ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဟေရှာယ ၁၁–၁၆
မြေကြီးသည် ထာဝရဘုရားကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်
ဒီပရောဖက်ပြုချက်က အစ္စရေးလူမျိုးနဲ့ ဘယ်လိုသက်ဆိုင်ခဲ့သလဲ
အစ္စရေးတွေဟာ ဗာဗုလုန်သုံ့ပန်းဘဝကနေ ပြည်တော်ပြန်လာတဲ့ လမ်းခရီးမှာ၊ ပြန်လည်ထူထောင်တဲ့ ပြည်တော်မှာ သားရဲတိရစ္ဆာန်တွေ၊ သားရဲလို လူကြမ်းတွေကို ကြောက်စရာမလိုခဲ့ဘူး။—ဧဇ. ၈:၂၁၊ ၂၂။
ဒီပရောဖက်ပြုချက်က ဒီနေ့ခေတ်နဲ့ ဘယ်လိုသက်ဆိုင်သလဲ
ယေဟောဝါကို သိကျွမ်းခြင်းပညာက လူတွေရဲ့ အကျင့်စရိုက်တွေကို ပြောင်းလဲစေတယ်။ အရင်က ကြမ်းတမ်းရက်စက်သူတွေဟာ အေးအေးချမ်းချမ်း နေတတ်သူတွေ ဖြစ်လာတယ်။ ဘုရားကို သိကျွမ်းခြင်းပညာက ကမ္ဘာချီပုံဆောင်ပရဒိသုကို ဖန်တီးပေးနေတယ်။
ဒီပရောဖက်ပြုချက်က အနာဂတ်မှာ ဘယ်လိုပြည့်စုံလာမလဲ
ကမ္ဘာတစ်ခုလုံးဟာ ဘုရားရဲ့ မူလရည်ရွယ်ချက်အတိုင်း လုံခြုံမှုရှိပြီး ငြိမ်သက်အေးချမ်းတဲ့ ပရဒိသု ဖြစ်လာမယ်။ ဘယ်လူသား၊ ဘယ်တိရစ္ဆာန်ကမှ အန္တရာယ်ပြုတော့မှာ မဟုတ်ဘူး။
ဘုရားကို သိကျွမ်းခြင်းပညာကြောင့် ပေါလု ပြောင်းလဲသွားခဲ့
ဖာရိရှဲတစ်ဦးဖြစ်တာမို့ သားရဲလို လူကြမ်းတစ်ယောက် ဖြစ်ခဲ့တယ်။—၁ တိ. ၁:၁၃။
တိကျမှန်ကန်တဲ့ အသိပညာက သူ့ရဲ့အကျင့်စရိုက်တွေကို ပြောင်းလဲပေးခဲ့တယ်။—ကော. ၃:၈–၁၀။