-
ဘုရားသခင်ထံမှ သင့်အားထိခိုက်သည့် သတိပေးချက်များကင်းမျှော်စင်—၁၉၉၀ | နိုဝင်ဘာ ၁
-
-
မိမိတို့၏ဆုတောင်းသံကို ဘုရားသခင်နားညောင်းတော်မူမည်အကြောင်း ကိုယ်တော်.အစေခံများ ယုံကြည်စိတ်ချနိုင်သည်။ ငါးကြီးဝမ်းထဲ၌ ယောနသည် ယေဟောဝါထံ ကူညီမစမှုအသနားခံ၍ ရေဘေးမှ ကယ်တင်ခြင်းအတွက် ဘုရားသခင်အား ကျေးဇူးတော်ချီးမွမ်းပြီး သစ္စာပြုသည်အတိုင်း သစ္စာဝတ်ဖြေပါမည်အကြောင်း ကတိပြုလေသည်။ အချိန်တန်သောအခါ သူသည် ကုန်းပေါ်သို့ အန်ထုတ်ခြင်းခံရသည်။—၂:၁-၁၀။
-
-
ဘုရားသခင်ထံမှ သင့်အားထိခိုက်သည့် သတိပေးချက်များကင်းမျှော်စင်—၁၉၉၀ | နိုဝင်ဘာ ၁
-
-
○ ၂:၁၊ ၂—ယောနသည် “ငါး၏ဝမ်းထဲမှာနေစဉ်တွင်” ကဗျာစပ်ဆိုရန် အသင့်တော်ဆုံးအခြေအနေမျိုးမရှိခဲ့သည်မှာ သေချာပါသည်။ သို့သော် နောင်တွင် သူတွေ့ကြုံခဲ့သမျှကို သူမှတ်တမ်းတင်ခဲ့သည်။ သူ့နှလုံးသား၏အနက်ဆုံးနေရာမှ သူ၏ခံစားချက်ကို ထင်ဟပ်စေသည့် ဆာလံကျမ်းမှစကားများ ပဲ့တင်ထပ်ခဲ့လေသည်။—၂:၂ ကို ဆာလံ ၁၂၀:၁ နှင့် ၁၃၀:၁ တို့နှင့်လည်းကောင်း၊ ၂:၅ ကို ဆာလံ ၆၉:၁ နှင့်လည်းကောင်း နှိုင်းယှဉ်ကြည့်ပါ။
-