ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၃/၁ စာ. ၅-၇
  • သာယာချမ်းမြေ့သော ထောင်စုနှစ် နီးလာပြီ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သာယာချမ်းမြေ့သော ထောင်စုနှစ် နီးလာပြီ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆုံးရှုံးခဲ့သော အမွေ
  • အမွေခံသူများ—ခရစ်တော်၏ “သားသမီးများ”
  • ရှောလမုန်စိုးစံချိန်ထက် သာလွန်ကောင်းမွန်အံ့
  • တတိယထောင်စုနှစ်နှင့် ထပ်တူထပ်မျှလော
  • တတိယထောင်စုနှစ်အဘယ်အချိန်၌စတင်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ထောင်စုနှစ်သစ်—သင့်အတွက် မည်သည့် အနာဂတ်အလားအလာရှိသနည်း
    ထောင်စုနှစ်သစ်—သင့်အတွက် မည်သည့် အနာဂတ်အလားအလာ ရှိသနည်း
  • အနှစ်တစ်ထောင်အတွင်းသို့ကပ်ကျော်ဝင်ရောက်ရန် ဆက်လက်ဖွဲ့စည်းလျက်နေခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • တတိယထောင်စုနှစ်သင့်မျှော်လင့်ရာများကို ပြည့်စုံစေမည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၃/၁ စာ. ၅-၇

သာယာချမ်းမြေ့သော ထောင်စုနှစ် နီးလာပြီ

“ပလ္လင်များကိုလည်း ငါမြင်၏။ ပလ္လင်ပေါ်မှာထိုင်သော သူတို့သည် တရားစီရင်ရသောအခွင့်ကိုရကြ၏။ သားရဲနှင့်သူ၏ရုပ်တုကိုမကိုးကွယ်၊ သူ၏ တံဆိပ်လက်မှတ်ကိုနဖူး၌မခံ၊ လက်၌မခံဘဲနေ၍ ယေရှု၏သက်သေခံတော်မူချက်နှင့် ဘုရားသခင်၏နှုတ်ကပါဌ်တော်ကြောင့် လည်ပင်းဖြတ်ခြင်းကိုခံရသောသူတို့၏ဝိညာဉ်များကို ငါမြင်၏။ သူတို့သည် အသက်ရှင်၍ အနှစ်တစ်ထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြ၏။”

“ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။”—ဗျာဒိတ် ၂၀:၄။ ၂၁:၄။

ဤသို့အားဖြင့် သမ္မာကျမ်းစာသည် ချမ်းမြေ့သာယာသော အနာဂတ်ဖြစ်သည့် ယေရှုခရစ်နှင့် အပေါင်းအဖော်အမွေခံ ကောင်းကင်ဘုရင်များ၏ အနှစ်တစ်ထောင်မင်းရိုက်ရာကို ကြိုတင်ဟောပြောထားပါသည်။ ဤပရောဖက်ပြုချက်သည် ထင်ယောင်ထင်မှားခြင်းမျှဖြစ်သည့် တံလျှပ်သာဖြစ်သည်ဟုဆိုကာ စိတ်ထဲမှ ထုတ်ပစ်လိုပေမည်။ မည်သို့ဆိုစေ ဤသာယာချမ်းမြေ့သောအနာဂတ်ကို လာမည့်ဖြစ်ရပ်မှန်ကဲ့သို့ယူမှတ်ရန် အကြောင်းပြချက်ကောင်း များစွာရှိပါသည်။

အကြောင်းတစ်ခုမှာ သမ္မာကျမ်းစာကိုလေ့လာကြည့်ရာ လူ့သမိုင်းအနှစ်ခြောက်ထောင်ကာလကို ထူးခြားစွာယုံနိုင်လောက်သည့်နည်းဖြင့် ရှင်းလင်းဖော်ပြထားကြောင်း သိရှိရလိမ့်မည်။ ထို့ပြင် သမ္မာကျမ်းစာသည် ပရောဖက်ပြုချက်များစွာပါသည့် စာအုပ်တစ်အုပ်ဖြစ်ရာ ၄င်း၏ကြိုတင်ဟောပြောချက် သို့မဟုတ် ပရောဖက်ပြုချက်များစွာတို့သည် တိကျမှန်ကန်စွာ အသေးစိတ်ပြည့်စုံခဲ့ပြီဖြစ်သည်။aထိုသို့ဖြစ်လေရာ ခရစ်တော်စိုးစံမည့် ရောက်လုဆဲ အနှစ်တစ်ထောင်ကာလအကြောင်း ကျမ်းစာကြိုတင်ဟောထားသောစကားများသည် စိတ်ချယုံကြည်နိုင်စရာ အဘယ်ကြောင့်မဖြစ်ဘဲနေမည်နည်း။ သို့သော် ထိုကာလအကြောင်း သမ္မာကျမ်းစာ မည်သို့ဆိုထားသည်ကို သင်သိလိုပေမည်။ ယင်းကား အဘယ်ရည်ရွယ်ချက်ကို ဖြည့်စွက်ပေးမည်နည်း။ အသင်အထူးစိတ်ဝင်စားမည်ကား ယင်းသည် သင့်ဘဝအတွက် မည်သို့အကျိုးပြုမည်နည်း။

ဆုံးရှုံးခဲ့သော အမွေ

ခရစ်တော်၏ အနှစ်တစ်ထောင်စိုးစံရာကာလသည် “သားသမီးများ” ထံတန်ဖိုးဖြတ်မရ အမွေကိုပေးကမ်းရန်နည်းလမ်းဖြစ်ကြောင်း သမ္မာကျမ်းစာကတင်ပြသည်။ သို့သော်အဘယ်အမွေကို ဆိုလိုသနည်း။ အဘယ် “သားသမီးများ” အတွက်ဖြစ်သနည်း။ အမွေမည်သည် တစ်ဦးတစ်ယောက်သေဆုံးချိန်တွင် မျိုးဆက်ထံ ဆင့်ကမ်းပေးသည့်အရာ ဟူ၍အနက်ဖွင့်ဆိုနိုင်၏။ ကျွန်ုပ်တို့ဘိုးဘေးအာဒံသည် ဘုရားသခင်ကိုမနာခံသောအခါ မိမိနှင့်အတူ မိမိ၏အမျိုးအနွယ်၊ လူမျိုးတစ်မျိုးလုံး ရသင့်ရထိုက်သော ကမ္ဘာ့ပရဒိသုနေအိမ်အတွင်း ထာဝရအသက်ကို ဆုံးရှုံးလက်လွှတ်လိုက်သည်။ ဤနည်းဖြင့် အာဒံသည်အပြစ်၊ သေခြင်းနှင့် ဆင်းရဲဒုက္ခကို သူ၏မျိုးစဉ်မျိုးဆက်တို့အား ဆင့်ကမ်းပေးခဲ့ပါသည်။—ကမ္ဘာဦး ၃:၁-၁၉။ ရောမ ၅:၁၂။

အာဒံစွန့်လွှတ်ခဲ့သောအမွေကို လူသားအပေါင်းပြန်ရရှိရန် အသွေးအသားဖြင့် မြေကြီးပေါ်သို့ ယေရှုကြွလာတော်မူသည်။ ယေဟောဝါဘုရားသခင်ကို သစ္စာတည်ကြည်ခြင်း၊ လူသားအကျိုးအလိုငှာ မိမိအသက်ကို စိတ်စေတနာနှင့် ပူဇော်ပေးခြင်းဖြင့်၊ ထိုသို့ပြုတော်မူသည်။ (ယောဟန် ၃:၁၆) အာဒံဆုံးရှုံးခဲ့သမျှကို စုံလင်အပြစ်ကင်းမဲ့သောအသက်တာဘဝဖြင့် ကမ္ဘာ့ပရဒိသုတွင် စုံလင်သောထာဝရအသက်ရခွင့်ကို ယေရှုဝယ်ယူနိုင်တော်မူသည်။ သို့ရာတွင် ထိုအခွင့်အရေးကို ယေရှုမယူခဲ့ပါ။ ကိုယ်တော်သေဆုံး၍ ကောင်းကင်အသက်တာသို့ ရှင်ပြန်ထမြောက်ချိန်တွင်လည်း ယင်းကိုမဆုံးရှုံးခဲ့ပါ။ ထိုကြောင့် ကိုယ်တော်၏ “သားသမီးများ” ထံတန်ဖိုးရှိအမွေဥစ္စာအဖြစ် ယင်းကိုဆင့်ကမ်းပေးနိုင်ခဲ့ပါသည်။—ရောမ ၅:၁၈၊ ၁၉။

အမွေခံသူများ—ခရစ်တော်၏ “သားသမီးများ”

ဟေရှာယ ၉:၆ တွင်ယေရှုအား “ထာဝရအဘ” ဟုပရောဖက်ပြု ခေါ်ဆိုထားသည်။ ကိုယ်တော်သည် ရွေးနှုတ်ခံရသော လောကီသားတို့၏ ထာဝရအဘဖြစ်လာလေရာ ဤရွေးနှုတ်ခံရသူ သို့မဟုတ် မွေးစားသားသမီးများအား အမွေဥစ္စာဆင့်ကမ်းပေးရန် အခြေအနေတွင်ရှိတော်မူသည်။ (မဿဲ ၂၀:၂၈။ ဆာလံ ၃၇:၁၈၊ ၂၉ ကိုလည်းရှု။) ယင်းကို ဤကတိတော်တွင် တွေ့ရှိရသည်။ “ငါ့ခမည်းတော်ထံ ကောင်းချီးမင်္ဂလာကိုခံသောသူတို့၊ ကမ္ဘာဦးကပင် သင်တို့အဖို့ပြင်ဆင်သောနိုင်ငံကိုလာ၍ အမွေခံကြလော့။” ထပ်ဆင့်၍ ဤသို့ဆိုသေးသည်။ “နူးညံ့သိမ်မွေ့သောသူတို့သည် ဝမ်းမြောက်ရွှင်လန်းခြင်းရှိ၏။ အကြောင်းမူကား၊ မြေကြီးကို သူတို့အမွေခံကြမည်။”—မဿဲ ၅:၅၊ ကဘ။ ၂၅:၃၄။

သို့သော်ကမ္ဘာမြေကြီးသည် အမွေပေးထိုက်သောဥစ္စာဖြစ်စေရန် အခြေအနေများကို အကြီးအကျယ်ပြောင်းလဲပစ်ရမည်။ စုံလင်ပြည့်ဝလာရမည်။ ဘုရားသခင့်ဝေနေယျသတ္တဝါအပေါင်းတွင် ငြိမ်းချမ်းသာယာ၊ စည်းလုံးညီညွတ်မှု အပြည့်အဝရှိသော လောကဖြစ်လာရပေမည်။ (ဟေရှာယ ၁၁:၆-၉) သေခြင်းအပါအဝင် လူ့မစုံလင်မှုနှင့်ဆိုင်သောချို့ယွင်းမှု ရှိရှိသမျှ ပျောက်လွင့်သွားရမည်။ (၁ ကောရိန္သု ၁၅:၂၅၊ ၂၆) ယင်းကြောင့် ရွေးနှုတ်ခံရသော လောကီသားများအဝင်ဖြစ်သည့် လူသေများသည် ရှင်ပြန်ထမြောက်လာဖို့လိုပေသည်။ ဤနည်းဖြင့်သာလျှင် သူတို့သည် ခရစ်တော်၏ အမွေခံများဖြစ်လာနိုင်မည်။—ယောဟန် ၅:၂၈၊ ၂၉။

သို့ဖြစ်၍ ခရစ်တော်၏အနှစ်တစ်ထောင်မင်းပြုချိန်သည် လောကသားများ “ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့မှ ကယ်လွှတ်ခြင်းချမ်းသာ” ရပြီး၊ တဖြည်းဖြည်း စုံလင်လာမည့် ပျော်ရွှင်သာယာသောကာလဖြစ်သည်။ (ရောမ ၈:၂၁) စိတ်ဝင်စားစရာကား လောကစာပေများပင် ထောင်စုနှစ်၏ ရည်ရွယ်ချက်မှာ ထိုသို့ပင်ဖြစ်ကြောင်း အသိအမှတ်ပြုထားပါသည်။ Webster’s Ninth New Collegiate Dictionary (1985 edition) က “ထောင်စုနှစ်” သည် “သာယာချမ်းမြေ့သော သို့မဟုတ် စုံလင်သည့်လူ့အသက်တာကာလ” အဖြစ်အနက်ဖွင့်ဆိုထားသည်။

ရှောလမုန်စိုးစံချိန်ထက် သာလွန်ကောင်းမွန်အံ့

ဘုန်းစည်းစိမ်ဖြာသည့် ဤထောင်စုနှစ်ကို ဣသရေလနိုင်ငံအား ရှောလမုန်မင်းကြီး အနှစ် ၄၀ အုပ်စိုးသည့် ငြိမ်းချမ်းသာယာကြွယ်ဝသောအချိန်နှင့် နှိုင်းယှဉ်နိုင်ပါသည်။ (၃ ဓမ္မရာဇဝင် ၄:၂၄၊ ၂၅၊ ၂၉) ရှောလမုန်ဘုရင်ထံ ရှေဘမိဖုရားရောက်ရှိလာချိန်တွင် သူမဤသို့ဆိုသည်။ “ကိုယ်တော်၏အခြင်းအရာနှင့် ကိုယ်တော်၏ပညာကို အကျွန်ုပ်သည် ကိုယ်ပြည်၌ ကြားရသောသိတင်းစကား မှန်ပါ၏။ သို့သော်လည်း ကိုယ်တိုင်ရောက်၍မမြင်မီ ထိုစကားကိုမယုံ။ ယခုမူကား၊ အရင်ကြားသောစကားသည် တစ်ဝက်ကိုမျှမမီ။ ကိုယ်တော်၏ပညာနှင့် ကိုယ်တော်၏စည်းစိမ်သည် အကျွန်ုပ်ကြားရသောသိတင်းကို လွန်ကဲပါ၏။ ရှေ့တော်၌အစဉ်နေ၍ ပညာတော်ကိုကြားရသော ကိုယ်တော်၏လူ၊ ကိုယ်တော်၏ကျွန်တို့သည် မင်္ဂလာရှိကြပါ၏။”—၃ ဓမ္မရာဇဝင်၊ ၁၀:၆-၈။

ရှောလမုန်မင်းကြီး၏ အနှစ် ၄၀ အုပ်စိုးချိန်၏ ငြိမ်းချမ်းသာယာမှု၊ ကြွယ်ဝချမ်းသာခြင်းနှင့် ဉာဏ်ပညာသည် ရှေဘမိဖုရားထင်သည်ထက် နှစ်ဆမကထူးခြားနေသည်မှန်လျှင် သာ၍ကြီးမြတ်သော ကောင်းကင်ရှောလမုန်မင်းကြီး ယေရှုခရစ်၏ အနှစ်တစ်ထောင်အုပ်စိုးရာကာလသည် လူ့အထင်အမြင်ထက် များစွာသာလွန်ထူးမြတ်မည်ကား၊ အမှန်ပင်။ ယေရှုကိုယ်တော်တိုင်၏စကားအရပင် ကိုယ်တော်သည် “ရှောလမုန်ထက် သာ၍ကြီးမြတ်သောသူ” ဖြစ်တော်မူသည်။ (မဿဲ ၁၂:၄၂) အကျန်းမာဆုံး၊ အချမ်းသာဆုံး၊ ငြိမ်းချမ်းသာယာဆုံး၊ ဖြောင့်မတ်ဆုံး၊ အပျော်ရွှင်ဆုံး ကမ္ဘာ့အခြေအနေများကို ကြံစည်တွေးတောမျှော်မှန်းကြည့်ပါလေ။ ယင်းသည် ခရစ်တော်၏ အနှစ်တစ်ထောင်စိုးစံချိန်တွင် တွေ့ကြုံခံစားရမည့်သာယာချမ်းမြေ့ခြင်း၏ တစ်စိတ်မျှပင် ရှိမည်မဟုတ်ပါ။

တတိယထောင်စုနှစ်နှင့် ထပ်တူထပ်မျှလော

ကျွန်ုပ်တို့သည် “အစီအစဉ်၏ဆုံးခန်းချိန်” တွင်အသက်ရှင်နေကြောင်း ၁၉၁၄ ခုနှစ်ကတည်းက ကမ္ဘာ့အဖြစ်အပျက်များတင်ပြနေပါသည်။ ဤကြိုတင်ဟောပြောထားသည့် အဖြစ်အပျက်များနှင့်ဆက်စပ်နေသော လူမျိုးဆက် “မကုန်မီ ထိုအကြောင်းအရာ အလုံးစုံတို့သည် ဖြစ်ကြလိမ့်မည်” ဟုယေရှုထပ်ဆင့်မိန့်တော်မူသည်။ ယင်းကြောင့် ခရစ်တော်၏ အနှစ်တစ်ထောင်စိုးစံရာကာလသည် တတိယထောင်စုနှစ်နှင့် ထပ်တူထပ်မျှဖြစ်သည်ဟု ဆိုလိုပါသလော။—မဿဲ ၂၄:၃-၂၁၊ ၃၄။

တွက်ချက်ကြံဆခြင်းကိုမပြုကြရန် တပည့်တော်များအား ယေရှုသတိပေးတော်မူသည်။ “ခမည်းတော်၏တန်ခိုးတော်အားဖြင့် စီရင်တော်မူသောအချိန်ကာလကို သိရသောအခွင့်သည် သင်တို့၌မရှိ” ဟုကိုယ်တော်မိန့်တော်မူခဲ့သည်။ (တမန်တော် ၁:၇) ထိုအဖြစ်အပျက်များ ဖြစ်ရမည့် “နေ့ရက်နှင့်နာရီ” အတိအကျကိုမူကား ခမည်းတော်ယေဟောဝါဘုရားသခင်သာ သိတော်မူ၏ဟု ယေရှုမိန့်မြွက်သည်။ (မဿဲ ၂၄:၃၆) သို့ဖြစ်၍ ယခုတိုးများလာနေသည့် ၁၉၉၉ နှစ်သစ်ကူးသည့် သန်းခေါင်ချိန်တွင်ကမ္ဘာကုန်ဆုံးမည်ဟူ၍ ညွှန်ပြကြသည့် နောက်ဆုံးစီရင်ရာနေ့၏ပရောဖက် တစ်ယောက်ကိုမျှလည်းကောင်း၊ ယင်းနှင့်ဆိုင်သော လှုပ်ရှားမှုများကိုလည်းကောင်း သမ္မာကျမ်းစာက မထောက်ခံပါ။

သို့ရာတွင် ဤအမှောင်ထုလွှမ်းနေသော ဆိုးရွားသည့်အစီအစဉ်စနစ်၏အဆုံးသည် “ကုန်လု၍” ခရစ်တော်၏ အနှစ်တစ်ထောင်ကာလသည် “ရောက်လု” ပြီဖြစ်ကြောင်း လက်ရှိကမ္ဘာ့အခြေအနေများက ရှင်းလင်းပြတ်သားစွာ ဖော်ပြနေပါသည်။ (ရောမ ၁၃:၁၂) ထိုအချိန်ရောက်ရှိလာမည့် နေ့ရက်နာရီအတိအကျကို တွက်ချက်နေမည့်အစား ကပ်ကျော်နိုင်ရေးအတွက် ဘုရားသခင့်တောင်းဆိုချက်များကို သိရှိနားလည်ရန်အသိပညာဆည်းပူးဖို့အချိန်ကား ယခုပင်ဖြစ်ပေသည်။ (ယောဟန် ၁၇:၃) ဤနည်းအားဖြင့် “ငါ့ခမည်းတော်ထံ ကောင်းချီးမင်္ဂလာကိုခံသောသူတို့၊ ကမ္ဘာဦးကပင် သင်တို့အဖို့ပြင်ဆင်သောနိုင်ငံကိုလာ၍ အမွေခံကြလော့” ဟူ၍ ယေရှုပြောသူများအဝင် မည်သို့ဖြစ်လာရန် သင်ယူနိုင်ပါလိမ့်မည်။ (မဿဲ ၂၅:၃၄) လာလတ္တံ့သော ချမ်းမြေ့သာယာသည့်အနာဂတ်ကာလတွင် ကောင်းချီးများခံစားရမည့်သူအဝင်ဖြစ်လာစေရန် သင့်အား ယေဟောဝါသက်သေများ စိတ်စေတနာဖြင့် ကူညီနိုင်ကြပါသည်။b

[အောက်ခြေမှတ်ချက်များ]

a ကင်းမျှော်စင် သမ္မာကျမ်းစာနှင့်ဝေစာအသင်းထုတ်ဝေသည့် The Bible—God’s Word or Man’s စာအုပ်ကိုရှု။

b ဤမဂ္ဂဇင်းကိုထုတ်ဝေသူများထံ စာရေးအကြောင်းကြားခြင်းဖြင့် အခမဲ့ အိမ်တွင်းကျမ်းစာသင်တန်း စီစဉ်ပေးနိုင်ပါသည်။

[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]

ခမည်းတော်ထံ ကောင်းချီးမင်္ဂလာကိုခံသောသူတို့၊ ကမ္ဘာဦးကပင် သင်တို့အဖို့ပြင်ဆင်သောနိုင်ငံကို လာ၍ အမွေခံကြလော့”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ