ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကျွန်ုပ်တို့၏ကယ်တင်ခြင်းဖြစ်သော ဘုရားသခင်၌ ရွှင်လန်းခြင်း
    ကင်းမျှော်စင်—၂၀၀၀ | ဖေဖော်ဝါရီ ၁
    • ၁၈။ အခက်အခဲများကြုံရမည်ကို ဟဗက္ကုတ်မျှော်လင့်ခဲ့သော်လည်း သူ၏သဘောထားကား အဘယ်နည်း။

      ၁၈ စစ်မှုသည် နောက်ဆုံးအနိုင်ရသူများအတွက်ပင် အစဉ်အခက်အခဲဖြစ်စေသည်။ စားနပ်ရိက္ခာလျော့ပါးမည်။ ပစ္စည်းဥစ္စာဆုံးရှုံးမည်။ နေထိုင်မှုအဆင့်အတန်း ကျသွားပေမည်။ ထိုသို့ဖြစ်ခဲ့လျှင် ကျွန်ုပ်တို့မည်သို့တုံ့ ပြန်ကြမည်နည်း။ ဟဗက္ကုတ်က ဤသို့ပြောခဲ့ရာ သူ့မှာအတုယူစရာသဘောထားရှိသည်– “သင်္ဘောသဖန်းပင်မပွင့်ရ၊ စပျစ်ပင်မသီးရ၊ သံလွင်ပင်၏ကျေးဇူးတော်ကိုမျှော်လင့်၍မခံရ၊ လယ်တို့သည်အသီးအနှံကိုမပေးရ၊ သိုးခြံ၌သိုးကုန်၍ တင်းကုပ်၌နွားမရှိရ။ သို့သော်လည်း၊ ထာဝရဘုရား၌ငါဝမ်းမြောက်၍၊ ငါ့ကိုကယ်တင်တော်မူသောဘုရားသခင်ကိုအမှီပြုလျက် ရွှင်လန်းမည်။” (ဟဗက္ကုတ် ၃:၁၇၊ ၁၈) ဟဗက္ကုတ်သည် ငတ်မွတ်ခြင်းဖြစ်ကောင်းဖြစ်မည့် အခက်အခဲများကို ကြုံရကောင်းကြုံရမည်ကို လက်တွေ့ကျကျမျှော်လင့်ခဲ့သည်။ သို့သော် သူ့ကိုကယ်တင်သော ယေဟောဝါ၌ရွှင်လန်းခြင်းကို တစ်ခါမျှမပျောက်ဆုံးစေခဲ့ပါ။

  • ကျွန်ုပ်တို့၏ကယ်တင်ခြင်းဖြစ်သော ဘုရားသခင်၌ ရွှင်လန်းခြင်း
    ကင်းမျှော်စင်—၂၀၀၀ | ဖေဖော်ဝါရီ ၁
    • ၂၀။ ယာယီအခက်အခဲများကြားမှ အဘယ်အရာပြုရန် ကျွန်ုပ်တို့စိတ်ပိုင်းဖြတ်သင့်သနည်း။

      ၂၀ မည်သည့်အခက်အခဲမျိုးကိုမဆို ယာယီကြုံတွေ့ရဦးတော့ ယေဟောဝါ၏ကယ်တင်နိုင်စွမ်းကို ယုံကြည်စိတ်ချလျက်နေပေမည်။ အာဖရိက၊ အရှေ့ဥရောပနှင့် အခြားဒေသများတွင်ရှိသော ကျွန်ုပ်တို့၏ညီအစ်ကို၊ ညီအစ်မများသည် အခက်အခဲများစွာကို အတိုင်းထက်အလွန်ရင်ဆိုင်နေကြရသော်ငြား ဆက်၍ ‘ယေဟောဝါကို အမှီပြု၍ရွှင်လန်း’ လျက်ရှိကြသည်။ ကျွန်ုပ်တို့လည်း သူတို့နည်းတူ အမြဲပြုကြစို့လေ။ အကြွင်းမဲ့ပိုင်သအုပ်စိုးရှင် ယေဟောဝါသည် ကျွန်ုပ်တို့ “အစွမ်းသတ္တိ” ၏ရင်းမြစ်ဖြစ်ကြောင်းသတိရကြပါ။ (ဟဗက္ကုတ် ၃:၁၉) ကိုယ်တော်သည် ကျွန်ုပ်တို့ကိုဘယ်သောအခါမျှ စိတ်ပျက်စေမည်မဟုတ်ပါ။ အာမဂေဒုန်သည် ရောက်လာဖို့သေချာနေပြီး ဘုရားသခင်ကတိထားရာကမ္ဘာသစ်သည် မုချလိုက်ပါလာမည်။ (၂ ပေတရု ၃:၁၃) ထိုအခါ “ပင်လယ်ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့၊ မြေကြီးသည် ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ၏ဘုန်းတော်ကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။” (ဟဗက္ကုတ် ၂:၁၄) ထိုအားရဝမ်းသာစရာအချိန်မရောက်မချင်း ဟဗက္ကုတ်၏ပုံသက်သေကောင်းကို လိုက်လျှောက်ကြပါစို့။ ‘ကျွန်ုပ်တို့ကို ကယ်တင်တော်မူသော ဘုရားသခင်ကို အမှီပြုလျက်အစဉ်သဖြင့်ရွှင်လန်း’ ကြစို့လေ။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ