ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • သက်သေခံနှစ်ပါးအား ပြန်ရှင်စေခြင်း
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
    • ၁၀။ ယေဟောဝါ၏ သစ္စာရှိသက်သေများသည် အနင်းခံနေရစဉ် အဘယ်အမှုကို ပြုရသနည်း။

      ၁၀ ထိုသစ္စာစောင့်တို့သည် အနင်းခံနေရစဉ်မှာပင် ယေဟောဝါ၏ သစ္စာရှိသက်သေများအဖြစ်မှ မရပ်စဲကြချေ။ ထို့ကြောင့်၊ ပရောဖက်ပြုချက်က ဤသို့ဆက်၍ ရေးသားတင်ပြသည်– “‘ငါသည် ငါ၏သက်သေခံနှစ်ပါးအား လျှော်တေအဝတ်ကို ဝတ်စေလျက် ရက်ပေါင်း တစ်ထောင့်နှစ်ရာ ခြောက်ဆယ်တိုင်တိုင် ပရောဖက်ပြုစေမည်။’ ဤသူတို့ကို သံလွင်ပင်နှစ်ပင်နှင့် မီးခုံနှစ်ခုံဖြင့် ပုံခိုင်း၍ သူတို့သည် မြေကြီး၏သခင် ရှေ့တော်၌ ရပ်နေကြ၏။”​—ဗျာဒိတ် ၁၁:၃၊ ၄။

  • သက်သေခံနှစ်ပါးအား ပြန်ရှင်စေခြင်း
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
    • ၁၃။ (က) ဘိသိက်ခံခရစ်ယာန်များကို သက်သေခံနှစ်ပါးဖြင့် ပုံခိုင်းခြင်းက ဘာကိုပြသနည်း။ (ခ) ထိုသက်သေခံနှစ်ပါးကို “သံလွင်ပင်နှစ်ပင်နှင့် မီးခုံနှစ်ခုံ” ဟု ယောဟန်ခေါ်တွင်ခြင်းက ဇာခရိ၏ အဘယ်ပရောဖက်ပြုချက်ကို သတိရစေသနည်း။

      ၁၃ သူတို့ကို သက်သေခံနှစ်ပါးဖြင့် ပုံခိုင်းခြင်းက သူတို့၏သတင်းသည် တိကျမှန်ကန်၍ ခြေမြစ်ခိုင်လုံကြောင်း ထောက်ခံသည်။ (တရားဟောရာ ၁၇:၆; ယောဟန် ၈:၁၇၊ ၁၈ နှိုင်းယှဉ်။) ယောဟန်က သူတို့ကို “သံလွင်ပင်နှစ်ပင်နှင့် မီးခုံနှစ်ခုံ” ဟုခေါ်၍ “သူတို့သည် မြေကြီး၏သခင် ရှေ့တော်၌ ရပ်နေကြသည်” ဟုဆို၏။ ဤအချက်က ခုနစ်ခက်ဖြာသောမီးခုံနှင့် သံလွင်ပင်နှစ်ပင်ကို မြင်ခဲ့ရသော ဇာခရိ၏ပရောဖက်ပြုချက်ကို သိသိသာသာ ရည်ညွှန်း၏။ သံလွင်ပင်များမှာ “မြေကြီးတစ်ပြင်လုံးကို အစိုးပိုင်တော်မူသော အရှင်၏ရှေ့တော်၌ ရပ်နေသော ဘိသိက်ခံသူနှစ်ပါး၊” မြို့တော်ဝန် ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယောရှုတို့ ဖြစ်ကြသည်ဟုဆို၏။​—ဇာခရိ ၄:၁-၃၊ ၁၄။

      ၁၄။ (က) သံလွင်ပင်နှစ်ပင်နှင့် မီးခုံနှစ်ခုံဆိုင်ရာ ဇာခရိ၏ရူပါရုံက ဘာကိုပြသနည်း။ (ခ) ဘိသိက်ခံရစ်ယာန်များ ပထမကမ္ဘာစစ်အတွင်း ဘာတွေ့ကြုံရမည် ဖြစ်သနည်း။

      ၁၄ ဇာခရိသည် ပြန်လည်ဆောက်လုပ်ရေး ကာလပိုင်းတွင် အသက်ရှင်ပြီး သူမြင်ရသော သံလွင်ပင်နှစ်ပင်ဆိုင်ရာ ရူပါရုံက လူတို့အား အလုပ်လုပ်ရန်အားပေးရာ၌ ဇေရုဗဗေလနှင့် ယောရှုတို့သည် ယေဟောဝါ၏ ဝိညာဉ်တော်ကောင်းချီး ရကြမည်ကို ဆိုလိုသည်။ မီးခုံဆိုင်ရာရူပါရုံက ‘အမှုငယ်ပြုသော နေ့ရက်ကို မထီမဲ့မြင်’ မပြုရန် ဇာခရိအား သတိရစေ၏။ အကြောင်းမှာ၊ ယေဟောဝါ၏ ရည်ရွယ်ချက်သည် “ဗိုလ်ခြေအားဖြင့်မဟုတ်၊ အာဏာတန်ခိုးအားဖြင့်မဟုတ်၊ ငါ့ဝိညာဉ်အားဖြင့်” ဖြစ်မြောက်မည်ဟု “ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။” (ဇာခရိ ၄:၆၊ ၁၀; ၈:၉) ပထမ ကမ္ဘာစစ်အတွင်း လူသားတို့ထံ သမ္မာတရားအလင်း သယ်ဆောင်သော ခရစ်ယာန်အုပ်စုကလေးကိုပင် ပြန်လည်ဆောက်လုပ်ရေး လုပ်ငန်း၌လည်း အသုံးပြုတော်မူမည်ဖြစ်၏။ သူတို့လည်း လူတို့အားရစရာဖြစ်၍ လူနည်းသော်လည်း မပြောပလောက်သော အစပြုရာနေ့ရက်ကို မထီမဲ့မြင်မပြုဘဲ ယေဟောဝါ၏ ခွန်အားတော်ကို အားကိုးတတ်ရန် သင်အံကြမည်ဖြစ်သည်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ