-
ဇာခရိရဲ့ စိတ်အာရုံများ သင့်အပေါ် အကျိုးသက်ရောက်ပုံကင်းမျှော်စင် (လေ့လာရန် စာစောင်)—၂၀၁၇ | အောက်တိုဘာ
-
-
၁၆။ (က) ဧဖာတောင်း ဘာဖြစ်သွားတယ်လို့ ဇာခရိ မြင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံ ၃ ကိုကြည့်ပါ။) (ခ) အတောင်တွေရှိတဲ့ မိန်းမတွေက ဧဖာတောင်းကို ဘယ်နေရာထိ သယ်သွားသလဲ။
၁၆ ငှက်ကျားလို အတောင်တွေရှိတဲ့ မိန်းမနှစ်ယောက်ကို ဇာခရိ ထပ်မြင်ပြန်တယ်။ (ဇာခရိ ၅:၉-၁၁ ကိုဖတ်ပါ။) အဲဒီမိန်းမတွေနဲ့ တောင်းထဲက မိန်းမ ဘာကွာခြားသလဲ။ အဲဒီမိန်းမနှစ်ယောက် ထိုးဆင်းလာပြီး “ဆိုးညစ်မှု” ထိုင်နေတဲ့ တောင်းကို ချီမသွားကြတယ်။ ဘယ်ကို သယ်သွားသလဲ။ ဆိုးညစ်မှုကို “ရှိနာပြည်” ခေါ် ဗာဗုလုန်မှာ ပစ်ချလိုက်တယ်။ တောင်းကို ဘာကြောင့် ဗာဗုလုန်ထိ သယ်သွားကြသလဲ။
၁၇၊ ၁၈။ (က) ရှိနာပြည်ဟာ ဘာကြောင့် “ဆိုးညစ်မှု” “နေသင့်တဲ့အရပ်” ဖြစ်သလဲ။ (ခ) ဆိုးညစ်မှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဆုံးဖြတ်ချက်က ဘာလဲ။
၁၇ ရှိနာပြည်ဟာ ဆိုးညစ်မှုအတွက် သင့်တော်တဲ့နေရာဖြစ်ကြောင်း ဇာခရိခေတ်က အစ္စရေးတွေ သိကြပါမယ်။ ဗာဗုလုန်ဟာ ညစ်ညမ်းတဲ့နေရာဖြစ်မှန်း ဇာခရိနဲ့ ဂျူးအပေါင်းအဖော်တွေ အသေအချာ သိကြတယ်။ စက်ဆုပ်ဖွယ် ရုပ်တုကိုးကွယ်မှု ပြည့်နေတဲ့ မြို့မှာ ကြီးပြင်းလာလို့ တိတ္ထိအယူအဆ လွှမ်းမိုးမှုကို နေ့တိုင်း တိုက်လှန်ခဲ့ကြရတယ်။ စင်ကြယ်တဲ့ ဝတ်ပြုရေးကို ယေဟောဝါ သန့်ရှင်းနေစေမှာဖြစ်ကြောင်း ဒီစိတ်အာရုံက အာမခံလို့ စိတ်သက်သာစရာပါပဲ။
၁၈ ဒါပေမဲ့ ဝတ်ပြုရေးကို သန့်ရှင်းစင်ကြယ်အောင် ထိန်းသိမ်းဖို့ ဂျူးတွေမှာ တာဝန်ရှိကြောင်း ဒီစိတ်အာရုံက သတိပေးတယ်။ ယေဟောဝါရဲ့ လူမျိုးအလယ်မှာ ဆိုးညစ်မှု ဝင်လာပြီး တည်ရှိနေခွင့် မပေးနိုင်ဘူး။ ယေဟောဝါက ကျွန်တော်တို့ကို သန့်ရှင်းတဲ့ အဖွဲ့အစည်းထဲ ခေါ်ဆောင်လာလို့ မေတ္တာနဲ့ ကာကွယ်မှု ခံစားကြရတယ်။ အဖွဲ့အစည်း သန့်ရှင်းမှုကို ထိန်းသိမ်းဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ ယေဟောဝါရဲ့ လူတွေအလယ်မှာ ဆိုးညစ်မှု မရှိရဘူး။
-