ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ယေဟောဝါ၏ အမျက်တော်သည် လူမျိုးများအပေါ် သင့်ရောက်လေပြီ
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
    • ၅၊ ၆။ (က) လူမျိုးတို့သည် ဘုရားသခင်နှင့် စာရင်းရှင်းရန် အဘယ်အတွက်ကြောင့် ဆင့်ခေါ်ခံရသနည်း။ (ခ) “သူတို့၏ အသွေးဖြင့် တောင်တို့သည် အရည် ဖြစ်ကြလိမ့်မည်” မှာ မည်သို့ မှန်ကန်သနည်း။

      ၅ ယခု ဘုရားတရားမဲ့သော လူမျိုးတို့အတွက် မှောင်မိုက်သော ရှေ့အလားအလာကို ပရောဖက်ပြုချက်၌ ဖော်ပြသည်—၎င်းသည် နောက်ပိုင်းတွင် ဖော်ပြမည့် ဘုရားသခင့် လူမျိုးတော်၏ တောက်ပသော မျှော်လင့်ချက်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်သည်။ (ဟေရှာယ ၃၅:၁-၁၀) ပရောဖက်က ဤသို့ ဖော်ပြ၏– “ထာဝရဘုရား၏ အမျက်တော်သည် လူမျိုးအပေါင်းတို့၌ ထွက်၍ ပြင်းစွာသော အမျက်တော်သည် သူတို့အလုံးအရင်းအပေါ်မှာ သင့်ရောက်လေ၏။ သူတို့ကို ရှင်းရှင်းဖျက်ဆီး၍ အသေသတ်ခြင်း၌ အပ်လိုက်တော်မူ၏။ သူတို့တွင် အသေခံရသောသူတို့ကို ပြင်သို့ ပစ်လိုက်သဖြင့် အသေကောင်တို့သည် နံစော်၍ သူတို့၏ အသွေးဖြင့် တောင်တို့သည် အရည် ဖြစ်ကြလိမ့်မည်။”—ဟေရှာယ ၃၄:၂၊ ၃။

      ၆ လူမျိုးများ၏ သွေးပြစ်ကျူးလွန်မှုကို အာရုံစိုက်စေသည်။ ယနေ့ ခရစ်ယာန်ဘောင် နိုင်ငံတို့သည် သွေးပြစ် အကျူးလွန်ဆုံး နိုင်ငံများ ဖြစ်သည်။ ကမ္ဘာစစ်ကြီး နှစ်ခုနှင့် စစ်ပွဲငယ်များစွာတို့ဖြင့် မြေကြီးပေါ်တွင် သွေးချောင်းစီးစေခဲ့သည်။ ဤသွေးပြစ်ကျူးလွန်မှုအားလုံးအတွက် မည်သူသည် တရားမျှတစွာ တောင်းဆိုထိုက်သနည်း။ ကြီးမြတ်တော်မူသော အသက်ပေးရှင်၊ ဖန်ဆင်းရှင်မှတစ်ပါး အခြားသူ မရှိပေ။ (ဆာလံ ၃၆:၉) ယေဟောဝါ၏ ပညတ်တော်တွင် ဤသို့ စံချထား၏– “အသက်အတွက် အသက်ကို . . . ခံရမည်။” (ထွက်မြောက်ရာ ၂၁:၂၃-၂၅; ကမ္ဘာဦး ၉:၄-၆) ဤပညတ်နှင့်အညီ ကိုယ်တော်သည် လူမျိုးတို့၏ အသွေးကို စီးစေမည်—သူတို့ သေသည်တိုင်အောင် ဖြစ်သည်။ မြေမြှုပ်သင်္ဂြိုဟ်ခြင်း မခံရသော အသေကောင်များ၏ အပုပ်နံ့သည် လေထဲတွင်အပြည့် ဖြစ်မည်—အမှန်ပင် ရှက်ဖွယ်ကောင်းသည့် သေခြင်းပါတကား! (ယေရမိ ၂၅:၃၃) ပြန်ပေးဆပ်ရန် တောင်းဆိုခံရသော အသွေးသည် တောင်များကို အရည်ပျော်စေလောက်သည်အထိ ဖြစ်မည်။ (ဇေဖနိ ၁:၁၇) သူတို့၏ စစ်တပ်များ လုံးဝပျက်စီးခြင်းနှင့်အတူ ကမ္ဘာ့လူမျိုးများတို့သည် ကျမ်းစာပရောဖက်ပြုချက်တွင် တစ်ခါတစ်ရံ တောင်များဖြင့် ပုံဖော်တင်ပြခြင်း ခံရသော သူတို့၏ အစိုးရများ ကျရှုံးပျက်စီးခြင်းကို မြင်တွေ့ကြရမည်။—ဒံယေလ ၂:၃၅၊ ၄၄၊ ၄၅; ဗျာဒိတ် ၁၇:၉။

  • ယေဟောဝါ၏ အမျက်တော်သည် လူမျိုးများအပေါ် သင့်ရောက်လေပြီ
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
    • [စာမျက်နှာ ၁၇၃ ပါ လေးထောင့်ကွက်]

      ဒေါသကြီးသော ဘုရားလော

      ဟေဗြဲကျမ်းစာစောင်များတွင် ဖော်ပြထားသကဲ့သို့ ဟေရှာယ ၃၄:၂-၇ တွင် တွေ့ရသည့် အသုံးအနှုန်းများက ယေဟောဝါသည် ရက်စက်ကြမ်းကြုတ်ပြီး ဒေါသကြီးသော ဘုရားသခင် ဖြစ်သည်ဟု များစွာသောသူတို့ကို ယူမှတ်စေခဲ့သည်။ ထိုသို့ မှန်ပါသလော။

      မမှန်ပါ။ ဘုရားသခင်သည် တစ်ခါတစ်ရံ မိမိ၏ ဒေါသကို တင်ပြသော်လည်း ထိုဒေါသသည် အမြဲပင် အကြောင်းပြချက် ခိုင်လုံသည်။ ၎င်းသည် မူပေါ်တွင် အမြဲ အခြေခံပြီး ထိန်းချုပ်မှု မရှိသော စိတ်လှုပ်ရှားမှုတွင် အခြေမခံပါ။ ထို့ပြင် ယင်းသည် အမြဲပင် ဖန်ဆင်းရှင်၏ အကြွင်းမဲ့ ဝတ်ပြုကိုးကွယ်ခံထိုက်မှု၊ အမှန်တရားကို တစ်သမတ်တည်း စွဲကိုင်မှုတို့နှင့်အညီ ဖြစ်သည်။ ဘုရားသခင်၏ အမျက်ဒေါသသည် ကိုယ်တော်၏ ဖြောင့်မတ်ခြင်းတရားကို ချစ်မြတ်နိုးမှုနှင့် ဖြောင့်မတ်ခြင်း ကျင့်သုံးသူများအား ကိုယ်တော် ချစ်မြတ်နိုးမှုတို့က စိုးမိုးထားသည်။ ယေဟောဝါသည် ကိစ္စရပ်တစ်ခုတွင် ပါဝင်ပတ်သက်သော အကြောင်းအချက်အားလုံးကို တွေ့ မြင်တော်မူပြီး အခြေအနေတစ်ခုနှင့်ပတ်သက်၍ စုံလင်ပြီး အကန့်အသတ်မရှိ သိတော်မူ၏။ (ဟေဗြဲ ၄:၁၃) ကိုယ်တော်သည် နှလုံးတွင်းကို ထိုးဖောက်သိမြင်တော်မူပြီး မသိရှိမှု၊ ဂရုမစိုက်မှုတို့၏ အတိုင်းအတာ သို့မဟုတ် တမင် အပြစ်ပြုလုပ်ခြင်းတို့ကို သိမြင်မှတ်သားကာ မျက်နှာမလိုက်ဘဲ ဆောင်ရွက်တော်မူသည်။—တရားဟောရာ ၁၀:၁၇၊ ၁၈; ၁ ဓမ္မရာဇဝင် ၁၆:၇; တမန်တော် ၁၀:၃၄၊ ၃၅။

      သို့ရာတွင် ယေဟောဝါ ဘုရားသခင်သည် “အမျက်ထွက်နှေးသောသဘော၊ ကရုဏာနှင့် သစ္စာ ကြွယ်ဝသောသဘော ရှိတော်မူ” ၏။ (ထွက်မြောက်ရာ ၃၄:၆၊ ကဘ) ကိုယ်တော်ကို ကြောက်ရွံ့ပြီး ဖြောင့်မတ်ခြင်းတရားကို ကြိုးစားလုပ်ဆောင်နေသူများသည် ကရုဏာတော်ကို ခံစားရကြသည်၊ အကြောင်းမှာ လူသည် မစုံလင်မှုကို အမွေခံထားရကြောင်းကို အနန္တတန်ခိုးရှင် သိတော်မူရာ ယင်းကြောင့် ထိုသူအပေါ်တွင် ကိုယ်တော် ကရုဏာပြတော်မူ၏။ ယနေ့အချိန်တွင် ဘုရားသခင်သည် ယေရှု၏ ပူဇော်သကာပေါ် အခြေခံ၍ ကရုဏာပြတော်မူ၏။ (ဆာလံ ၁၀၃:၁၃၊ ၁၄) သင့်လျော်သောအချိန်တွင် မိမိတို့အပြစ်ကို အသိအမှတ်ပြုပြီး နောင်တယူကာ ကိုယ်တော်အား အမှန်အမှုဆောင်သူများထံမှ ယေဟောဝါ၏ အမျက်တော်ကို ဖယ်ရှားပစ်တော်မူ၏။ (ဟေရှာယ ၁၂:၁) အနှစ်ချုပ်ဆိုရလျှင် ယေဟောဝါသည် ဒေါသကြီးသော ဘုရား မဟုတ်ဘဲ ပျော်ရွှင်သော ဘုရား ဖြစ်တော်မူ၏၊ ချဉ်းကပ်ရန် ခဲယဉ်းသော ဘုရား မဟုတ်ဘဲ ကိုယ်တော်ထံ အမှန် ချဉ်းကပ်လိုသူများအတွက် ချဉ်းကပ်ရန် လွယ်သော ဘုရား၊ သင့်တင့်ငြိမ်ဝပ်သော ဘုရား ဖြစ်တော်မူ၏။ (၁ တိမောသေ ၁:၁၁) ၎င်းတို့သည် မှောက်မှားသော တိတ္ထိဘုရားများနှင့် ထိုဘုရားများအား ရုပ်လုံးဖော် ရေးဆွဲထားသည့် အရုပ်များရှိ ကရုဏာကင်းမဲ့၊ ရက်စက်ကြမ်းကြုတ်သော အမူအကျင့်များနှင့် အလွန် ကွာခြားပါသည်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ