-
“ဘုရားသခင်ဆီက စိတ်အာရုံတွေကို မြင်ရ”ယေဟောဝါရဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်ပြီ
-
-
၁၅။ ဘီးတွေရဲ့ ဖွဲ့စည်းပုံနဲ့ အရွယ်အစားအကြောင်း ယေဇကျေလ ဘာသတိပြုမိသလဲ။
၁၅ ဘီးတွေရဲ့ အရွယ်အစားကြောင့် ယေဇကျေလ အံ့ဩမှင်တက်သွားတယ်။ “ဘီးခွေတွေဟာ မြင့်လွန်းလို့ ထိတ်လန့်အံ့ဩစရာပဲ” လို့ ရေးခဲ့တယ်။ ကောင်းကင်ထိ မြင့်တဲ့၊ တောက်ပတဲ့ ဘီးခွေကြီးတွေကို ယေဇကျေလ မော့ကြည့်နေတာ မြင်ယောင်နိုင်တယ်။ “လေးဘီးစလုံးရဲ့ ဘီးခွေပတ်လည်မှာ မျက်လုံးတွေအပြည့်ပဲ” ဆိုပြီး အသေးစိတ် ထပ်ပြောတယ်။ စိတ်ဝင်စားစရာအကောင်းဆုံးကတော့ ဘီးတွေရဲ့ ထူးခြားတဲ့ ဖွဲ့စည်းပုံပဲ။ “ဘီးတွေရဲ့ ပုံစံနဲ့ ဖွဲ့စည်းပုံဟာ ဘီးတစ်ဘီးထဲမှာ နောက်တစ်ဘီးကို အလယ်ကနေ ကန့်လန့်ဖြတ် တပ်ထားတာနဲ့ တူတယ်” လို့ ရှင်းပြတယ်။ ဘာကို ဆိုလိုသလဲ။
-
-
“ဘုရားသခင်ဆီက စိတ်အာရုံတွေကို မြင်ရ”ယေဟောဝါရဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်ပြီ
-
-
၁၇ မြင့်မားလှတဲ့ ဘီးတွေဟာ တစ်ပတ် လည်ရုံနဲ့တောင် နေရာအများကြီး ယူနိုင်တယ်။ ယာဉ်ကြီးက လျှပ်စီးအရှိန်နဲ့ သွားနေတယ်လို့ စိတ်အာရုံမှာ ဖော်ပြထားတယ်။ (ယေဇ. ၁:၁၄) ဒီ့ပြင် အရပ်လေးမျက်နှာ သွားလာနိုင်တဲ့ ဘီးတွေရဲ့ ရွေ့လျားပုံကို လူသားအင်ဂျင်နီယာတွေ စိတ်ကူးယဉ်လို့ပဲ ရနိုင်တယ်။ ယာဉ်ကြီးက အရှိန်မလျှော့ဘဲ၊ ကွေ့စရာတောင် မလိုဘဲ ဦးတည်ရာ ပြောင်းနိုင်တယ်။ မမြင်မကန်း ပြောင်းတာတော့ မဟုတ်ဘူး။ ဘီးခွေတွေမှာ မျက်လုံး အပြည့်ပါတယ်ဆိုတဲ့ အချက်က ယာဉ်ကြီးဟာ ဘေးပတ်လည်မှာ ဖြစ်ပျက်နေသမျှကို အပြည့်အဝ သတိပြုမိကြောင်း ဖော်ပြတယ်။
ဘီးတွေဟာ အရွယ်အစား ကြီးမားပြီး အရှိန်ပြင်းစွာ ရွေ့လျားကြဘီးတွေဟာ အရွယ်အစား ကြီးမားပြီး အရှိန်ပြင်းစွာ ရွေ့လျားကြ (စာပိုဒ် ၁၇ ကို ကြည့်ပါ)
-