ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၃၂ စာ. ၇၈-စာ. ၇၉ ပိုဒ်. ၇
  • ဥပုသ်နေ့မှာ ဘာလုပ်သင့်သလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဥပုသ်နေ့မှာ ဘာလုပ်သင့်သလဲ
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဥပုသ်နေ့တွင် အဘယ်အမှုသည် တရားသနည်း
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဥပုသ်နေ့မှာ ကောက်နှံဆွတ်ခူး
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ခရစ်ယာန်တွေ ဥပုသ်စောင့်ရမှာလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ဥပုသ်နေ့တွင် စပါးဆွတ်ခူးခြင်း
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၃၂ စာ. ၇၈-စာ. ၇၉ ပိုဒ်. ၇
လက်တစ်ဖက်သေနေသူကို ယေရှု ကုသပေးနေ

အခန်း ၃၂

ဥပုသ်နေ့မှာ ဘာလုပ်သင့်သလဲ

မဿဲ ၁၂:၉-၁၄ မာကု ၃:၁-၆ လုကာ ၆:၆-၁၁

  • လက်တစ်ဖက်သေနေသူကို ဥပုသ်နေ့မှာ ကုသပေး

နောက်ဥပုသ်နေ့တစ်နေ့မှာ ယေရှုက တရားဇရပ်ကို သွားတယ်။ အဲဒါက ဂါလိလဲပြည်မှာဖြစ်မယ်။ တရားဇရပ်မှာ လက်တစ်ဖက်သေတဲ့သူကို တွေ့တယ်။ (လုကာ ၆:၆) ကျမ်းတတ်နဲ့ ဖာရိရှဲတွေက ယေရှုကို မျက်ခြည်မပြတ် စောင့်ကြည့်နေကြတယ်။ ဘာလို့လဲ။ “ဥပုသ်နေ့မှာ ရောဂါကုပေးသင့်သလား” ဆိုပြီး မေးတာကိုကြည့်ရင် သူတို့ရဲ့ သဘောထားမှန်ကို သိနိုင်တယ်။—မဿဲ ၁၂:၁၀။

ဂျူးဘာသာရေး ခေါင်းဆောင်တွေက အသက်အန္တရာယ် ရှိမှပဲ ဥပုသ်နေ့မှာ ရောဂါကုသင့်တယ်လို့ လက်ခံထားတာ။ ဥပမာ၊ ဥပုသ်နေ့မှာ အရိုးကျိုးသွားလို့ ပြန်ဆက်တာ၊ အဆစ်လွဲလို့ ပတ်တီးစည်းတာ မလုပ်ရဘူး။ အဲဒါတွေက အသက်အန္တရာယ်ရှိတဲ့ အခြေအနေမဟုတ်လို့ပဲ။ ကျမ်းတတ်နဲ့ ဖာရိရှဲတွေက သနားစရာကောင်းတဲ့ အဲဒီလူကို စိုးရိမ်လို့ မေးခွန်းမေးတာ မဟုတ်ဘဲ ယေရှုကို အပြစ်တင်ချင်လို့ အကြောင်းရှာနေကြတာ။

သူတို့ ဉာဏ်များနေတာကို ယေရှု သိတယ်။ ဥပုသ်နေ့မှာ အလုပ်မလုပ်ရဘူးဆိုတဲ့ပညတ်ကို ချိုးဖောက်တာနဲ့ ပတ်သက်ပြီး သူတို့ရဲ့သဘောထားက အစွန်းရောက်နေတယ်၊ ကျမ်းစာနဲ့လည်း မကိုက်ညီဘူးဆိုတာ သိတယ်။ (ထွက်မြောက်ရာ ၂၀:၈-၁၀) သူလုပ်တဲ့ကောင်းမှုတွေကို အပြစ်ရှာဝေဖန်တာမျိုး အရင်ကလည်း ကြုံဖူးတယ်။ အခု ယေရှုက လက်တစ်ဖက်သေနေသူကို “ထပြီး ဒီအလယ်မှာ လာရပ်ပါ” လို့ပြောပြီး သူတို့နဲ့ ထိပ်တိုက်ရင်ဆိုင်လိုက်တယ်။—မာကု ၃:၃။

ယေရှုက ကျမ်းတတ်နဲ့ ဖာရိရှဲတွေဘက် လှည့်ပြီး “ခင်ဗျားတို့မှာ သိုးတစ်ကောင်ရှိတယ်ဆိုပါစို့။ အဲဒီသိုးက ဥပုသ်နေ့မှာ တွင်းထဲကျသွားရင် မဆွဲတင်ဘဲနေတဲ့သူ ရှိသလား” လို့မေးလိုက်တယ်။ (မဿဲ ၁၂:၁၁) သိုးတစ်ကောင်ဟာ သိပ်တန်ဖိုးကြီးတော့ မဆွဲတင်ဘဲ တွင်းထဲမှာ တစ်နေ့လုံး ထားမှာမဟုတ်ဘူး။ အဲဒီလိုသာ ထားလိုက်ရင် သိုးလည်း သေမယ်၊ ငွေလည်း ဆုံးမယ်။ ဒါ့အပြင် “ဖြောင့်မတ်သူက ခြံမွေးတိရစ္ဆာန်တွေကို ဂရုစိုက်တယ်” လို့ ကျမ်းစာပြောတယ်။—ပညာအလိမ္မာ ၁၂:၁၀။

ယေရှုက “လူဟာ သိုးထက် အများကြီး တန်ဖိုးရှိတယ်။ ဒါကြောင့် ဥပုသ်နေ့မှာ ကောင်းမှုပြုသင့်တယ်” ဆိုပြီး ယုတ္တိရှိရှိ နှိုင်းယှဉ်ပြလိုက်တယ်။ (မဿဲ ၁၂:၁၂) ဒါကြောင့် အဲဒီလူကို ကုပေးတာဟာ ဥပုသ်ပညတ်ကို ချိုးဖောက်နေတာ မဟုတ်ပါဘူး။ ဒီလိုမျိုး ယုတ္တိရှိပြီး ကရုဏာပါတဲ့ ကျိုးကြောင်းရှင်းပြမှုကို ဘာသာရေးခေါင်းဆောင်တွေ ပြန်မချေပနိုင်ဘဲ နှုတ်ဆိတ်သွားကြတယ်။

ယေရှုက စိတ်လည်းဆိုး၊ စိတ်လည်းထိခိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။ ဒီနောက် လက်တစ်ဖက်သေနေသူကို “လက်ဆန့်လိုက်ပါ” လို့ပြောတယ်။ (မဿဲ ၁၂:၁၃) လက်ဆန့်လိုက်တဲ့အခါ ပြန်ကောင်းသွားတယ်။ သူ သိပ်ဝမ်းသာသွားပေမဲ့ ယေရှုကို ထောင်ချောက်ဆင်သူတွေကော ဘယ်လို ဖြစ်သွားသလဲ။

ဂျူးခေါင်းဆောင်တွေ ယေရှုကိုသတ်ဖို့ ပူးပေါင်းကြံစည်

အဲဒီလူ လက်ပြန်ကောင်းလာလို့ ဝမ်းသာမယ့်အစား ဖာရိရှဲတွေက ထွက်သွားပြီး “ယေရှုကို သတ်ဖို့ ဟေရုဒ်နောက်လိုက်တွေနဲ့ ချက်ချင်း တိုင်ပင်ကြတယ်။” (မာကု ၃:၆) ဒီနိုင်ငံရေးအဖွဲ့မှာ ဇဒ္ဒုကဲလို့ခေါ်တဲ့ ဘာသာရေးအဖွဲ့ဝင်တွေလည်း ပါတယ်။ အများအားဖြင့် ဇဒ္ဒုကဲတွေနဲ့ ဖာရိရှဲတွေက မတည့်ကြပေမဲ့ ယေရှုကို အတိုက်အခံလုပ်တဲ့ နေရာမှာတော့ တစ်ကျိတ်တည်း တစ်ဉာဏ်တည်းပဲ။

  • ယေရှုနဲ့ ဂျူးဘာသာရေး ခေါင်းဆောင်တွေ ထိပ်တိုက်ရင်ဆိုင်ဖို့ ဘယ်လိုအကြောင်းဖန်လာသလဲ။

  • ဂျူးဘာသာရေး ခေါင်းဆောင်တွေမှာ ဥပုသ်ပညတ်နဲ့ ပတ်သက်ပြီး လွဲမှားတဲ့ ဘယ်လိုအမြင် ရှိသလဲ။

  • ဥပုသ်ပညတ်နဲ့ပတ်သက်ပြီး လွဲမှားတဲ့ အမြင်တွေကို ယေရှု ဘယ်လို ပညာရှိရှိ ဖော်ထုတ်ခဲ့သလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ