ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • “ဂေါဂ၊ မင်းကို ငါတိုက်ခိုက်မယ်”
    ယေဟောဝါရဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်ပြီ
    • ၈ “မြောက်ဘုရင်။” (ဒံယေလ ၁၁:၄၀-၄၅ ကိုဖတ်ပါ။) ဒံယေလခေတ်ကနေ ကျွန်တော်တို့ခေတ်အထိ ပေါ်လာမယ့် ကမ္ဘာ့အာဏာစက်တွေအကြောင်း ဒံယေလ ဖော်ပြခဲ့တယ်။ “တောင်ဘုရင်” နဲ့ “မြောက်ဘုရင်” ဆိုတဲ့ ပြိုင်ဘက်ဘုရင်နှစ်ပါးအကြောင်း ပရောဖက်ပြုချက်မှာ ဖော်ပြထားတယ်။ တိုင်းနိုင်ငံများစွာက တန်ခိုးအာဏာအတွက် တိုက်ခိုက်နေကြတာမို့ ဘုရင်နှစ်ပါးကို ကိုယ်စားပြုသူတွေ ရာစုနှစ်တစ်လျှောက် ပြောင်းလဲနေတယ်။ “အဆုံးပိုင်းကာလ” အတွင်း မြောက်ဘုရင်က “လူများစွာကို အစတုံး ဖျက်ဆီးဖို့ ဒေါသတကြီး ထွက်လာလိမ့်မယ်” ဆိုပြီး ဒံယေလ ပြောခဲ့တယ်။ မြောက်ဘုရင်ရဲ့ အဓိကပစ်မှတ်ကတော့ ယေဟောဝါကို ဝတ်ပြုကိုးကွယ်သူတွေပါပဲ။c ဒါပေမဲ့ ဘုရားလူမျိုးအပေါ် တိုက်ခိုက်မှု မအောင်မြင်ဘဲ မာဂေါဂပြည်သား ဂေါဂမင်းလိုပဲ မြောက်ဘုရင်ရဲ့ “ဇာတ်သိမ်းခန်း” ရောက်လာမယ်။

  • “ဂေါဂ၊ မင်းကို ငါတိုက်ခိုက်မယ်”
    ယေဟောဝါရဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်ပြီ
    • c “ပင်လယ်ကြီး [မြေထဲပင်လယ်] နဲ့ သန့်ရှင်းတဲ့တောင်ကြား [ဘုရားသခင့် ဗိမာန်တော် ရှိခဲ့ဖူးတဲ့၊ ဘုရားလူမျိုး ဝတ်ပြုကိုးကွယ်ခဲ့တဲ့ နေရာ] မှာ နန်းဆောင်တွေ ဆောက်လိမ့်မယ်” လို့ ဒံယေလ ၁၁:၄၅ မှာ ဖော်ပြထားတဲ့အတွက် ဘုရားလူမျိုးကို မြောက်ဘုရင် ပစ်မှတ်ထားမယ်ဆိုတာ သိရတယ်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ