ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၀ ၃/၁ စာ. ၂၉-၃၁
  • အသင့်ပြင်ဆင်ထားသောနှလုံးဖြင့် ယေဟောဝါအားရှာဖွေခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အသင့်ပြင်ဆင်ထားသောနှလုံးဖြင့် ယေဟောဝါအားရှာဖွေခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်ုပ်တို့၏နှလုံးကို အသင့်ပြင်ဆင်ခြင်း
  • ကျွန်ုပ်တို့နှလုံး “မြေ” ကို ပိုမိုကောင်းမွန်စေသည့် အချက်များ
  • စိတ်နှိမ့်ချခြင်းသည် နှလုံးကိုနူးညံ့စေ
  • ရိုးသားခြင်းနှင့် ဘုရားသခင်ရေးရာကြောက်ရွံ့ခြင်း
  • အသင့်ပြင်ဆင်ထားသောနှလုံးသည် ယုံကြည်ခြင်းကိုတိုးပွားစေ
  • ချစ်ခြင်းမေတ္တာ—အမြတ်ဆုံးအရည်အသွေး
  • ယေဟောဝါ၏နှလုံးတော်နှင့်ညီညွတ်သော နှလုံးကိုရယူလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • သင်၏နှလုံးကို စောင့်ရှောက်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ယေဟောဝါအားကြောက်ရွံ့ခြင်းမှ ရွှင်လန်းမှုကိုတွေ့ရန်သင်ယူခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ယေဟောဝါကို စုံလင်တဲ့နှလုံးနဲ့ ဆက်အမှုဆောင်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
က၀၀ ၃/၁ စာ. ၂၉-၃၁

အသင့်ပြင်ဆင်ထားသောနှလုံးဖြင့် ယေဟောဝါအားရှာဖွေခြင်း

ဣသရေလယဇ်ပုရောဟိတ်ဧဇရသည် ထင်ရှားသောရှာဖွေလေ့လာသူ၊ ကျမ်းပညာရှင်၊ စာကူးရေးသူနှင့် ပညတ်တော်ကိုသွန်သင်ပေးသူဖြစ်ခဲ့သည်။ ထို့ပြင် ယနေ့ ခရစ်ယာန်များအတွက် သူသည် စိုးလ်အကြွင်းမဲ့အမှုဆောင်ခြင်းတွင် ပုံသက်သေကောင်းသူလည်းဖြစ်ခဲ့သည်။ မည်သို့အားဖြင့်နည်း။ သူသည် မှားယွင်းသောဝတ်ပြုမှုများနှင့် နတ်ဆိုးကိုးကွယ်မှုတို့ ပြည့်နှက်နေသော ဗာဗုလုန်မြို့တွင်ရှိနေစဉ်အခါပင် သူ၏ဘုရားသခင်ရေးရာဆက်ကပ်အပ်နှံခြင်းကို ဆက်ထိန်းသိမ်းထားခဲ့၏။

ဧဇရ၏ဘုရားသခင်ရေးရာဆက်ကပ်အပ်နှံခြင်းသည် အလိုအလျောက်ဖြစ်ပေါ်လာခြင်းမဟုတ်ပါ။ ထိုစိတ်ထားကို သူပျိုးထောင်ခဲ့သည်။ သူသည် “ယေဟောဝါ၏တရားတော်ကို စစ်ဆေးစောင့်ရှောက်ခြင်းငှာ နှလုံးကိုအသင့်ပြင်ဆင်ထား” သည်ဟု ကျွန်ုပ်တို့ကိုပြောပြသည်။—ဧဇရ ၇:၁၀၊ ကဘ။

ဧဇရနည်းတူ ယနေ့ ယေဟောဝါလူမျိုးတော်သည် စစ်မှန်သောဝတ်ပြုရေးကို ရန်မူလျက်ရှိသောလောက၌ရှိနေစဉ် ယေဟောဝါတောင်းဆိုသမျှကို လုပ်ဆောင်လိုကြသည်။ ထို့ကြောင့် “ယေဟောဝါ၏တရားတော်ကို စစ်ဆေးစောင့်ရှောက်” ရန်ကျွန်ုပ်တို့၏အတွေးအခေါ်များ၊ သဘောထားများ၊ ဆန္ဒများနှင့် ရည်ရွယ်ချက်များပါဝင်သည့် အတွင်းလူဖြစ်သော ကျွန်ုပ်တို့၏နှလုံးကို အသင့်ပြင်ဆင်ထားနိုင်သည့် နည်းများကို ဆန်းစစ်ကြစို့လေ။

ကျွန်ုပ်တို့၏နှလုံးကို အသင့်ပြင်ဆင်ခြင်း

“အသင့်ပြင်ဆင်ခြင်း” ဟူသည် “ရည်ရွယ်ချက်တစ်စုံတစ်ခုအတွက် ကြိုတင်ပြင်ဆင်ထားခြင်း– အထူးအသုံးချရန်၊ ကြိုးစားအားထုတ်ရန် သို့မဟုတ် စိတ်နေသဘောထားတစ်ခုအတွက် သတ်မှတ်ထားခြင်း” ဖြစ်သည်။ မှန်ပါသည်၊ သင်သည် ဘုရားသခင့်နှုတ်မြွက်စကားတော်နှင့်စပ်လျဉ်း၍ တိကျသောအသိပညာရရှိပြီး သင့်အသက်တာကို ယေဟောဝါထံ ဆက်ကပ်အပ်နှံခဲ့ပြီးဖြစ်ပါက သင့်နှလုံးသည် အသင့်ပြင်ဆင်ထားသောအနေအထား၌ ရှိနေသည်ကို ပြသရာရောက်ပြီး ယေရှုပြောခဲ့သော မျိုးစေ့ကြဲသူပုံဥပမာမှ “ကောင်းသောမြေ” နှင့်နှိုင်းယှဉ်နိုင်သည်။—မဿဲ ၁၃:၁၈-၂၃။

သို့သော်လည်း ကျွန်ုပ်တို့၏နှလုံးကို အဆက်မပြတ်သတိပြုပြီး တိုးတက်ကောင်းမွန်စေဖို့လိုသည်။ အဘယ်ကြောင့်နည်း။ အကြောင်းရင်းနှစ်ခုကြောင့်ဖြစ်သည်။ ပထမအချက်မှာ၊ ဥယျာဉ်တစ်ခုရှိ တောပင်များကဲ့သို့ ဥပါဒ်ဖြစ်စေသောဉာဉ်ဆိုးများသည် အလွယ်တကူအမြစ်တွယ်နိုင်သောကြောင့်ဖြစ်သည်။ အထူးသဖြင့် ဤ ‘နောက်ဆုံးကာလ’ အတွင်း စာတန့်စနစ်၏ ‘လေ’ တွင်ဇာတိအတွေးအခေါ်၏ ဘေးဖြစ်စေသောမျိုးစေ့များ ပိုမိုပြည့်နှက်နေသောကြောင့်တည်း။ (၂ တိမောသေ ၃:၁-၅; ဧဖက် ၂:၂) ဒုတိယအချက်မှာ မြေနှင့်ပတ်သက်သည်။ မြေကို ဂရုမစိုက်ဘဲပစ်ထားလျှင် မကြာမီ ခြောက်သွေ့ပြီးမာကျောသွားမည့်အပြင် အသီးမသီးတော့ချေ။ သို့မဟုတ် လူအများသည် ဥယျာဉ်ထဲ သတိမမူဘဲလမ်းလျှောက်သွားကြပြီး မြေကိုနင်းကာမာကျောသွားစေပေမည်။ ကျွန်ုပ်တို့နှလုံး၏ပုံဆောင်မြေသည်လည်း အလားတူပင်ဖြစ်သည်။ ၎င်းကိုပစ်ပယ်ထားမည် သို့မဟုတ် ကျွန်ုပ်တို့၏ဝိညာဉ်ရေးကောင်းစားမှုကို စိတ်မဝင်စားသူတို့က တက်နင်းကြလျှင် အသီးမသီးနိုင်တော့ချေ။

ထို့ကြောင့် “နှလုံးသည် အသက်၏အခြေအမြစ်ဖြစ်သောကြောင့်၊ သင်၏နှလုံးကို အထူးသဖြင့် စောင့်ရှောက်လော့” ဟူသည့် ကျမ်းစာဆုံးမစကားကိုလိုက်လျှောက်ရန် ကျွန်ုပ်တို့အားလုံးအတွက် အမှန်ပင်အရေးကြီးပါသည်။—သု. ၄:၂၃။

ကျွန်ုပ်တို့နှလုံး “မြေ” ကို ပိုမိုကောင်းမွန်စေသည့် အချက်များ

ကောင်းစွာအကျိုးဖြစ်ထွန်းစေရန် ကျွန်ုပ်တို့နှလုံး “မြေ” ကိုပိုမိုကောင်းမွန်စေမည့်အချက် သို့မဟုတ် အရည်အသွေးအချို့ကို သုံးသပ်ကြည့်ကြစို့လေ။ ကျွန်ုပ်တို့နှလုံးကို တိုးတက်ကောင်းမွန်စေမည့် အချက်များစွာရှိသည်မှန်သော်လည်း ဤခြောက်ချက်ကို ယခုသုံးသပ်ကြမည်– ဝိညာဉ်ရေးလိုအပ်ချက်ကို အသိအမှတ်ပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ ရိုးသားခြင်း၊ ဘုရားသခင်ရေးရာကြောက်ရွံ့ခြင်း၊ ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာတို့ဖြစ်သည်။

“ဝိညာဉ်ရေးတွင် မိမိတို့လိုလျက်နေကြောင်း သတိပြုသူများသည် ဝမ်းမြောက်စရာရှိကြ၏” ဟူ၍ ယေရှုပြောခဲ့သည်။ (မဿဲ ၅:၃၊ ကဘ) ကာယအစာဆာလောင်ခြင်းသည် အစာစားရန်လိုအပ်ကြောင်း သတိပေးသကဲ့သို့ ဝိညာဉ်ရေးလိုအပ်ရာကို သတိပြုသူသည် ဝိညာဉ်ရေးအစာကို ဆာလောင်မွတ်သိပ်တတ်၏။ ဤအစားအစာသည် ဘဝကို အဓိပ္ပာယ်နှင့်ရည်ရွယ်ချက်ရှိစေသောကြောင့် အလိုလိုတောင့်တတတ်ကြ၏။ စာတန့်စနစ်၏ဖိစီးမှုများနှင့် လေ့လာဆည်းပူးရန် ပျင်းရိလွန်းခြင်းသည် ဤလိုအပ်ရာကို သတိပြုစေမည်မဟုတ်ပေ။ သို့သော် ယေရှုက “လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာလာသည်” ဟုဆိုခဲ့၏။—မဿဲ ၄:၄။

စာသားအတိုင်း အစာကိုမှန်မှန်နှင့်မျှမျှတတ၊ အာဟာရရှိရှိသုံးဆောင်လျှင် ကိုယ်ခန္ဓာကိုကျန်းမာစေသည့်အပြင် အချိန်တန်သောအခါ နောက်ထပ်အစာစားလိုစိတ် ဖြစ်ပေါ်လာစေသည်။ ဝိညာဉ်ရေးသဘောအရလည်း ထိုသို့ပင်ဖြစ်သည်။ သင်သည် မိမိကိုယ်ကိုအပတ်တကုတ်ကြိုးစားလေ့လာသူတစ်ဦးအဖြစ် ယူမှတ်လိမ့်မည်မဟုတ်သော်လည်း ဘုရားသခင့်နှုတ်မြွက်စကားတော်ကို နေ့စဉ်ဖတ်ရှုသည့်အကျင့်ရှိပြီး ကျမ်းစာအခြေပြုစာပေများကို မှန်မှန်လေ့လာလျှင် ခံတွင်းလိုက်လာမည်ကို သင်တွေ့ရှိလိမ့်မည်။ ထိုအခါ သင်သည်ကျမ်းစာလေ့လာချိန်များကို စိတ်အားထက်သန်စွာစောင့်မျှော်တတ်လာလိမ့်မည်။ ထို့ကြောင့် အလွယ်တကူ လက်မလျှော့လိုက်ပါနှင့်; အာဟာရရှိသော ဝိညာဉ်အစာစားလိုစိတ်ရှိရန် ကြိုးစားအားထုတ်ပါ။

စိတ်နှိမ့်ချခြင်းသည် နှလုံးကိုနူးညံ့စေ

စိတ်နှိမ့်ချခြင်းသည် ကျွန်ုပ်တို့ကို သွန်သင်ပဲ့ပြင်ပေးနိုင်သူဖြစ်စေသည့်အပြင် မေတ္တာပါဆုံးမစကားနှင့်တည့်မတ်ပေးမှုတို့ကို လက်ခံဖို့အသင့်ရှိစေသောကြောင့် အသင့်ပြင်ဆင်ထားသောနှလုံးရရှိခြင်းအတွက် အရေးပါသောအချက်တစ်ချက်ဖြစ်သည်။ ဘုရင်ယောရှိ၏ ပုံသက်သေကောင်းကို သုံးသပ်ကြည့်ပါ။ သူ့လက်ထက်တွင် မောရှေမှတစ်ဆင့်ပေးခဲ့သော ဘုရားသခင့်ပညတ်ပါရှိသည့်စာပေတစ်ခုကို တွေ့ရှိခဲ့၏။ ယောရှိသည် ပညတ္တိကျမ်းစကားကိုကြားရပြီး သူ၏ဘိုးဘေးများသည် စစ်မှန်သောဝတ်ပြုရေးမှ မည်မျှအထိသွေဖည်သွားခဲ့သည်ကို သိရှိသောအခါ ယေဟောဝါရှေ့တွင် အဝတ်ကိုဆုတ်လျက် ငိုကြွေးခဲ့သည်။ ဘုရားသခင့်နှုတ်မြွက်စကားတော်သည် ဘုရင်၏နှလုံးကို အဘယ်ကြောင့် ထိုမျှနက်ရှိုင်းစွာထိမိခဲ့သနည်း။ သူသည် ယေဟောဝါ၏စကားတော်ကို ကြားရသောအခါ နှိမ့်ချမှုရှိစေရန် သူ၏နှလုံးသည် “နူးညံ့” သည်ဟု မှတ်တမ်းကဆိုသည်။ ယေဟောဝါသည် ယောရှိ၏နှိမ့်ချမှုနှင့် လက်ခံရန်အသင့်ရှိသောနှလုံးကို သတိပြုမိ၍ ယင်းနှင့်အညီ ကောင်းချီးပေးခဲ့သည်။—၄ ဓမ္မရာဇဝင် ၂၂:၁၁၊ ၁၈-၂၀။

စိတ်နှိမ့်ချမှုသည် “လော[က]” ရေးဘက်၌သာ “ပညာအလိမ္မာနှင့်ပြည့်စုံ” သူတို့ သတိမမူကြသော ဝိညာဉ်ရေးအမှန်တရားများကို ယေရှု၏ “လူတတ်မဟုတ်၊ လူသာမညသာဖြစ်” ကြသောတပည့်များအား သဘောပေါက်စေ၍ လိုက်လျှောက်နာခံစေသည်။ (တမန်တော် ၄:၁၃; လုကာ ၁၀:၂၁; ၁ ကောရိန္သု ၁:၂၆) မာန်မာနက ပညာအလိမ္မာနှင့်ပြည့်စုံသူ၏နှလုံးကို မာကျောစေခဲ့သည်အတွက် ယေဟောဝါ၏စကားတော်ကို သူတို့လက်ခံရန် အသင့်မရှိစေပါ။ မာန်မာနကို ယေဟောဝါမုန်းခြင်းသည် အံ့အားသင့်စရာလော။—သု. ၈:၁၃; ဒံယေလ ၅:၂၀။

ရိုးသားခြင်းနှင့် ဘုရားသခင်ရေးရာကြောက်ရွံ့ခြင်း

“စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသောသဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူသိနိုင်သနည်း” ဟူ၍ ပရောဖက်ယေရမိရေးခဲ့သည်။ (ယေရမိ ၁၇:၉) ဤစဉ်းလဲမှုသည် ကျွန်ုပ်တို့အမှားပြုမိ၍ ဆင်ခြေပေးတတ်သည့်နည်းအမျိုးမျိုးဖြင့် ထင်ရှားပါသည်။ ကြီးလေးသောပင်ကိုအပြစ်များကို ဆင်ခြေပေးသောအခါတွင်လည်း ပေါ်လွင်သည်။ သို့သော် ရိုးသားခြင်းသည် ကျွန်ုပ်တို့တိုးတက်နိုင်ရန် မိမိကိုယ်နှင့်ပတ်သက်၍ အမှန်တရားကို ရင်ဆိုင်ဖို့ ထောက်ကူပေးခြင်းအားဖြင့် စဉ်းလဲသောနှလုံးကို အောင်မြင်စေရန် ကူညီပေးမည်။ ဆာလံဆရာက “အိုထာဝရဘုရား၊ အကျွန်ုပ်ကိုစစ်ဆေးစုံစမ်း၍ နှလုံးကျောက်ကပ်ကို ဆေးကြောတော်မူပါ” ဟုဆုတောင်းစဉ် ထိုသို့သောရိုးသားမှုကို တင်ပြခဲ့သည်။ ဆာလံဆရာသည် ဉာဉ်ဆိုးများကို အောင်မြင်နိုင်ရန် ယင်းတို့ရှိကြောင်း ဝန်ခံရန်လိုမည်ဖြစ်သော်လည်း ယေဟောဝါ၏စစ်ဆေးစုံစမ်းခြင်းကိုလက်ခံဖို့ သူ၏နှလုံးကို အသင့်ပြင်ဆင်ထားခဲ့သည်မှာ ထင်ရှားပါသည်။—ဆာလံ ၁၇:၃; ၂၆:၂။

“ဒုစရိုက်ကိုမုန်း”‘အပြစ်ကိုမုန်း’ ခြင်းပါဝင်သော ဘုရားသခင်ရေးရာကြောက်ရွံ့ခြင်း သည်ဤသန့်စင်မှုအစီအစဉ်၌ အင်အားကြီးမားသောအကူအညီတစ်ခုဖြစ်သည်။ (သု. ၈:၁၃) ယေဟောဝါကို အမှန်တကယ်ကြောက်ရွံ့သူတစ်ဦးသည် ယေဟောဝါ၏ချစ်ခင်ကြင်နာမှုနှင့် ကောင်းမြတ်မှုတို့ကို လေးမြတ်တန်ဖိုးထားစဉ် ယေဟောဝါကိုမနာခံသူတို့ကို ကိုယ်တော်သည် သေဒဏ်ဖြင့်ပင် အပြစ်ပေးနိုင်သည့် တန်ခိုးရှင်ဖြစ်ကြောင်း အသိအမှတ်ပြုသည်။ ယေဟောဝါသည် ဣသရေလလူမျိုးနှင့်ပတ်သက်၍ ဤသို့ပြောခဲ့စဉ်က ကိုယ်တော်ကို ကြောက်ရွံ့သူတို့သည် ကိုယ်တော်အားနာခံလိမ့်မည်ကို ဖော်ပြခဲ့၏– “သူတို့နှင့်သားမြေးအစဉ်အဆက်တို့သည် ချမ်းသာရမည်အကြောင်း၊ ငါ့ကိုကြောက်ရွံ့၍ ငါပညတ်သမျှတို့ကို အစဉ်စောင့်ရှောက်ချင်သောစိတ်နှင့် ပြည့်စုံကြပါစေသော။”—တရားဟောရာ ၅:၂၉။

ဘုရားသခင်ရေးရာကြောက်ရွံ့ခြင်းမှာ ထိတ်လန့်ကြောက်ရွံ့ပြီးလက်အောက်ခံခြင်းမျိုးမဟုတ်ဘဲ ကျွန်ုပ်တို့၏အကောင်းဆုံးအကျိုးကို လိုလားသောမေတ္တာရှင်ခမည်းတော်အား နာခံရန် လှုံ့ဆော်ပေးဖို့ဖြစ်ကြောင်း ရှင်းပါသည်။ အမှန်မှာ၊ ဤသို့သောဘုရားသခင်ရေးရာကြောက်ရွံ့ခြင်းကို ယေရှုခရစ်ကိုယ်တော်တိုင် များစွာတင်ပြခဲ့ပြီး ယင်းသည် တိုးတက်ကောင်းမွန်စေပြီး အားရရွှင်လန်းစေ၏။—ဟေရှာယ ၁၁:၃; လုကာ ၁၂:၅။

အသင့်ပြင်ဆင်ထားသောနှလုံးသည် ယုံကြည်ခြင်းကိုတိုးပွားစေ

ယုံကြည်ခြင်း ခိုင်ခံ့သောနှလုံးသည် ယေဟောဝါ၏နှုတ်မြွက်စကားတော်မှတစ်ဆင့် ကိုယ်တော်တောင်းဆိုသမျှ၊ ညွှန်ကြားသမျှမှာ အစဉ်မှန်ကန်ပြီး ကျွန်ုပ်တို့၏ကောင်းကျိုးအတွက်ဖြစ်ကြောင်းသိရှိသည်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) ဤသို့သောနှလုံးရှိသူသည် နယပုံပြင် ၃:၅၊ ၆ ပါ “ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကိုအမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကိုမျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်” ဟူသော တိုက်တွန်းချက်ကို လိုက်လျှောက်ခြင်းဖြင့် ကျေနပ်ရောင့်ရဲမှုကိုရရှိသည်။ သို့သော် ယုံကြည်ခြင်းကင်းမဲ့သောနှလုံးသည် ယေဟောဝါကို ယုံကြည်ကိုးစားလိုစိတ်ရှိမည်မဟုတ်၊ အထူးသဖြင့် ထိုသို့ပြုရန် ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို အာရုံစိုက်ဖို့ ရိုးရှင်းစွာအသက်ရှင်ရခြင်း အစရှိသည့်ကိုယ်ကျိုးစွန့်လုပ်ဆောင်ရသောအခါတွင်ဖြစ်သည်။ (မဿဲ ၆:၃၃) ထို့ကြောင့် ယေဟောဝါက ယုံကြည်ခြင်းကင်းမဲ့သောနှလုံးကို “ဆိုးညစ်သော” နှလုံးဟု ရှုမြင်ခြင်းသည် အကြောင်းရှိ၍ဖြစ်သည်။—ဟေဗြဲ ၃:၁၂။

ယေဟောဝါကို ကျွန်ုပ်တို့ယုံကြည်ကြောင်း မိမိအိမ်တွင်သီးသန့်ပြုလုပ်သောအမှုများအပါအဝင် နယ်ပယ်များစွာတွင် ထင်ရှားသည်။ ဥပမာ၊ ဂလာတိ ၆:၇ မှ “အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကိုခံတော်မမူ။ လူသည် မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်” ဟူသောမူကို သုံးသပ်ကြည့်ပါ။ ဤမူကိုကျွန်ုပ်တို့ယုံကြည်လက်ခံကြောင်း ကျွန်ုပ်တို့ကြည့်သောရုပ်ရှင်များ၊ ဖတ်သောစာပေများ၊ ပြုလုပ်သောကျမ်းစာလေ့လာမှုနှင့် ကျွန်ုပ်တို့၏ဆုတောင်းချက်များ အစရှိသောအရာများတွင် ထင်ရှားပါလိမ့်မည်။ မှန်၏၊ “ဝိညာဉ်ပကတိ” မျိုးစေ့ကြဲရန် လှုံ့ဆော်ပေးသော ခိုင်ခံ့သည့်ယုံကြည်ခြင်းသည် ယေဟောဝါ၏နှုတ်မြွက်စကားတော်ကို လက်ခံပြီး နာခံရန် အသင့်ပြင်ဆင်ထားသောနှလုံးရရှိခြင်း၌ အရေးပါသောအချက်တစ်ချက်ဖြစ်သည်။—ဂလာတိ ၆:၈။

ချစ်ခြင်းမေတ္တာ—အမြတ်ဆုံးအရည်အသွေး

အခြားအရည်အသွေးအားလုံးထက် ချစ်ခြင်းမေတ္တာသည် ယေဟောဝါ၏နှုတ်မြွက်စကားတော်ကို တုံ့ပြန်ဖို့ ကျွန်ုပ်တို့နှလုံးမြေကိုကောင်းမွန်စေသည်။ သို့ဖြင့် ချစ်ခြင်းမေတ္တာကို ယုံကြည်ခြင်းနှင့်မျှော်လင့်ခြင်းတို့နှင့် နှိုင်းယှဉ်သောအခါ တမန်တော်ပေါလုက ဤအရည်အသွေးများတွင် မေတ္တာသည် “အမြတ်ဆုံး” ဖြစ်၏ဟု ဖော်ပြခဲ့သည်။ (၁ ကောရိန္သု ၁၃:၁၃) ဘုရားသခင်ကို ချစ်သည့်မေတ္တာနှင့်ပြည့်နေသောနှလုံးသည် ကိုယ်တော်ကိုနာခံခြင်းမှ အလွန်ကျေနပ်ရောင့်ရဲမှုနှင့် ပျော်ရွှင်မှုရရှိစေသည်; ဘုရားသခင်၏တောင်းဆိုချက်များကြောင့်လည်း စိတ်ကသိကအောက်ဖြစ်မည်မဟုတ်ချေ။ “ပညတ်တော်တို့ကို စောင့်ခြင်းအရာသည် ဘုရားသခင်ကိုချစ်ရာရောက်၏။ ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်” ဟုတမန်တော်ယောဟန်ပြောခဲ့သည်။ (၁ ယောဟန် ၅:၃) ထိုသဘောအတိုင်းပင် ယေရှုက “ငါ့ကိုချစ်သောသူသည် ငါ့စကားကိုနားထောင်လိမ့်မည်။ ငါ့ခမည်းတော်သည် ထိုသူကိုချစ်တော်မူသည်” ဟုပြောခဲ့သည်။ (ယောဟန် ၁၄:၂၃) ဤသို့သောချစ်ခြင်းမေတ္တာသည် အတုံ့အလှည့်ရှိသည်ကို သတိပြုပါ။ မှန်၏၊ ယေဟောဝါသည် ချစ်ခြင်းမေတ္တာဖြင့် ကိုယ်တော်ထံဆွဲဆောင်ခံရသူများကို အလွန်ချစ်မြတ်နိုးသည်။

ကျွန်ုပ်တို့သည် မစုံလင်သူများဖြစ်ကြပြီး ယေဟောဝါကို အကြိမ်ကြိမ်ပြစ်မှားမိကြသည်ကို ကိုယ်တော်သိသည်။ သို့ပင်ငြားလည်း ကိုယ်တော်သည် ကျွန်ုပ်တို့ထံနှင့် မဝေးကွာပါ။ ယေဟောဝါသည် ကျေးကျွန်များထံမှ “ကြည်ညိုသောစိတ်သဘော” နှင့်ကိုယ်တော်၏အမှုတော်ကို တလိုတလားဆောင်ရွက်ရန် လှုံ့ဆော်ပေးသည့် “စုံလင်သောနှလုံး” ကို ရှာဖွေသည်။ (၁ ရာဇဝင်ချုပ် ၂၈:၉) မှန်သည်၊ ကျွန်ုပ်တို့၏နှလုံးတွင် အရည်အသွေးကောင်းများပျိုးထောင်ရန် အချိန်ယူပြီးကြိုးစားအားထုတ်မှသာ ဝိညာဉ်အသီးသီးနိုင်မည်ကို ယေဟောဝါသိတော်မူ၏။ (ဂလာတိ ၅:၂၂၊ ၂၃) ကိုယ်တော်သည် “ငါတို့ကိုယ်ခန္ဓာကိုသိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ” သောကြောင့် ကျွန်ုပ်တို့ကိုစိတ်ရှည်သည်။ (ဆာလံ ၁၀၃:၁၄) အလားတူစိတ်ထားမျိုးရှိသောယေရှုသည် အမှားများပြုလုပ်သောတပည့်တော်များကို မည်သည့်အခါမျှကျပ်တည်းစွာမဆုံးမဘဲ စိတ်ရှည်စွာ ကူညီအားပေးခဲ့သည်။ ယေဟောဝါနှင့်ယေရှုတို့၏ အဆိုပါချစ်ခြင်းမေတ္တာ၊ ကြင်နာမှုနှင့် စိတ်ရှည်ခြင်းတို့ကြောင့် သူတို့အားပို၍ချစ်မြတ်နိုးလာစေသည်မဟုတ်ပေလော။—လုကာ ၇:၄၇; ၂ ပေတရု ၃:၉။

တစ်ခါတစ်ရံ အမြစ်စွဲနေသော တောပင်ကဲ့သို့အကျင့်များကို နုတ်ပစ်ရန် သို့မဟုတ် မာကျောနေသောရွှံ့စေးကဲ့သို့ ဉာဉ်ဆိုးများကို ဖျောက်ဖျက်ရန် ကြိုးစားအားထုတ်ရလျှင် စိတ်ဓာတ်ကျခြင်း သို့မဟုတ် စိတ်ပျက်ခြင်းမရှိပါနှင့်။ သို့အစား၊ ယေဟောဝါထံ ကိုယ်တော်၏ဝိညာဉ်တော်ရရှိရန် မကြာခဏတိုးလျှိုးအသနားခံခြင်းအပါအဝင် “ဆုတောင်း . . . ခြင်းကို အမြဲပြု” စဉ် တိုးတက်ဖို့ ဆက်၍ကြိုးစားအားထုတ်ပါ။ (ရောမ ၁၂:၁၂) ကိုယ်တော်၏တလိုတလားရှိသောအကူအညီဖြင့် “ယေဟောဝါ၏တရားတော်ကို စစ်ဆေးစောင့်ရှောက်ခြင်းငှာ” အပြည့်အဝအသင့်ပြင်ဆင်ထားသောနှလုံးရရှိခြင်း၌ ဧဇရကဲ့သို့ အောင်မြင်ပါလိမ့်မည်။

[စာမျက်နှာ ၃၁ ပါပုံစာ]

ဧဇရသည် ဗာဗုလုန်တွင်ပင် ဘုရားသခင်ရေးရာဆက်ကပ် အပ်နှံခြင်းကိုဆက်ထိန်းသိမ်းထားခဲ့

[Picture Credit Line on page 29]

Garo Nalbandian

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ