ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၁၂/၁ စာ. ၇-၁၂
  • ယေဟောဝါ၏ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါ၏ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အရေးအကြီးဆုံးသောကြွယ်ဝမှု
  • ယနေ့ဝိညာဏကြွယ်ဝမှု
  • ဆယ်ဖို့တစ်ဖို့နှင့်ပူဇော်သက္ကာများ
  • “ကိုယ်အကျင့်တို့ကိုဆင်ခြင်ကြလော့”
  • ယေဟောဝါအားလုယက်ခြင်း
  • “စစ်မှန်သောသခင်” ၏တရားစီရင်ခံရခြင်း
  • “ဆယ်ဖို့တစ်ဖို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့သွင်းကြလော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • မာလခိကျမ်းမှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ယေဟောဝါ၏နေ့ကို မည်သူကပ်ကျော်မည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • သစ္စာမဲ့လမ်းစဉ်ကို ယေဟောဝါမုန်းတော်မူ၏
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၁၂/၁ စာ. ၇-၁၂

ယေဟောဝါ၏ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေ

“ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေတတ်၏။ ထိုစည်းစိမ်နှင့်လည်း ဝမ်းနည်းခြင်းအကြောင်းကို ရောနှောတော်မမူ။—သု၊ ၁၀:၂၂။

၁-၃။ လူအများတို့သည် ရုပ်ပစ္စည်းများအတွက် စိုးရိမ်ကြောင့်ကြ,ကြသော်လည်း ရုပ်ပစ္စည်းချမ်းသာကြွယ်ဝမှုနှင့်ပတ်သက်သည့် မည်သည့်အဖြစ်မှန်ကို အားလုံးအသိအမှတ်ပြုကြရမည်နည်း။

အချို့လူများသည် ငွေအကြောင်း သို့မဟုတ် သူတို့ငွေကြေးချို့တဲ့ကြောင်းများကို ပြောမဆုံးဖြစ်နေကြသည်။ ဝမ်းနည်းဖွယ်ရာကား မကြာမီနှစ်များအတွင်းက သူတို့အတွက် အကြီးအကျယ်ညှိနှိုင်းဆွေးနွေးစရာပေါ်ပေါက်ခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် ချမ်းသာကြွယ်ဝသည့်အနောက်နိုင်ငံများ၌ပင် အလုပ်ရပ်ဆိုင်းမှုများနှင့်ရင်ဆိုင်ကြရပြီး အုပ်ချုပ်ရေးပိုင်းနှင့် လက်အောက်ငယ်သားပိုင်းအလုပ်သမားများသည် အလုပ်လက်မဲ့ဖြစ်ခဲ့ကြရသည်။ တည်ငြိမ်သည့်အခွင့်အခါကောင်းကို သူတို့ တစ်ဖန်ပြန်ကြုံရကြပါဦးမည်လောဟု လူများစွာတို့သိလိုခဲ့ကြသည်။

၂ ကျွန်ုပ်တို့၏ ရုပ်ပိုင်းဆိုင်ရာကောင်းစားမှုကို အာရုံစိုက်ခြင်းသည် မှားသလော။ မမှားပါ။ ယင်းသည် တစ်စုံတစ်ခုသောအတိုင်းအတာအထိတွင် ဓမ္မတာသာဖြစ်သည်။ တစ်ချိန်တည်းတွင် ချမ်းသာကြွယ်ဝခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့အသိအမှတ်ပြုရမည့် အခြေခံအမှန်တရားတစ်ခုလည်းရှိသည်။ ခြုံငုံပြောရလျှင် ရုပ်ပစ္စည်းအားလုံးသည် ဖန်ဆင်းရှင်ထံတော်မှလာခြင်းဖြစ်သည်။ ကိုယ်တော်သည် “မြေကြီးနှင့် မြေကြီးထဲကဖြစ်သမျှတို့ကို ခင်းကျင်းတော်မူထသော၊ မြေကြီးပေါ်မှာရှိသောသူတို့အား အသက်ကိုလည်းကောင်း၊ မြေကြီးကိုကျော်နင်းသောသူတို့အား ဝိညာဉ်ကိုလည်းကောင်း ပေးတော်မူသောဘုရားသခင်ထာဝရဘုရား [မှန်သောဘုရား၊ ယေဟောဝါ၊ ကဘ]” ဖြစ်တော်မူသည်။—ဟေရှာယ ၄၂:၅။

၃ မည်သူချမ်းသာရမည်၊ မည်သူဆင်းရဲရမည်ဟု ယေဟောဝါကြိုတင်စီမံထားတော်မမူသော်လည်း ကျွန်ုပ်တို့အားလုံးသည် “မြေကြီးနှင့် မြေကြီးထဲကဖြစ်သမျှ” ကို အသုံးပြုသည့်နည်းလမ်းနှင့်ပတ်သက်၍ အကြောင်းပြရန်တာဝန်ရှိကြသည်။ ကျွန်ုပ်တို့၏စည်းစိမ်ကို သူတစ်ပါးအပေါ်စိုးမိုးရန်အတွက် ကျွန်ုပ်တို့အသုံးပြုမည်ဆိုလျှင် ကျွန်ုပ်တို့ကို ယေဟောဝါစာရင်းရှင်းတော်မူမည်။ ယေဟောဝါအတွက်ကျွန်ခံမည့်အစား စည်းစိမ်ဥစ္စာအတွက်ကျွန်ခံသူမည်သူမဆိုသည် “မိမိစည်းစိမ်ကိုကိုးစားသောသူသည် ရှုံးလိမ့်မည်” ကို သိရှိခံစားရပေမည်။ (သု၊ ၁၁:၂၈။ မဿဲ ၆:၂၄။ ၁ တိမောသေ ၆:၉) ယေဟောဝါအားလက်အောက်ခံသည့်နှလုံးနှင့် တွဲဖက်ပါဝင်မှုမရှိသော ရုပ်ပစ္စည်းကြွယ်ဝချမ်းသာခြင်းသည် အဆုံးတွင် တန်ဖိုးမဲ့ဖြစ်ပေမည်။—ဒေသနာ ၂:၃-၁၁၊ ၁၈၊ ၁၉။ လုကာ ၁၆:၉။

အရေးအကြီးဆုံးသောကြွယ်ဝမှု

၄။ ဝိညာဏကောင်းစားမှုသည် အဘယ်ကြောင့် ရုပ်ပစ္စည်းကြွယ်ဝမှုထက်သာ၍ကောင်းသနည်း။

၄ ရုပ်ပိုင်းဆိုင်ရာကြွယ်ဝမှုအပြင် ဝိညာဏကြွယ်ဝမှုအကြောင်းကိုလည်း သမ္မာကျမ်းစာပြောထားသည်။ ယင်းသည် သာလွန်ကောင်းမြတ်သည်မှာ ထင်ရှားသည်။ (မဿဲ ၆:၁၉-၂၁) ဝိညာဏချမ်းသာကြွယ်ဝမှုတွင် ထာဝစဉ်တည်တံ့နိုင်သော ကျေနပ်ဖွယ်ကောင်းသည့် ယေဟောဝါနှင့်ဆက်ဆံရေးလိုက်ပါလာသည်။ (ဒေသနာ ၇:၁၂) ထို့အပြင် ဝိညာဏကြွယ်ဝမှုရှိသောဘုရားသခင့်ကျေးကျွန်များသည် တော်သင့်သောရုပ်ပိုင်းဆိုင်ရာကောင်းချီးများကို မဆုံးရှုံးကြပါ။ ကမ္ဘာသစ်တွင် ဝိညာဏစည်းစိမ်ချမ်းသာသည် ရုပ်ပိုင်းဆိုင်ရာကောင်းစားမှုနှင့်ဆက်စပ်နေမည်ဖြစ်သည်။ သစ္စာရှိသူများသည် ယနေ့ဖြစ်လေ့ရှိသောခါးသီးသည့်ပြိုင်ဆိုင်မှု သို့မဟုတ် ကျန်းမာရေးနှင့်ပျော်ရွှင်မှုများကိုစတေးရခြင်းတို့အားဖြင့်မဟုတ်သည့် အကျိုးစီးပွားများနှင့် ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုကို ခံစားကြရမည်။ (ဆာလံ ၇၂:၁၆။ သု၊ ၁၀:၂၈။ ဟေရှာယ ၂၅:၆-၈) အရာရာတွင် “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေ . . . ၏။ ထိုစည်းစိမ်နှင့်လည်း ဝမ်းနည်းခြင်းအကြောင်းကို ရောနှောတော်မမူ” ကြောင်း သူတို့တွေ့မြင်ကြရမည်။—သု၊ ၁၀:၂၂။

၅။ ရုပ်ပစ္စည်းများနှင့်ပတ်သက်၍ မည်သည့်ကတိကို ယေရှုပေးခဲ့သနည်း။

၅ ယနေ့၌ပင် ဝိညာဏရေးရာများကို တန်ဖိုးထားသူများသည် ထိုက်သင့်သည့်ငြိမ်သက်မှုကို ခံစားကြရပြီး ရုပ်ပစ္စည်းများလည်း ဖူလုံကြသည်။ သူတို့သည် အကြွေးများကိုဆပ်နေကြရပြီး မိသားစုကိုကျွေးမွေးစောင့်ရှောက်နေကြရသည်တော့မှန်ပါသည်။ အချို့တို့သည် အလုပ်ပိတ်သည့်ကာလတွင် အလုပ်လက်မဲ့ပင်ဖြစ်နေနိုင်သည်။ သို့သော် သူတို့သည် ထိုစိုးရိမ်ပူပန်မှုများ၏မွှေနှောက်ခြင်းကို မခံရကြပေ။ ယင်းသို့ဖြစ်မည့်အစား သူတို့သည် “အဘယ်သို့စားသောက်ရအံ့နည်း၊ အဘယ်သို့ဝတ်ရအံ့နည်းဟူ၍ မစိုးရိမ်ကြနှင့်။ . . . ထိုအရာများကို သင်တို့သည်အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည် သိတော်မူ၏။ ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလတ္တံ့” ဟူသောယေရှု၏ကတိတော်ကို ယုံကြည်ကြသည်။—မဿဲ ၆:၃၁-၃၃။

ယနေ့ဝိညာဏကြွယ်ဝမှု

၆၊ ၇။ (က) ဘုရားသခင်၏လူများတွင်ရှိ ဝိညာဏကောင်းစားမှု၏အသွင်အပြင်အချို့ကို ဖော်ပြပါ။ (ခ) ယနေ့ မည်သည့်ပရောဖက်ပြုချက်ပြည့်စုံနေပြီး ယင်းက မည်သည့်မေးခွန်းကိုပေါ်ပေါက်စေသနည်း။

၆ ထို့ကြောင့် ယေဟောဝါ၏လူများသည် ဘုရားနိုင်ငံတော်ကို မိမိတို့၏အသက်တာတွင် ရှေ့ဦးထားရန်ရွေးချယ်ကြရာ သူတို့မည်မျှကောင်းချီးခံစားကြရပါသည်တကား။ သူတို့၏တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် အောင်မြင်မှုများကို ကြွယ်ဝစွာခံစားကြရသည်။ (ဟေရှာယ ၆၀:၂၂) ယေဟောဝါ၏သွန်သင်ခြင်းကို သူတို့ခံရကြပြီး “သစ္စာနှင့်သတိပညာရှိသောကျွန်” မှတစ်ဆင့် စီမံပေးတော်မူသည့် မကုန်ဆုံးနိုင်သောဝိညာဏကောင်းမွန်ရာများကို ခံစားနေကြသည်။ (မဿဲ ၂၄:၄၅-၄၇၊ သမ။ ဟေရှာယ ၅၄:၁၃) ထို့ပြင် ယေဟောဝါ၏ဝိညာဉ်တော်သည် သူတို့အပေါ်၌တည်ကာ သူတို့အား နှစ်သက်ဖွယ်ကောင်းသည့် အပြည်ပြည်ဆိုင်ရာညီအစ်ကိုများအသင်းအဖွဲ့ဖြစ်ရန် ပုံသွင်းပေးသည်။—ဆာလံ ၁၃၃:၁။ မာကု ၁၀:၂၉၊ ၃၀။

၇ ယင်းကား ငွေကြေးဖြင့်ဝယ်ယူ၍မရနိုင်သော ဝိညာဏကောင်းစားမှုအမှန်ဖြစ်သည်။ ယင်းသည် စွဲမှတ်စေသည့် ယေဟောဝါ၏ကတိတော်ပြည့်စုံချက်ဖြစ်သည်။ “ငါ့အိမ်တော်၌ စားစရာရှိစေခြင်းငှာ ဆယ်ဖို့တစ်ဖို့အလှူရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့သွင်းကြလော့။ ငါသည် မိုးကောင်းကင်ပြတင်းပေါက်များကိုဖွင့်၍ လိုလျက်မနေရအောင် ကောင်းချီးမင်္ဂလာသွန်းလောင်းမည်၊ မသွန်းလောင်းမည်ကို ထိုသို့စုံစမ်းကြလော့ဟု ဗိုလ်ခြေတို့အရှင်ထာဝရဘုရား [ယေဟောဝါ၊ ကဘ] မိန့်တော်မူ၏။” (မာလခိ ၃:၁၀၊ သမ္မ) ဤကတိတော်များပြည့်စုံကြောင်း ယနေ့ကျွန်ုပ်တို့တွေ့နေကြရသည်။ စည်းစိမ်ချမ်းသာ၏ ပင်ရင်းအမြစ်ဖြစ်တော်မူသောယေဟောဝါသည် မိမိ၏ကျေးကျွန်များအား ဆယ်ပုံတစ်ပုံ သို့မဟုတ် ဆယ်ဖို့တစ်ဖို့ကိုအဘယ်ကြောင့်ထည့်ခိုင်းတော်မူသနည်း။ ထိုမေးခွန်း၏အဖြေကိုရရန် ဘီ၊ စီ၊ အီး ငါးရာစုက ဤစကားများကို မာလခိအား အဘယ်ကြောင့်မိန့်တော်မူခဲ့ကြောင်းကို ဆင်ခြင်ကြည့်ပါ။

ဆယ်ဖို့တစ်ဖို့နှင့်ပူဇော်သက္ကာများ

၈။ ပညတ်ပဋိညာဉ်အရ ဣသရေလလူမျိုး၏ရုပ်ပိုင်းဆိုင်ရာကောင်းစားမှုသည် မည်သည့်အပေါ်မူတည်သနည်း။

၈ မာလခိအချိန်တွင် ဘုရားသခင်၏လူများသည် မကောင်းစားခဲ့ကြပါ။ အဘယ်ကြောင့်နည်း။ တစ်စိတ်တစ်ဒေသအနေဖြင့် ဆယ်ဖို့တစ်ဖို့နှင့်ပူဇော်သက္ကာတို့နှင့် သက်ဆိုင်သည်။ ယင်းမတိုင်မီက ဣသရေလလူမျိုးသည် မောရှေပညတ်ပဋိညာဉ်အောက်တွင် ရှိခဲ့ကြသည်။ ထိုပဋိညာဉ်ကိုယေဟောဝါဖွဲ့ခဲ့စဉ်က ဣသရေလလူများသည် မိမိတို့၏အပိုင်းကဏ္ဍကိုလုပ်ဆောင်ကြလျှင် ကာယရေးနှင့်ဝိညာဏရေးအရ သူတို့အားကောင်းချီးပေးတော်မူမည်ဖြစ်ကြောင်းကိုယ်တော်ကတိပြုတော်မူခဲ့သည်။ တစ်နည်းအားဖြင့် ဣသရေလလူမျိုးများ၏ကောင်းစားရေးသည် သူတို့၏သစ္စာရှိခြင်းအပေါ်မူတည်နေသည်။—တရားဟောရာ ၂၈:၁-၁၉။

၉။ ရှေးဣသရေလအချိန်က ဆယ်ဖို့တစ်ဖို့နှင့်ပူဇော်သက္ကာများပေးရန် ဣသရေလများအား ယေဟောဝါအဘယ်ကြောင့်တောင်းဆိုခဲ့သနည်း။

၉ ပညတ်အောက်ရှိဣသရေလလူမျိုးများ၏ တာဝန်တစ်စိတ်တစ်ဒေသမှာ ဗိမာန်တော်သို့ ပူဇော်သက္ကာများကိုယူဆောင်လာရန်နှင့် ဆယ်ဖို့တစ်ဖို့ပေးရန်ဖြစ်သည်။ ပူဇော်သက္ကာအချို့ကို ယေဟောဝါ၏ယဇ်ပလ္လင်ပေါ်တွင် လုံးဝမီးရှို့ပူဇော်ရကာ အခြားပူဇော်သက္ကာများမူ ယဇ်ပုရောဟိတ်များနှင့် ပူဇော်သက္ကာပေးသူတို့စပ်ကြား ခွဲဝေပြီး ယေဟောဝါအား ပူဇော်သည့်အထူးအစိတ်အပိုင်းများပါဝင်သည်။ (ဝတ်ပြုရာ ၁:၃-၉။ ၇:၁-၁၅) ဆယ်ဖို့တစ်ဖို့နှင့်ပတ်သက်၍ ဣသရေလလူမျိုးအားမောရှေပြောခဲ့သည်မှာ “စပါးဖြစ်စေ၊ သစ်သီးဖြစ်စေ၊ မြေကဖြစ်သမျှသောအသီးအနှံဆယ်စုတစ်စုသည် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏ဘဏ္ဍာတော်ဖြစ်၏။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] အဖို့သန့်ရှင်းရမည်။” (ဝတ်ပြုရာ ၂၇:၃၀) ဆယ်ဖို့တစ်ဖို့ကို တဲတော်၊ နောက်ပိုင်း ဗိမာန်တော်တွင် အလုပ်လုပ်သောလေဝိသားများကို ပေးသည်။ တစ်ဖန် ယဇ်ပုရောဟိတ်မဟုတ်ကြသောလေဝိသားများက အာရုန်အမျိုးယဇ်ပုရောဟိတ်များအား မိမိတို့ရရှိသည့်အထဲမှ ဆယ်ဖို့တစ်ဖို့ကို ပေးကြရသည်။ (တောလည်ရာ ၁၈:၂၁-၂၉) ဣသရေလလူမျိုးအား ဆယ်ဖို့တစ်ဖို့ပေးရန် အဘယ်ကြောင့်ယေဟောဝါတောင်းဆိုတော်မူသနည်း။ ပထမအနေနှင့် ယေဟောဝါ၏ကောင်းမြတ်တော်မူခြင်းကို သူတို့ကျေးဇူးတင်လေးမြတ်ကြောင်း လက်ဆုပ်လက်ကိုင်တင်ပြနိုင်ကြရန်အတွက်ဖြစ်သည်။ ဒုတိယအနေနှင့် လေဝိသားများသည် ပညတ်ဥပဒေများကိုသွန်သင်ပေးခြင်းအပါအဝင် သူတို့၏တာဝန်များကို အာရုံစူးစိုက်လုပ်ဆောင်နိုင်ကြရန် သူတို့အားပေးကမ်းနိုင်ရန်အတွက်ဖြစ်သည်။ (၂ ရာဇဝင်ချုပ် ၁၇:၇-၉) ဤနည်းအားဖြင့် စင်ကြယ်သောဝတ်ပြုရေးသည် ထောက်မခံရပြီး အားလုံးအကျိုးခံစားကြရသည်။

၁၀။ ဆယ်ဖို့တစ်ဖို့နှင့်ပူဇော်သက္ကာများပေးရန်ပျက်ကွက်သောအခါ ဣသရေလလူမျိုး၌ ဘာဖြစ်ခဲ့သနည်း။

၁၀ ဆယ်ဖို့တစ်ဖို့နှင့် ပူဇော်သက္ကာများကို နောက်ပိုင်းတွင်လေဝိသားများက အသုံးပြုကြသော်လည်း ယင်းတို့သည် ယေဟောဝါအားပေးဆက်ရာများအမှန်ဖြစ်သဖြင့် အရည်အသွေးကောင်းမွန်သော၊ ကိုယ်တော်နှင့်ထိုက်သင့်သောအရာများဖြစ်ရမည်။ (ဝတ်ပြုရာ ၂၂:၂၁-၂၅) ဣသရေလလူများသည် ဆယ်ဖို့တစ်ဖို့ပေးရန်ပျက်ကွက်သောအခါ သို့မဟုတ် ညံ့ဖျင်းသည့်ပူဇော်သက္ကာများကိုပေးကြသောအခါ မည်သို့ဖြစ်သနည်း။ ပညတ်တရားတွင် ယင်းတို့အတွက်ဒဏ်စီရင်ချက်မပါရှိပါ။ သို့သော် အကျိုးဆက်များတော့ရှိသည်။ ယေဟောဝါသည် မိမိ၏ကောင်းချီးများကို ရုတ်သိမ်းတော်မူသောအခါ လေဝိသားများသည် ရုပ်ပစ္စည်းအထောက်အပံ့ပြတ်တောက်ခါ မိမိတို့ကိုယ်ကိုထောက်ပံ့နိုင်ရန်အတွက် ဗိမာန်တော်တာဝန်ကိုထားခဲ့ကြရသည်။ ဤသို့ဖြင့် ဣသရေလလူများထိခိုက်နစ်နာကြရတော့သည်။

“ကိုယ်အကျင့်တို့ကိုဆင်ခြင်ကြလော့”

၁၁၊ ၁၂။ (က) ပညတ်တရားကိုလိုက်လျှောက်ရန် ဣသရေလလူမျိုးလျစ်လျူရှုသောအခါ မည်သည့်အကျိုးဆက်ဖြစ်ခဲ့သနည်း။ (ခ) ယေဟောဝါသည် ဣသရေလလူမျိုးအား ဗာဗုလုန်မှ ပြန်လည်ထုတ်ဆောင်ခဲ့စဉ်က သူတို့အား မည်သည့်တာဝန်ကိုပေးတော်မူခဲ့သနည်း။

၁၁ ဣသရေလလူမျိုး၏သမိုင်းတစ်လျှောက်တွင် အချို့တို့သည် ဆယ်ဖို့တစ်ဖို့ပေးခြင်းအပါအဝင် ပညတ်တော်များကိုစောင့်ရှောက်ရန်ကြိုးစားရာတွင် ကောင်းသောပုံသက်သေဖြစ်ကြသည်။ (၂ ရာဇဝင်ချုပ် ၃၁:၂-၁၆) အများအားဖြင့် သူတို့သည် လျစ်လျူရှုကြသည်။ ယေဟောဝါနှင့်ဖွဲ့ဆိုထားသောပဋိညာဉ်ကို ထပ်ခါထပ်ခါချိုးဖောက်ကြသည်မှာ နောက်ဆုံး ဘီ၊ စီ၊ အီး ၆၀၇ ခုနှစ်တွင် ကိုယ်တော်သူတို့အား သိမ်းပိုက်ခံရစေပြီး ဗာဗုလုန်သို့ ပြည်နှင်ခံခွင့်ပြုရသည်အထိပင်ဖြစ်သည်။—၂ ရာဇဝင်ချုပ် ၃၆:၁၅-၂၁။

၁၂ ယင်းကား ပြင်းထန်စွာဆုံးမခံရခြင်းဖြစ်သည်။ သို့သော် နှစ်ပေါင်း ၇၀ ကြာပြီးသောအခါ ယေဟောဝါသည် မိမိ၏လူများကို နေရင်းဒေသသို့ပြန်လည်ပို့ဆောင်ခဲ့သည်။ ထိုပြန်ရောက်ရှိခြင်းတွင် ဟေရှာယကျမ်းပါ ပရဒိသုဆိုင်ရာပရောဖက်ပြုချက်များစွာတို့သည် ပဏာမအနေနှင့်ပြည့်စုံခဲ့သည်။ (ဟေရှာယ ၃၅:၁၊ ၂၊ ၅၂:၁-၉၊ ၆၅:၁၇-၁၉) သို့ရာတွင် မိမိ၏လူများကို ယေဟောဝါပြန်ခေါ်ဆောင်ခဲ့ရခြင်း၏အဓိကအကြောင်းမှာ မြေကြီးပရဒိသုတစ်ခုကို တည်ထောင်ရန်မဟုတ်ဘဲ ဗိမာန်တော်ပြန်လည်တည်ဆောက်ရန်နှင့် စစ်မှန်သောဝတ်ပြုရေးပြန်လည်တည်ရှိစေရန်ဖြစ်သည်။ (ဧဇရ ၁:၂၊ ၃) ဣသရေလတို့သည် ယေဟောဝါအားနာခံပါက ရုပ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးများလိုက်ပါလာပြီး ယေဟောဝါ၏ကောင်းချီးသည် သူတို့အား ရုပ်ပိုင်းနှင့်ဝိညာဏပိုင်းနှစ်ခုလုံးတို့တွင် ကြွယ်ဝစေမည်။ ဘီ၊ စီ၊ အီး ၅၃၇ ခုနှစ်တွင် သူတို့၏နေရင်းဒေသသို့ရောက်ရောက်ချင်း ဣသရေလတို့သည် ယေရုရှလင်မြို့၌ ယဇ်ပလ္လင်တစ်ခုကိုတည်ဆောက်ပြီး ဗိမာန်တော်ကိုစ၍တည်ဆောက်ခဲ့ကြသည်။ သို့ရာတွင် သူတို့သည် အပြင်းအထန်ဆန့်ကျင်မှုများကိုရင်ဆိုင်ရပြီး လုပ်ငန်းရပ်ဆိုင်းသွားခဲ့သည်။ (ဧဇရ ၄:၁-၄၊ ၂၃)ရလဒ်အနေနှင့် ဣသရေလတို့သည် ယေဟောဝါ၏ကောင်းချီးကို မခံစားခဲ့ရပေ။

၁၃၊ ၁၄။ (က) ဗိမာန်တော်ပြန်လည်တည်ဆောက်ရန် ဣသရေလပျက်ကွက်သောအခါ အဘယ်အကျိုးဆက်ဖြစ်ခဲ့သနည်း။ (ခ) ဗိမာန်တော်ကို နောက်ဆုံးတွင် အဘယ်နည်းဖြင့် ပြန်လည်တည်ဆောက်ခဲ့သနည်း၊ သို့သော် ဣသရေလတို့ဘက်မှ အဘယ်ထပ်မံပျက်ကွက်မှုများကိုဖော်ပြထားသနည်း။

၁၃ ဘီ၊ စီ၊ အီး ၅၂၀ ခုနှစ်တွင် ယေဟောဝါသည် ပရောဖက်ဟဂ္ဂဲနှင့်ဇာခရိတို့ကိုပေါ်ထွန်းစေပြီး ဣသရေလလူမျိုးများအားဗိမာန်တော်ပြန်လည်ဆောက်လုပ်ရန် နှိုးဆော်စေခဲ့သည်။ ဟဂ္ဂဲက ထိုလူမျိုးသည် ရုပ်ပစ္စည်းဆိုင်ရာအခက်အခဲများရင်ဆိုင်ခဲ့ရကြောင်းနှင့် ယင်းကို ယေဟောဝါ၏အိမ်တော်အတွက် စိတ်အားထက်သန်မှုပျက်ကွက်ခြင်းနှင့်ဆက်စပ်၍ ဖော်ပြထားသည်။ ဤသို့သူပြောခဲ့သည်။ “ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား [ယေဟောဝါ၊ ကဘ] မိန့်တော်မူသည်ကား ကိုယ်ကျင့်သောအကျင့်တို့ကို ဆင်ခြင်ကြလော့။ သင်တို့သည် များစွာသောမျိုးစေ့ကိုကြဲသော်လည်း အသီးအနှံနည်းပါးရ၏။ စားရသော်လည်း ဝစွာမစားရကြ။ သောက်ရသော်လည်း ဝစွာမသောက်ရကြ။ အဝတ်ကိုဝတ်ရသော်လည်း နွေးစွာမဝတ်ရကြ။ အလုပ်လုပ်၍အခကိုခံရသော်လည်း မလုံသောအိတ်ထဲမှာသိုထားရကြ၏။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား [ယေဟောဝါ၊ ကဘ] မိန့်တော်မူသည်ကား ကိုယ်အကျင့်တို့ကိုဆင်ခြင်ကြလော့။ တောင်ပေါ်သို့တက်သွား၍ သစ်သားကိုဆောင်ခဲ့ပြီးလျှင် အိမ်တော်ကိုဆောက်ကြလော့။ ငါသည်လည်းအားရ၍ ငါ၏ဘုန်းသည်ထင်ရှားလိမ့်မည်ဟု ထာဝရဘုရား [ယေဟောဝါ၊ ကဘ] မိန့်တော်မူ၏။”—ဟဂ္ဂဲ ၁:၅-၈။

၁၄ ဟဂ္ဂဲနှင့်ဇာခရိတို့၏အားပေးမှုကြောင့် ဣသရေလတို့သည်မိမိတို့၏အကျင့်ကိုပြန်လည်ဆင်ခြင်ကြကာ ဗိမာန်တော်ကိုတည်ဆောက်ခဲ့ကြသည်။ နောင်နှစ်ပေါင်း ၆၀ ခန့်အကြာ ယေရုရှလင်မြို့သို့ နေဟမိသွားရောက်လည်ပတ်စဉ် ဣသရေလတို့သည် ယေဟောဝါ၏ပညတ်တော်ကို တစ်ဖန်ဂရုမစိုက်ဘဲနေကြသည်ကို တွေ့ရှိခဲ့ရာ ယင်းတို့ကို သူပဲ့ပြင်ပေးခဲ့သည်။ သို့သော် ဒုတိယအကြိမ်သွားလည်ပတ်စဉ် အခြေအနေများဆုတ်ယုတ်နေသည်ကို သူထပ်မံတွေ့ရှိပြန်သည်။ “အမှုတော်စောင့်၊ လေဝိသား၊ သီချင်းသည်တို့သည် အသီးသီးမိမိတို့လယ်ယာသို့ ပြေးသွားကြသည်ကိုငါထောက်၍ သူတို့ခံအပ်သောစားစရာရိက္ခာကို မခံရကြောင်းငါရိပ်မိ” သည်ဟုသူဖော်ပြခဲ့သည်။ (နေဟမိ ၁၃:၁၀) ဤပြဿနာကို ဖြေရှင်းကာ “ယုဒလူအပေါင်းတို့သည် ဆန်စပါး၊ စပျစ်ရည်၊ ဆီဆယ်ဖို့တစ်ဖို့ကို ဘဏ္ဍာတော်တိုက်သို့ ဆောင်ခဲ့ပြန်ကြ၏။”—နေဟမိ ၁၃:၁၂။

ယေဟောဝါအားလုယက်ခြင်း

၁၅၊ ၁၆။ မည်သည့်ပျက်ကွက်မှုများကြောင့် ယေဟောဝါသည် ဣသရေလလူမျိုးအား မာလခိအားဖြင့်ဆုံးမပဲ့ပြင်ခဲ့ရသနည်း။

၁၅ မာလခိအားဖြင့်ပရောဖက်ပြုခြင်းသည် ထိုအချိန်လောက်တွင်ဖြစ်ဖွယ်ရှိပြီး ပရောဖက်က ဣသရေလတို့၏သစ္စာမဲ့ပုံကို ထပ်မံ၍ ကျွန်ုပ်တို့အားပြောပြသည်။ သူသည် ဣသရေလလူများအတွက် ယေဟောဝါ၏စကားတော်ကို မှတ်တမ်းတင်ခဲ့သည်။ “ငါသည်အဘမှန်လျှင် ရိုသေခြင်း၊ အရှင်မှန်လျှင် ကြောက်ရွံ့ခြင်းကား အဘယ်မှာနည်းဟု ငါ့နာမကိုမထီလေးစားပြုသောအိုယဇ်ပုရောဟိတ်တို့၊ သင်တို့အားဗိုလ်ခြေတို့၏အရှင်ငါထာဝရဘုရား [ယေဟောဝါ၊ ကဘ] မေးလေ၏။” ဘာမှားခဲ့သနည်း။ ယေဟောဝါဤသို့ရှင်းပြတော်မူခဲ့သည်။ “[သင်တို့က] အပြစ်မမှတ်ဘဲ ပူဇော်သက္ကာအဖြစ် ကန်းသောအကောင်၊ ခြေဆွံ့သောအကောင်၊ နာသောအကောင်များကို ဆက်ကပ်ကြလေစွ။”—မာလခိ ၁:၆-၈၊ သမ။

၁၆ ဣသရေလတို့သည် ပူဇော်သက္ကာကိုယူဆောင်လာကြရာတွင် အရည်အသွေးညံ့ဖျင်းသောဤပူဇော်သက္ကာများဖြင့် အလွန်အကျွံမလေးမစားပြုရာကျကြောင်းကို ဤသို့ပုံခိုင်းသည့်နည်းဖြင့် မာလခိဖော်ပြခဲ့သည်။ မာလခိထပ်ရေးသေးသည်မှာ “‘ဘိုးဘေးတို့လက်ထက်မှစ၍ သင်တို့သည် ငါ့စီရင်ထုံးဖွဲ့ချက်တို့ကိုမစောင့်၊ တိမ်းရှောင်ကြပြီ။ ငါ့ထံသို့ပြန်လာကြလော့။ ငါသည်လည်း သင်တို့ဆီသို့ပြန်လာမည်’ ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား [ယေဟောဝါ၊ ကဘ] မိန့်တော်မူ၏။” မိမိတို့လုပ်ဆောင်ရမည့်အရာများကို တိတိကျကျသိလိုသဖြင့် “အကျွန်ုပ်တို့သည် အဘယ်သို့ပြန်လာရပါမည်နည်း” ဟုမေးခဲ့ကြသည်။ ယေဟောဝါက–“လူသည် ဘုရားသခင်၏ဥစ္စာတော်ကို လုယူရမည်လော။ သို့သော်လည်း သင်တို့သည် ငါ့ဥစ္စာကိုလုယူကြပြီ” ဟုဖြေကြားတော်မူသည်။ ဣသရေလတို့သည် ကြွယ်ဝမှု၏ပင်ရင်းအမြစ်ဖြစ်တော်မူသောယေဟောဝါအား မည်သို့လုယက်ကြသနည်း။ ယေဟောဝါက–“ဆယ်ဖို့တစ်ဖို့ကိုလည်းကောင်း၊ ပူဇော်သက္ကာကိုလည်းကောင်း လုယူကြပြီ” ဟု ဖြေကြားတော်မူသည်။ (မာလခိ ၃:၇၊ ၈) မှန်ပါသည်။ ဣသရေလတို့သည် ဆယ်ဖို့တစ်ဖို့နှင့် ပူဇော်သက္ကာကိုပေးရန်ပျက်ကွက်ကြခြင်းအားဖြင့် ယေဟောဝါအား လုယက်ခဲ့ကြသည်တကား။

၁၇။ ဣသရေလလူမျိုးတွင် ဆယ်ဖို့တစ်ဖို့နှင့်ပူဇော်သက္ကာများသည် မည်သည့်ရည်ရွယ်ချက်ကို အထမြောက်စေသနည်း။ ဆယ်ဖို့တစ်ဖို့နှင့်ပတ်သက်၍ ယေဟောဝါမည်သည့်ကတိကိုပေးသနည်း။

၁၇ ဤသမိုင်းနောက်ခံအကြောင်းက ဣသရေလလူမျိုးတွင် ဆယ်ဖို့တစ်ဖို့နှင့်ပူဇော်သက္ကာများ၏ အရေးကြီးမှုကို တင်ပြသည်။ ယင်းတို့သည် ပေးဆက်သူ၏ကျေးဇူးတင်လေးမြတ်မှုကို သရုပ်ဖော်သည်။ စစ်မှန်သောဝတ်ပြုရေးကို ရုပ်ပစ္စည်းဖြင့် ကူညီထောက်ပံ့ရာလည်းရောက်သည်။ ထို့ကြောင့် ဣသရေလတို့အား ယေဟောဝါဆက်၍အားပေးသည်မှာ “ဆယ်ဖို့တစ်ဖို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့သွင်း၍ ငါ့အိမ်တော်၌စားစရာရှိစေခြင်းကိုပြုကြလော့” ဟူ၍ဖြစ်သည်။ သူတို့ထိုသို့ပြုပါက ဘာဖြစ်လာမည်နှင့်ပတ်သက်၍ “ငါသည် . . . ကောင်းချီးမင်္ဂလာကို အကုန်အစင်သွန်းလောင်းမည်” ဟု ယေဟောဝါကတိပြုတော်မူခဲ့သည်။ (မာလခိ ၃:၁၀) ယေဟောဝါ၏ကောင်းချီးသည် သူတို့အားကြွယ်ဝစေမည်ဖြစ်သည်။

“စစ်မှန်သောသခင်” ၏တရားစီရင်ခံရခြင်း

၁၈။ (က) မည်သူ၏လာခြင်းကို ယေဟောဝါသတိပေးသနည်း။ (ခ) ဗိမာန်တော်သို့လာခြင်းကား မည်သည့်အချိန်တွင်ဖြစ်ခဲ့သနည်း။ မည်သူပါဝင်သနည်း။ ဣသရေလလူမျိုးအတွက် မည်သည့်ရလဒ်ဖြစ်ထွန်းသနည်း။

၁၈ ယေဟောဝါသည် မိမိ၏လူများအား တရားစီရင်ရန်ကြွလာမည်ဟုလည်း မာလခိအားဖြင့် သတိပေးတော်မူခဲ့သေးသည်။ “ကြည့်ရှုလော့။ ငါသွားရာလမ်းကိုပြင်ရသော ငါ၏တမန်ကိုငါစေလွှတ်မည်။ သင်တို့ရှာသောသခင်၊ သင်တို့တောင့်တသောပဋိညာဉ်တမန်တော်သည် မိမိဗိမာန်တော်သို့ ချက်ချင်းလာလိမ့်မည်။ ကြည့်ရှုလော့။ ထိုသခင်လာလိမ့်မည်။” (မာလခိ ၃:၁) ဗိမာန်တော်သို့လာမည်ဟူသောကတိတော်သည် မည်သည့်အချိန်တွင်ပြည့်စုံခဲ့သနည်း။ မဿဲ ၁၁:၁၀ တွင် ယေရှုက လမ်းကိုပြင်ဆင်ရသောတမန်တပါးနှင့်ပတ်သက်၍ မာလခိပရောဖက်ပြုချက်ကိုကိုးကားပြီး ယင်းသည် နှစ်ခြင်းဆရာယောဟန်၌ပြည့်စုံကြောင်း တင်ပြတော်မူခဲ့သည်။ (မာလခိ ၄:၅။ မဿဲ ၁၁:၁၄) သို့နှင့် စီ၊ အီး ၂၉ ခုနှစ်ရောက်သောအခါ တရားစီရင်ရာအချိန်ကျရောက်လာခဲ့သည်တကား။ “စစ်မှန်သောသခင်” ယေဟောဝါနှင့်အတူ ဗိမာန်တော်သို့လိုက်ပါမည့် ပဋိညာဉ်တမန်ဖြစ်သောဒုတိယတမန်ကား မည်သူဖြစ်မည်နည်း။ ယေရှုကိုယ်တော်တိုင်ဖြစ်၍ ယေရုရှလင်ဗိမာန်တော်သို့ ကိုယ်တော်နှစ်ကြိမ်ရောက်ရှိခဲ့ပြီး မရိုးသားသည့်ငွေကြေးလဲလှယ်သူများအားမောင်းထုတ်ခြင်းအားဖြင့် ယင်းကိုရုတ်ခြည်းသန့်စင်စေခဲ့သည်။ (မာကု ၁၁:၁၅-၁၇။ ယောဟန် ၂:၁၄-၁၇) ဤပထမရာစုတရားစီရင်ရာအချိန်နှင့်ပတ်သက်၍ ယေဟောဝါက ပရောဖက်ပြုသဘောဖြင့် ဤသို့မေးတော်မူခဲ့သည်။ “လာတော်မူသောနေ့ရက်ကို အဘယ်သူသည် မတိမ်းမရှောင်ဘဲနေလိမ့်မည်နည်း။ ပေါ်ထွန်းတော်မူသောအခါ အဘယ်သူသည်ခံရပ်လိမ့်မည်နည်း။” (မာလခိ ၃:၂) အမှန်မှာ ဣသရေလတို့သည် မခံရပ်ခဲ့ကြပါ။ သူတို့သည် စစ်ဆေးခံခဲ့ရ၍ လိုလျက်ရှိကြောင်းတွေ့ခဲ့ရပြီး စီ၊ အီး ၃၃ တွင် ယေဟောဝါ၏ရွေးချယ်ခံလူမျိုးအဖြစ်မှ ဖြတ်တောက်ခြင်းခံခဲ့ရသည်။—မဿဲ ၂၃:၃၇-၃၉။

၁၉။ ပထမရာစု၌ အကြွင်းအကျန်များသည် မည်သည့်နည်းဖြင့် ယေဟောဝါထံပြန်လာခဲ့ကြပြီး အဘယ်ကောင်းချီးများကို သူတို့ခံစားခဲ့ကြရသနည်း။

၁၉ သို့သော် မာလခိဤသို့လည်းရေးသားခဲ့သေးသည်။ “[ယေဟောဝါသည်] ငွေကိုချွတ်၍ သန့်ရှင်းစေသောသူကဲ့သို့ထိုင်လျက်ရွှေငွေကိုချွတ်သကဲ့သို့ လေဝိသားတို့ကိုချွတ်၍သန့်ရှင်းစေတော်မူသဖြင့် သူတို့သည် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] အဖို့ဖြစ်၍ ဖြောင့်မတ်ခြင်းပူဇော်သက္ကာကို ပူဇော်ကြလိမ့်မည်။” (မာလခိ ၃:၃) ဤအချက်နှင့်ကိုက်ညီစွာပင် ပထမရာစုနှစ်အတွင်းက ယေဟောဝါအားဝတ်ပြုသည်ဟုဆိုသူအများစုတို့သည် ဖြတ်တောက်ခြင်းခံခဲ့ရပြီး အချို့တို့မူ သန့်စင်ခံရကြပြီး ယေဟောဝါထံတော်သို့ရောက်လာကြကာ နှစ်သက်ဖွယ်သောယဇ်ကို ပူဇော်ခဲ့ကြသည်။ မည်သူများနည်း။ ပဋိညာဉ်တမန်တော်ယေရှုကို တုံ့ပြန်ကြိုဆိုသူများဖြစ်ကြသည်။ စီ၊ အီး ၃၃၊ ပင်တေကုတ္တေပွဲနေ့တွင် ဤတုံ့ပြန်ကြိုဆိုသူ ၁၂၀ တို့သည် ယေရုရှလင်မြို့ရှိ အိမ်အထက်ခန်းမတစ်ခုတွင် စုရုံးခဲ့ကြသည်။ သန့်ရှင်းသောဝိညာဉ်တော်၏အားပေးမှုကိုခံခဲ့ကြရခြင်းအားဖြင့် သူတို့သည် ဖြောင့်မတ်ခြင်းဆိုင်ရာလက်ဆောင်ပူဇော်သက္ကာကို ပေးဆက်စပြုလာကြရာ သူတို့၏အရေအတွက်အလျင်အမြန်တိုးပွားလာခဲ့သည်။ မကြာမီ သူတို့သည် ရောမတိုင်းနိုင်ငံတစ်လျှောက် ပျံ့နှံ့သွားခဲ့ကြသည်။ (တမန်တော် ၂:၄၁။ ၄:၄။ ၅:၁၄) ဤသို့အားဖြင့် အကြွင်းအကျန်တို့သည် ယေဟောဝါထံသို့ပြန်လာခဲ့ကြသည်။—မာလခိ ၃:၇။

၂၀။ ယေရုရှလင်မြို့နှင့်ဗိမာန်တော်ဖျက်ဆီးခံရသောအခါ ဘုရားသခင်၏ဣသရေလလူမျိုးသစ်မည်သို့ဖြစ်ခဲ့သနည်း။

၂၀ ပင်မဣသရေလလူမျိုးနှင့်ပူးပေါင်းပါဝင်လာသော တစ်ပါးအမျိုးသားများလည်းပါဝင်သည့် ထိုဣသရေလလူမျိုးအကြွင်းအကျန်များသည် ဘိသိက်ခံခရစ်ယာန်များဖြင့်ဖွဲ့စည်းထားသော “ဘုရားသခင်၏ဣသရေလလူမျိုး” သစ်ဖြစ်လာသည်။ (ဂလာတိ ၆:၁၆။ ရောမ ၁၁:၁၇) စီ၊ အီး ၇၀ ရောက်သော် ယေရုရှလင်မြို့နှင့် ယင်း၏ဗိမာန်တော်တို့သည် ရောမစစ်တပ်အားဖြင့်ဖျက်ဆီးခံရသောအခါ “မီးဖို၌ မီးလောင်သကဲ့သို့လောင်သောနေ့ရက်” တစ်ရက်သည် ဇာတိဣသရေလလူမျိုးများအပေါ်သို့ကျရောက်ခဲ့သည်။ (မာလခိ ၄:၁။ လုကာ ၁၉:၄၁-၄၄) ဘုရားသခင်၏ဝိညာဏဣသရေလလူမျိုးများဘာဖြစ်ခဲ့ကြသနည်း။ “ဖခင်အားအမှုထမ်းနေသောသားကို ဖခင်ကသနားညှာတာသကဲ့သို့ ထိုသူတို့အပေါ်သနားညှာတာခြင်း” ကို ယေဟောဝါပြတော်မူခဲ့သည်။ (မာလခိ ၃:၁၇၊ ကဘ) ဘိသိက်ခံခရစ်ယာန်အသင်းတော်သည် ယေရှု၏ပရောဖက်ပြုသတိပေးချက်ကို လိုက်နာခဲ့သည်။ (မဿဲ ၂၄:၁၅၊ ၁၆) သူတို့ဘေးလွတ်ခဲ့ကြပြီး ယေဟောဝါ၏ကောင်းချီးက သူတို့အား ဆက်၍ကြွယ်ဝစေခဲ့သည်။

၂၁။ မာလခိ ၃:၁ နှင့် ၁၀ တို့နှင့်ပတ်သက်၍ မည်သည့်မေးခွန်းများရှိသေးသနည်း။

၂၁ မည်မျှတော်လျော်မှန်ကန်သည့် ယေဟောဝါ၏လုပ်ရပ်ပါတကား။ သို့ရာတွင် မာလခိ ၃:၁ သည် ယနေ့မည်သို့ပြည့်စုံနေသနည်း။ မာလခိ ၃:၁၀ တွင် ဘဏ္ဍာတိုက်ထဲသို့ ဆယ်ဖို့တစ်ဖို့သွင်းရန်အားပေးထားခြင်းကို ခရစ်ယာန်တစ်ဦးမည်သို့တုံ့ပြန်သင့်သနည်း။ ယင်းတို့ကို နောက်ဆောင်းပါးတွင်ဆွေးနွေးပါမည်။

သင်ရှင်းပြနိုင်သလော

▫ ခြုံငုံပြောရလျှင် ကြွယ်ဝမှုအားလုံး၏ပင်ရင်းအမြစ်သည် မည်သူဖြစ်သနည်း။

▫ ဝိညာဏကောင်းစားမှုသည် အဘယ်ကြောင့် ရုပ်ပစ္စည်းကြွယ်ဝမှုထက်သာ၍ကောင်းသနည်း။

▫ ဣသရေလတွင် ဆယ်ဖို့တစ်ဖို့နှင့်ပူဇော်သက္ကာများသည် မည်သည့်ရည်ရွယ်ချက်ကို အထမြောက်စေသနည်း။

▫ “စစ်မှန်သောသခင်” ယေဟောဝါသည် ဣသရေလလူမျိုးအားတရားစီရင်ရန် ဗိမာန်တော်သို့ မည်သည့်အချိန်တွင် ကြွလာခဲ့ပြီး အဘယ်ရလဒ်ဖြစ်ထွန်းခဲ့သနည်း။

▫ စီ၊ အီး ပထမရာစုတွင် ဗိမာန်တော်သို့ယေဟောဝါကြွလာပြီးနောက်ပိုင်း ကိုယ်တော်ထံသို့ မည်သူများပြန်လာခဲ့ကြသနည်း။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ယေဟောဝါကိုကိုယ်စားပြုသော ပဋိညာဉ်တမန်ဖြစ်သူ ယေရှုသည် စီ၊ အီး ပထမရာစုတွင် တရားစီရင်ရန် ဗိမာန်တော်သို့ကြွလာခဲ့သည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ