတ်ခံရဖို့ ဘာလုပ်ရမလဲ။

  • ကြီးလေးတဲ့အပြစ် လုပ်မိတဲ့အခါ ဘာကြောင့် အကြီးအကဲတွေဆီ အကူအညီတောင်းသင့်သလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

ဟေရှာယ ၁:၁၈ မှာ ဖော်ပြထားတဲ့ ယေဟောဝါရဲ့ကရုဏာကို ခံစားရသူတစ်ဦးအကြောင်း ကြည့်လိုက်ပါ။

ယေဟောဝါရဲ့ ကရုဏာကို ယုံကြည်စိတ်ချ (၅:၀၂)

ကြီးလေးတဲ့ အပြစ်ပြုသူကို အကြီးအကဲတွေ ဘယ်လို ကူညီပေးကြသလဲ။

“အကြီးအကဲတို့၊ အပြစ်လုပ်ထားသူကို ကရုဏာ ပြပါ” (ကင်းမျှော်စင်၊ ဩဂုတ် ၂၀၂၄)

နောင်တမယူတဲ့ အပြစ်ပြုသူတွေကို ဘယ်လိုနည်းနဲ့ မေတ္တာ၊ ကရုဏာ ပြသလဲဆိုတာ လေ့လာကြည့်ပါ။

“အကြီးအကဲတို့၊ အသင်းတော်ကနေ ဖယ်ရှားခံရသူတွေကို ကူညီပေးပါ” (ကင်းမျှော်စင်၊ ဩဂုတ် ၂၀၂၄)

အမှန်တရားကနေ လမ်းလွဲခဲ့သူတစ်ဦး ယေဟောဝါဆီ ပြန်လှည့်လာပုံကို “ယေဟောဝါဆီ ပြန်လှည့်လာဖို့ လိုနေပြီ” ဆောင်းပါးမှာ ဖတ်ကြည့်ပါ။

“ကျမ်းစာက ဘဝအသက်တာ တွေကို ပြောင်းလဲပေးနိုင်” (ကင်းမျှော်စင် ဧပြီ ၁၊ ၂၀၁၂)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ