ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၁၃ စာ. ၃၆-စာ. ၃၇ ပိုဒ်. ၆
  • ယေရှုကြုံရတဲ့ သွေးဆောင်မှုတွေကနေ သင်ယူနိုင်ရာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှုကြုံရတဲ့ သွေးဆောင်မှုတွေကနေ သင်ယူနိုင်ရာ
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုခံရသော သွေးဆောင်မှုများမှ သင်ခန်းစာ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • သွေးဆောင်မှုတွေကို တွန်းလှန်ရမယ်
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • ယေရှုပြုတော်မူခဲ့သကဲ့သို့ ‘စာတန်ကို ဆီးတားကြလော့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ယေရှုကို မာရ်နတ်စမ်းသပ်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၁၃ စာ. ၃၆-စာ. ၃၇ ပိုဒ်. ၆
မာရ်နတ်ရဲ့သွေးဆောင်မှုတွေကို ယေရှု ငြင်းပယ်

အခန်း ၁၃

ယေရှုကြုံရတဲ့ သွေးဆောင်မှုတွေကနေ သင်ယူနိုင်ရာ

မဿဲ ၄:၁-၁၁ မာကု ၁:၁၂၊ ၁၃ လုကာ ၄:၁-၁၃

  • ယေရှုကို စာတန်မာရ်နတ် သွေးဆောင်

ယောဟန်ဆီမှာ နှစ်ခြင်းခံပြီးတာနဲ့ ဘုရားသခင့်စွမ်းအားတော်က ယေရှုကို ယုဒတောထဲ ခေါ်သွားတယ်။ ယေရှုမှာ စဉ်းစားစရာ အများကြီး ရှိနေမှာပဲ။ သူနှစ်ခြင်းခံချိန်မှာ “ကောင်းကင်ပွင့်လာ” တယ်။ (မဿဲ ၃:၁၆) ဒါကြောင့် ကောင်းကင်မှာ သင်ယူခဲ့တာတွေ၊ လုပ်ဆောင်ခဲ့တာတွေကို ပြန်မှတ်မိလာတယ်။ သူ့မှာ စဉ်းစားစရာတွေ အများကြီးရှိမှာ အမှန်ပဲ။

ယေရှုဟာ ရက် ၄၀ လုံးလုံး တောထဲမှာ နေတယ်။ အဲဒီအချိန်အတွင်း ဘာမှမစားဘူး။ သူဆာလောင်နေတဲ့ အချိန်မှာ စာတန်မာရ်နတ် ရောက်လာပြီး သွေးဆောင်တယ်။ “မင်း ဘုရားသခင်ရဲ့သား မှန်ရင် ဒီကျောက်ခဲတွေကို မုန့်ဖြစ်စေလို့ အမိန့်ပေးလိုက်လေ” ဆိုပြီး ပြောတယ်။ (မဿဲ ၄:၃) ယေရှုက သူ့ဆန္ဒဖြည့်ဆည်းဖို့ အံ့ဖွယ်တန်ခိုးကို အသုံးပြုတာ မှားမှန်း သိထားတာကြောင့် သွေးဆောင်မှုကို တွန်းလှန်ခဲ့တယ်။

မာရ်နတ်က နောက်တစ်နည်းကို သုံးပြီး သွေးဆောင်ပြန်တယ်။ ယေရှုကို ဗိမာန်တော်အမိုးပေါ်ကနေ ခုန်ချလိုက်လို့ ပြောတယ်။ လူတွေ အထင်ကြီးအောင် ဒီလို အစွမ်းပြတဲ့ လုပ်ရပ်မျိုးကို ယေရှုမလုပ်ချင်ဘူး။ ဒါကြောင့် ဘုရားကို အဲဒီလို အကဲစမ်းတာ မှားတယ်လို့ ကျမ်းစာကို ကိုးကားပြီး ပြန်ပြောတယ်။

မာရ်နတ်က တတိယအကြိမ် သွေးဆောင်ပြန်တယ်။ ယေရှုကို “တိုင်းနိုင်ငံတွေနဲ့ ဘုန်းစည်းစိမ် အားလုံးကို ပြပြီးနောက် ‘ငါ့ကို တစ်ကြိမ်ပဲ ရှိခိုးဦးချမယ်ဆိုရင် ဒါတွေအားလုံး မင်းကို ပေးမယ်’” လို့ပြောတယ်။ ဒီတစ်ကြိမ်မှာလည်း ယေရှုက “စာတန်၊ ထွက်သွားစမ်း” ဆိုပြီး ပြတ်ပြတ်သားသား ငြင်းလိုက်တယ်။ (မဿဲ ၄:၈-၁၀) မှားတာလုပ်ဖို့ သွေးဆောင်ခံရတဲ့အခါ ယေရှု အလျှော့မပေးဘူး။ ယေဟောဝါဘုရား တစ်ပါးတည်းကိုပဲ ဝတ်ပြုရမယ်ဆိုတာ သူသိတယ်။ ဒါကြောင့် ဘုရားကို သစ္စာစောင့်သိဖို့ ရွေးချယ်ခဲ့တယ်။

ဒီသွေးဆောင်မှုတွေနဲ့ အဲဒါတွေကို ယေရှုရဲ့ တုံ့ပြန်ပုံကနေ သင်ယူစရာရှိတယ်။ မာရ်နတ်ဆိုတာ မမြင်နိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်ပြီး တကယ်ရှိတယ်။ ဒါ့အပြင် မာရ်နတ်က ကမ္ဘာပေါ်မှာရှိတဲ့ တိုင်းနိုင်ငံတွေကို ချုပ်ကိုင်ထားမှန်းလည်း သိရတယ်။ အဲဒီလိုသာ မဟုတ်ဘူးဆိုရင် ခရစ်တော်ကို ဒါတွေကမ်းလှမ်းပြီး သူသွေးဆောင်ပါ့မလား။

ဒါ့အပြင် ယေရှု တစ်ကြိမ်လေးပဲ ရှိခိုးဦးချလိုက်တာနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ တိုင်းနိုင်ငံအားလုံးပေးဖို့ အသင့်ပဲလို့ မာရ်နတ်ပြောတယ်။ ကျွန်တော်တို့ကိုလည်း မာရ်နတ် အဲဒီလို သွေးဆောင်နိုင်တယ်။ စည်းစိမ်ချမ်းသာ၊ အာဏာ၊ ရာထူးရဖို့ မက်လောက်စရာ အခွင့်အရေးတွေကို ကမ်းလှမ်းနိုင်တယ်။ ဘယ်လိုသွေးဆောင်မှုတွေပဲ လာလာ ဘုရားကို သစ္စာစောင့်သိနေခြင်းအားဖြင့် ယေရှုရဲ့ပုံသက်သေကို လိုက်လျှောက်တာက ပညာရှိရာရောက်တယ်။ ဒါပေမဲ့ မာရ်နတ်က ယေရှုကို သွေးဆောင်ပြီးနောက် ထွက်သွားပြီး “အခွင့်အခါကောင်းကို စောင့်နေတယ်” ဆိုတာ သတိပြုပါ။ (လုကာ ၄:၁၃) ကျွန်တော်တို့ကိုလည်း သွေးဆောင်ဖို့ အခွင့်အခါကောင်းကို သူစောင့်နေမှာပဲ။ ဒါကြောင့် အမြဲတမ်း သတိဝီရိယ ရှိနေရမယ်။

  • တောထဲမှာ ရက် ၄၀ ရှိနေချိန်အတွင်း ယေရှု ဘာအကြောင်း စဉ်းစားနေမလဲ။

  • မာရ်နတ်က ယေရှုကို ဘယ်လိုနည်းတွေနဲ့ သွေးဆောင်သလဲ။

  • သွေးဆောင်မှုတွေနဲ့ အဲဒါတွေကို ယေရှုရဲ့ တုံ့ပြန်ပုံကနေ ဘာသင်ယူစရာရှိသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ