ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၄၆
  • မာရ်နတ် တကယ် ရှိသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မာရ်နတ် တကယ် ရှိသလား
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာ ဖြေဆိုရာ
  • မာရ်နတ်နဲ့ပတ်သက်ပြီး နောက်ထပ်တလွဲယူဆချက်များ
  • ထာဝရအသက်၏ ရန်သူတစ်ပါး
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • စာတန် အယူသီးမှု မျှမဟုတ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • စာတန်ကို ဆီးတားလော့၊ ထွက်ပြေးသွားလိမ့်မည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • နတ်ဆိုးဆိုတာ ဘာလဲ၊ ဘယ်သူလဲ။
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၄၆

မာရ်နတ် တကယ် ရှိသလား

သမ္မာကျမ်းစာ ဖြေဆိုရာ

မာရ်နတ် တကယ်ရှိပါတယ်။ သူဟာ ဆိုးညစ်လာပြီး ဘုရားသခင်ကို ပုန်ကန်ခဲ့တဲ့ နာမ်ဝိညာဉ်တစ်ပါးဖြစ်တဲ့အပြင် “ဤလောကကို အစိုးရသောမင်း” လည်း ဖြစ်ပါတယ်။ (ယောဟန် ၁၄:၃၀; ဧဖက် ၆:၁၁၊ ၁၂) ကျမ်းစာထဲမှာ အောက်ပါနာမည်တွေ၊ သရုပ်ဖော်ချက်တွေအားဖြင့် မာရ်နတ်ရဲ့ စရိုက်တွေကို ဖော်ပြထားတယ်–

  • “ခုခံသူ” အဓိပ္ပာယ်ရှိတဲ့ စာတန်။—ယောဘ ၁:၆။

  • “အသရေဖျက်သူ” အဓိပ္ပာယ်ရှိတဲ့ မာရ်နတ်။—ဗျာဒိတ် ၁၂:၉။

  • ကျမ်းစာထဲမှာ “လှည့်စားသူ” အဓိပ္ပာယ်နဲ့ အသုံးပြုထားတဲ့ မြွေ။—၂ ကောရိန္သု ၁၁:၃။

  • ဖြားယောင်းသွေးဆောင်သူ။—မဿဲ ၄:၃။

  • မုသာကောင်။—ယောဟန် ၈:၄၄။

မကောင်းတဲ့စိတ်မဟုတ်

လူတချို့က စာတန်မာရ်နတ် တကယ်ရှိတာမဟုတ်ဘဲ ကိုယ်တွင်းမှာရှိတဲ့ မကောင်းတဲ့စိတ်လို့ပဲ ထင်ကြတယ်။ ဒါပေမဲ့ ဘုရားသခင်နဲ့ စာတန် အပြန်အလှန် စကားပြောတဲ့အကြောင်း ကျမ်းစာထဲမှာ မှတ်တမ်းတင်ထားတယ်။ ဘုရားသခင်က မကောင်းတဲ့စိတ်အပါအဝင် အပြစ်နဲ့ လုံးဝကင်းစင်တဲ့အရှင် ဖြစ်တယ်။ (တရားဟောရာ ၃၂:၄; ယောဘ ၂:၁–၆) စာတန်က အပြစ်မရှိတဲ့ ယေရှုကိုလည်း သွေးဆောင်ခဲ့တယ်။ (မဿဲ ၄:၈–၁၀; ၁ ယောဟန် ၃:၅) ဘုရားသခင်နဲ့ ယေရှုဟာ ကိုယ်တွင်းမှာရှိတဲ့ မကောင်းတဲ့စိတ်နဲ့ စကားပြောတာ မဖြစ်နိုင်ဘူး။ ဒါကြောင့် စာတန်ဟာ တကယ်ရှိတယ်။ မကောင်းတဲ့စိတ်ကို ပြောတာမဟုတ်ဘူး။

လူအတော်များများက မာရ်နတ် တကယ်ရှိတာကို မယုံတဲ့အတွက် အံ့သြသင့်သလား။ မအံ့သြသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ စာတန်က သူ့ရည်ရွယ်ချက်တွေ အောင်မြင်ဖို့ လှည့်ဖြားမှုအမျိုးမျိုးကို သုံးတယ်လို့ ကျမ်းစာထဲမှာ ဖော်ပြထားတယ်။ (၂ သက်သာလောနိတ် ၂:၉၊ ၁၀) သူ့ရဲ့အောင်မြင်ဆုံး ပရိယာယ်တစ်ခုက သူရှိတယ်ဆိုတာကို လူတွေမသိအောင် ဖုံးကွယ်ထားခြင်းဖြစ်တယ်။—၂ ကောရိန္သု ၄:၄။

မာရ်နတ်နဲ့ပတ်သက်ပြီး နောက်ထပ်တလွဲယူဆချက်များ

ယူဆချက်အမှား– မာရ်နတ်ရဲ့ နာမည် နောက်တစ်မျိုးက လူစီဖာလို့ ခေါ်တယ်။

အဖြေမှန်– ကျမ်းစာတချို့မှာ “လူစီဖာ” လို့ပြန်ဆိုတဲ့ ဟေဗြဲစကားလုံးဟာ “ထွန်းလင်းတောက်ပသူ” လို့ အဓိပ္ပာယ်ရတယ်။ (ဟေရှာယ ၁၄:၁၂) ကျမ်းချက်ရဲ့ ရှေ့နောက်စကားအရ ဒီစကားလုံးက ဗာဗုလုန်မင်းဆက်ကို ရည်ညွှန်းတယ်။ သူတို့ရဲ့ မာနကြီးမှုကြောင့် ဘုရားသခင် ဖျက်ဆီးခဲ့တယ်။ (ဟေရှာယ ၁၄:၄၊ ၁၃–၂၀) ဗာဗုလုန်မင်းဆက် ကျဆုံးပြီးတဲ့နောက် သူတို့ကို လှောင်ပြောင်တဲ့အနေနဲ့လည်း “ထွန်းလင်းတောက်ပသူ” ဆိုတဲ့ စကားလုံးကို အသုံးပြုခဲ့ကြတယ်။

ယူဆချက်အမှား– ဘုရားသခင်က စာတန်ကို အသုံးပြုပြီး လူတွေကို ကောင်းမကောင်း စမ်းသပ်တယ်၊ အဲဒီအပေါ်မူတည်ပြီး လူတွေကို တရားစီရင်တယ်။

အဖြေမှန်– စာတန်မာရ်နတ်က ဘုရားသခင်ရဲ့အမှုတော်ဆောင် မဟုတ်ဘဲ ကိုယ်တော်ရဲ့ ရန်သူဖြစ်တယ်။ စာတန်မာရ်နတ်က ဘုရားသခင့်အမှုဆောင်တဲ့သူတွေကိုတောင် ဆန့်ကျင်ပြီး မတရားစွပ်စွဲနေသူဖြစ်တယ်။​—၁ ပေတရု ၅:၈; ဗျာဒိတ် ၁၂:၁၀။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ