ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၈/၁ စာ. ၃၁
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆုံးခန်းကာလအတွင်း စစ်မှန်သည့် ကိုးကွယ်သူများကို ခွဲခြားသိမြင်ခြင်း
    ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
  • ဒံယေလပရောဖက်ပြုသည့်နေ့များနှင့်ကျွန်ုပ်တို့၏ယုံကြည်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ယေဟောဝါသည် ဒံယေလအား အံ့ဖွယ်ဆုကျေးဇူး ကတိပြု
    ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
  • ဒံယေလကျမ်းနှင့် အသင်
    ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၈/၁ စာ. ၃၁

စာရှုသူများထံမှ မေးခွန်းလွှာ

“ကင်းမျှော်စင်” တွင် ပါဝင်သော ဒံယေလပရောဖက်ပြုချက်များ လေ့လာရခြင်းကို ကျွန်ုပ်တို့သဘောကျပါသည်။ သို့သော် ဗျာဒိတ် ၁၁:၃ ပါ သုံးကာလခွဲအချိန်သည် “ဗျာဒိတ်ကျမ်းအထွတ်အထိပ်” စာအုပ်နှင့် အဘယ်ကြောင့်ခြားနားမှုရှိရပါသနည်း။

မှန်ပါသည်၊ ၁၉၉၃၊ နိုဝင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင် က ဗျာဒိတ် ၁၁:၃ ၏ ခေတ်သစ်ပြည့်စုံချက်ဆိုင်ရာ နေ့ရက်များနှင့်ပတ်သက်၍ ပြုပြင်ချက်အနည်းငယ်ကို ထည့်သွင်းဖော်ပြခဲ့သည်။ အဘယ်ကြောင့်နည်း။

ဦးဆုံး “လေးဆယ့်နှစ်လ” ဟုဖော်ပြသောကာလ၏ အဆုံးကိုပြသည့် ဗျာဒိတ် ၁၁:၂ ကိုကြည့်ကြစို့။ အခန်းငယ် ၃ က ဤသို့ဆက်ပြောသည်– “ငါ၏သက်သေခံနှစ်ပါးကို ငါအခွင့်ပေးမည်။ သူတို့သည် လျှော်တေအဝတ်ကိုဝတ်လျက် အရက်တစ်ထောင်နှစ်ရာခြောက်ဆယ်ပတ်လုံး ပရောဖက်ပြုကြလိမ့်မည်။” ယင်းသည် မည်သည့်အခါတွင် ပြည့်စုံသနည်း။

စင်စစ်တွင် ဤပရောဖက်ပြုချက်သည် “လူမျိုးများ၏သတ်မှတ်ရာအချိန်” (တစ်ပါးအမျိုးသားအချိန်) ကုန်ဆုံးသည့် ၁၉၁၄ ခုနှစ်တွင် ဝိညာဉ်တော်ဘိသိက်ခံခရစ်ယာန်များ၌ ပြည့်စုံခဲ့သည်ကို ကြာမြင့်စွာကတည်းက ယေဟောဝါသက်သေများသိရှိလာခဲ့ကြသည်။ (လုကာ ၂၁:၂၄၊ ကဘ; ၂ ကောရိန္သု ၁:၂၁၊ ၂၂) ဤကိစ္စနှင့်ပတ်သက်၍ ရှင်းပြရာတွင် ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ! (လိပ်) (၁၉၈၈) စာမျက်နှာ ၁၆၄ တွင် ဤသို့ပြောသည်– “ဤတွင်ပရောဖက်ပြုထားသည့် အဖြစ်အပျက်များနှင့်ကိုက်ညီသော ခက်ခဲပြင်းထန်သည့်တွေ့ကြုံမှုများကို ဘုရားသခင့်လူများရင်ဆိုင်ရသည့် သတ်မှတ်ထားသောသုံးနှစ်ခွဲကာလသည်—ပထမကမ္ဘာစစ် စတင်ဖြစ်ပွားသည့် ၁၉၁၄ ခုနှစ်နှောင်းပိုင်းတွင် စတင်ပြီး ၁၉၁၈ ခုနှစ်ဦးပိုင်းအထိ ဆက်၍သွားသည်။”

ထိုတွင်ပေးထားသည့်နေ့ရက်မှာ “ပထမကမ္ဘာစစ် စတင်ဖြစ်ပွားသည့် ၁၉၁၄ ခုနှစ်နှောင်းပိုင်းမှ ၁၉၁၈ ခုနှစ်ဦးပိုင်း [အထိ]” ဖြစ်ကြောင်း မှတ်သားပါ။ ယင်းသည် ဘုရားသခင်၏နက်နဲရာပြီးဆုံးလေပြီ (လိပ်) စာအုပ်၊ စာမျက်နှာ ၂၆၁-၄ (၁၉၆၉)a တွင်ပါသကဲ့သို့သော ဖော်ပြလေ့ရှိသည့်နေ့စွဲနှင့် ကိုက်ညီသည်။

သို့သော် နောက်ပိုင်း ဗျာဒိတ်ကျမ်းတွင် ဖော်ပြသည့်—၃ ၁/၂ နှစ် သို့မဟုတ် ၄၂ လနှင့်တူညီသောကာလကို နှစ်ကြိမ်ဖော်ပြသည့် ဒံယေလကျမ်းတွင် ပါဝင်သောပရောဖက်ပြုချက်များကို ကင်းမျှော်စင် က အာရုံစိုက်စေသည်။ အတိအကျပြောရလျှင် ဒံယေလ ၇:၂၅ က ဘုရားသခင်၏သန့်ရှင်းသူတို့သည် “တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်” သို့မဟုတ် ၃ ၁/၂ ကာလကြာသည်အထိ နှောင့်ယှက်ခံရကြမည်အကြောင်း ဖော်ပြထားသည်။ နောက်ပိုင်း ဒံယေလ ၁၂:၇ တွင် “သန့်ရှင်းသူတို့၏အစွမ်းသတ္တိကို အရပ်ရပ်သို့ဖြန့်လွှင့်ခြင်းအမှုပြီး” ခြင်းဖြင့် အထွတ်အထိပ်ရောက်မည့် “တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်” ကို ကြိုပြောထားသည်။

ထို့ကြောင့် ဒံယေလ ၇:၂၅၊ ဒံယေလ ၁၂:၇ နှင့် ဗျာဒိတ် ၁၁:၂၊ ၃ တို့အပြင် ဗျာဒိတ် ၁၃:၅ တို့တွင် တူညီသည့်အချိန်ကာလနှင့်သက်ဆိုင်သည့် ပရောဖက်ပြုချက်များ ကျွန်ုပ်တို့ရရှိထားသည်။ ယင်းတို့အားလုံးသည် ၁၉၁၄-၁၈ တွင် ပြည့်စုံကြောင်း ကျွန်ုပ်တို့၏စာပေများက ဖော်ပြခဲ့ပြီးဖြစ်သည်။ သို့သော် ယင်းပရောဖက်ပြုချက်များကို တစ်ခုချင်းအလိုက်သုံးသပ်ကြည့်ပါက အစနှင့်အဆုံးနေ့စွဲများသည် အနည်းငယ်ကွာခြားမှုရှိလေသည်။

မည်သို့ဆိုစေ ၁၉၉၃၊ နိုဝင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင် က ဤသို့မေးခွန်းထုတ်ထားသည်– “ဤအပြိုင်ပရောဖက်ပြုချက်များ မည်သို့ပြည့်စုံခဲ့သနည်း။” မှန်ပါသည်၊ ဒံယေလ ၇:၂၅၊ ဒံယေလ ၁၂:၇ နှင့် ဗျာဒိတ် ၁၁:၃ တို့တွင် ဖော်ပြထားသော ၃ ၁/၂ သည် “အပြိုင်ပရောဖက်ပြုချက်များ” ဟု ယူမှတ်ခံရသည်။ သို့နှင့် ယင်းတို့၏အစနှင့်အဆုံးတို့သည် ကိုက်ညီမည်။

အဆုံးနှင့်ပတ်သက်၍ ဘုရားသခင့်ဘိသိက်ခံများ နှောင့်ယှက်ခံရခြင်းသည် (ဒံယေလ ၇:၂၅) ဂျေ. အက်ဖ်. ရပ်သဖော့ဒ်နှင့် ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၏ အခြားဒါရိုက်တာများ “မတရားစွပ်စွဲခံရကြပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံခဲ့ကြရ” သော ၁၉၁၈ ခု၊ ဇွန်လတွင် မည်သို့အထွတ်အထိပ်ရောက်ခဲ့ကြောင်း ထိုမဂ္ဂဇင်းက ဖော်ပြသည်။ ထိုအဖြစ်အပျက်သည် ဒံယေလ ၁၂:၇ တွင် မှတ်တမ်းတင်ထားသည့် “သန့်ရှင်းသူတို့၏အစွမ်းသတ္တိကို အရပ်ရပ်သို့ဖြန့်လွှင့်ခြင်းပြီး” ဆုံးမှုအမှတ်ပင်ဖြစ်သည်။

၁၉၁၈၊ ဇွန်လမှစ၍ နောက်ပြန်ရေတွက်လျှင် ၃ ၁/၂ ကာလစတင်သည့် ၁၉၁၄၊ ဒီဇင်ဘာလသို့ ရောက်သွားမည်။ ထို ၁၉၁၄ ခုနှစ်၏နောက်ဆုံးလတွင် မြေကြီးပေါ်ရှိ ဘုရားသခင်၏ဘိသိက်ခံများသည် လာမည့်နှစ်အတွက် နှစ်ချုပ်ကျမ်းချက်ကို လေ့လာသိရှိခဲ့ကြသည်– “‘ငါ၏ခွက်ကို သင်တို့သောက်နိုင်ကြမည်လော။’—မဿဲ ၂၀:၂၀-၂၃။” ယင်းကိုကြေညာသည့်ဆောင်းပါးက ဤသို့သတိပေးခဲ့သည်– “၁၉၁၅ ခုနှစ်အတွင်း သိုးသငယ်၏ သစ္စာရှိနောက်တော်လိုက်များဖြစ်ခြင်းကြောင့် အထူးစုံစမ်းမှုအချို့ဖြစ်သည့် ဒုက္ခဆင်းရဲ သို့မဟုတ် အရှက်တကွဲအကျိုးနည်းခြင်းကို ကြုံရနိုင်ကြောင်း မည်သူသိနိုင်မည်နည်း!” ဤ ၃ ၁/၂ ကာလနှင့်ပတ်သက်၍ ဒံယေလ ၇:၂၅ ကြိုပြောထားသည့်အတိုင်း ‘ညှဉ်းဆဲနှောင့်ယှက်ခြင်းပေါ်ပေါက်လာပြီး အမြင့်ဆုံးသောဘုရား၏ သန့်ရှင်းသူများကို ဆက်၍ဆန့်ကျင်’ ကြသည်။ ပထမကမ္ဘာစစ်တွင် တိုင်းနိုင်ငံများသည် ဆူပူလှုပ်ရှားခြင်းအားဖြင့် မတရားသောနှောင့်ယှက်ညှဉ်းဆဲခြင်းကိုပြုရန် သူတို့အားပို၍လွယ်ကူစေသည်။ နောက်ဆုံးကောက်ချက်ချရမည်မှာ– အပြိုင်ပရောဖက်ပြုချက်သုံးခုလုံး—ဒံယေလ ၇:၂၅၊ ၁၂:၇ နှင့် ဗျာဒိတ် ၁၁:၃—တို့သည် ၃ ၁/၂ နှစ် သို့မဟုတ် ၄၂ လဖြစ်သည့် ၁၉၁၄၊ ဒီဇင်ဘာလမှ ၁၉၁၈၊ ဇွန်လတွင် ပြည့်စုံသည်။

ဗျာဒိတ် ၁၁:၃ ၏ပြည့်စုံချက်ကို နေ့စွဲသတ်မှတ်ရာတွင် အနည်းငယ်သောတိုးတက်ပြုပြင်မှုကို ယင်းကရှင်းပြသည်။ ထိုပြုပြင်ပြောင်းလဲမှုသည် နောင်လာမည့်အချိန်တွင် ဗျာဒိတ်ကျမ်းအထွတ်အထိပ် ကိုအသုံးပြုပြီး လေ့လာမှုပြုစဉ် ကျွန်ုပ်တို့နှလုံးပိုက်ထားရမည့်အချက်ဖြစ်သည်။

[အောက်ခြေမှတ်ချက်များ]

a နယူးယောက်မြို့ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှထုတ်ဝေသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ